spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကြောက်တရားနဲ့ ကင်းချင်ပြီ

Author

Date

Category

ဦးမြာ

ရှားတောမြို့နယ် စုစည်းရွာမှာနေတဲ့ အသက် ၂ရ နှစ်အရွယ် ကူးရယ်နိုရာဟာလည်း သူ့ရဲ့ ဇာတိမြေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သူတယောက်ပါ။ သုံးနှစ်သား အရွယ်ကတည်းက မိသားစုတွေနဲ့ ရှားတောမြို့နယ် ဒေါခရောအော့ရွာ ဇာတိမြေကနေ ထွက်ပြေးလာခဲ့ရတဲ့သူဖြစ်ပါတယ်။

″ ဖြတ်လေးဖြတ်တုန်းကကျနော်ကငယ်ငယ်လေးပဲရှိပါသေးတယ်။ ဘာမှလည်းမသိဘူး ကျတော် ရှားတောမှာပဲ ကြီးလာတယ်။ ကျတော် သုံးနှစ်လောက်ပဲ ရှိသေးတယ် အဲ့ဒီ ဖြတ်လေးဖြတ်တုန်းက အရမ်းရှူပ်ခဲ့တယ်လေ ″ လို့ဆိုပြီး သူ့ရဲ့ ဖြတ်လေးဖြတ်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြသွားပါတယ်။

ခူးကူးရယ်နိုရာဟာဆိုရင် ပညာကို ဆုံးခန်းတိုင်အောင် မဆည်းပူးနိုင်ခဲ့ပဲ ၂၀၀၆-၀ရ ခုနှစ်မှာ ၉တန်းကျောင်းသားဘဝနဲ့ ပညာသင်ဘဝကို ကျောခိုင်းခဲ့ရတယ်လို့ ဆိုုပါတယ်။

ပညာဆက်လက် မဆည်းပူးနိုင်တော့ပဲ တစ်နေ့မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ရင် နမ်းစိုက်ဖို့ နွားလှည်းမောင်းပြီး တောထဲသွားချိန်မှာ ၂၀၀၈ခုနှစ်မှာ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

″ ကျတော့်ကို ဖမ်းတော့ ကျတော့်ကို သူပုန်ကို ဆန်သွားပေးတယ်ဆိုပြီးတော့ပေါ့ ကျတော့်မှာက နွားလှည်းတစ်စီးပါတယ် အဲ့နွားလှည်းပေါ်မှာက ဆန်တွေပါတယ် ကျတော်က သွားပို့တာ မဟုတ်ဘူးလို့ပြောတော့ မရဘူး နောက်ဆုံးတော့ ကျတော့်ကို ဖမ်းသွားတယ် ကျတော့်ကို ၅၄ တပ်မှာ အကျဉ်းချုပ်ထားတယ် ″ လို့ ဆိုပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံရချိန် ၃လပြည့်ပြီးနောက် ၂၀၀၉ ခုနှစ်မှာ ထွက်ပြေးလာခဲ့ပြီး တောထဲရောက်သွားခဲ့ပြီး ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံရမှာထက် ဘဝကို စတေးပြီး ထွက်ပြေးခဲ့ရာမှ ဒုက္ခစည်စခန်း ရောက်ရှိသွားပြီး ဒုက္ခသည်ပညာရေးကို ဆက်လက်ဆည်းပူးခွင့် ရခဲ့တယ်လို့ သိရပါတယ်။

ဖြတ်လေးဖြတ်ခေတ်မှာ သေလုနီးပါးခံခဲ့ရပေမဲ့ ယခုအချိန်မှာ နိုင်ငံရေး ပြောင်းလဲတည်ငြိမ်လာမှုကြောင့် နေရပ်ကို ပြန်လာနေသော်လည်း တချို့သော ခူးကူးရယ်နိုရာအပါအဝင် ဒေသခံတွေမှာ အကြောက်တရားများ ရှိနေသေးတဲ့အတွက် နေရပ်ကို ပြန်လာသူ အနည်းငယ်သာ ရှိပါသေးတယ်။

ရှားတောမြို့နယ် ဒေါကလော်လဲ ကျေးရွာမှ ဦးစေရယ်က ″ ကျတော်တို့ ပြန်လာနေရင် ပြန်မောင်းထုတ်ခံရမှာ နှစ်ကြိမ်သုံးကြိမ် ထပ်ပြီးတော့ ဒုက္ခခံပြီးမပြေးနိုင်တော့ဘူးလို့ ပြောတဲ့လူတွေအများကြီးပဲတောင်ယာလယ်ယာတွေ အကုန်ကျန်သေးတယ် ဒါပေမဲ့စိတ်ဆင်းရဲတော့ နောက်တစ်ခါထပ်ကြုံရမှာစိုးရိမ်ကြတာပေါ့″ လို့ နေရပ်ကို ပြန်လာနေဖို့ အကြောက်တရားများ စိုးမိုးနေတဲ့အတွက် ပြန်မလာချင်တော့တဲ့ သူ့ရဲ့ ကျေးရွာသူ၊သားများ အကြောင်းကို ရှင်းပြပါတယ်။

ဒေါကလော်လဲကျေးရွာဟာဆိုရင် ယခင်နှစ်တွေမှာ အိမ်ခြေပေါင်း (၇၀) ကျော်ရှိပြီး ၉၆ခုနှစ် ဖြတ်လေးဖြတ်ခေတ်မှာ ကျေးရွာမီးရှို့ခံရတဲ့အတွက် ထွက်ပြေးပုန်းရှောင်ရာမှ ယခုချိန်မှာတော့ အိမ်ခြေ( ၁၃) လုံးသာ ပြန်လာနေထိုင်ကြတာကို တွေ့ရပါတယ်။

″ ဗမာစစ်တပ်တွေက ကျတော်တို့ကို အချိန်သုံးရက်ပဲ ပေးတယ်လေ သုံးရက်အတွင်း ထွက်ပြေးရတယ် မပြေးရင် တွေ့တဲ့သူအသေသတ်မယ်ဆိုပြီးတော့ပေါ့ အဲ့အချိန်ဆိုကျတော်တို့ ကလေးတွေကိုပဲကျောပိုးအိပ်ယာလိပ်တွေယူပြီးထွက်ပြေးရတယ် ″ လို့ဆိုပြီး သူထွက်ပြေးခဲ့ရပုံကို ပြောပြပါတယ်။

ယနေ့ခေတ် ဖေစိုးလေးဒေသနေ လူငယ်အများစုဟာ အကြောက်တရားများ ရှိနေဆဲဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေး၊ လူမျိုးရေးများအတွက် လုပ်ဆောင်နိုင်ဖို့ အခက်အခဲရှိနေပါသေးတယ်။

၁၉၉၅ ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် စစ်အစိုးရတို့ ပစ်ခတ်ရပ်စဲရေးပျက်ပြယ်သွားခဲ့ကြပြီးနောက် စစ်ပြန်တိုက်ခဲ့ကြတဲ့အချိန်မှာဘဲ ဖေစိုးလဲဒေသက ဒေသခံပြည်သူတွေ နယ်စပ်ပြေးသူကပြေး ၊ စုစည်းရွာကို ပြေးသူကပြေးခဲ့ကြရတဲ့အတွက် နေရပ်တွေကို စွန့်ခဲ့ကြရတာဖြစ်ပါတယ်။

အများဆုံးစစ်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် ယခုချိန်အထိ ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးမှုနောက်ကျကျန်ဆုံး ဖြစ်ခဲ့ရတဲ့ မြို့နယ် တစ်မြို့နယ်လည်း ဖြစ်ပါတယ်။

အခု အစိုးရသစ်လက်ထက်မှာတော့ ဖေစိုးလဲဒေသက လူငယ်တွေ ပြန်လည်စုစည်းဖို့ စတင်လာခဲ့ကြပါပြီ။

ရှားတောမြို့နယ် ဖေစိုးလေးဒေသဟာ အမှောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အတွက် လူငယ်တွေ ဒီဘဝကနေ လွှတ်မြောက်ဖို့အတွက် လူငယ်တွေမှာ တာဝန်ရှိတဲ့အတွက် ဖေစိုးလေး လူငယ်ဆိုပြီး လူငယ်အဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယခင် အပစ်ခတ်ရပ်စဲရေး မယူခင် ဖြတ်လေးဖြတ် မဖြစ်ခင် အချိန်ထိ ရှားတောမြို့နယ်ဟာ ကျေးရွာပေါင်း နှစ်ရာကျော်ရှိခဲ့ပြီး ဖြတ်လေးဖြတ် ကာလမှာ တကွဲတပြား ဖြစ်ပွားခဲ့မှုကြောင့် ယခု ပြန်လည်နေထိုင်ရာမှ ပြည်ထဲရေး အမည်ပေါက် စာရင်းအရ ၂၆ရွာသာ ရှိတော့တယ်လို့ သိရပါတယ်။

ကျေးရွာဇာတိဟောင်းကို ပြန်လာနေထိုင်တဲ့လူတချို့ကလည်း ကျေးရွာ ဖွဲ့စည်းပုံ အင်္ဂါရပ်တွေနဲ့ မညီသေးလို့ ပြည်ထဲရေးဌာနကနေပြီး ယာယီခိုလှုံခွင့် အိုးအိမ်နေရာ ပြန်လည်ရှာဖွေခြင်းလို့ပဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရှားတောနယ်မြေ ဒေသဘက်ကို ဖေစိုးလေး လူငယ် ကော်မတီအဖွဲမှ ကနေပြီးတော့ ဒီလိုအမှောင်နယ်မြေကနေ ၊ အကြောက်တရားကနေ လွှတ်မြောက်ဖို့ ကြိုးစားရုန်းကန်ပြီး ၂၀၁၄ ခုနှစ်က တကွဲတပြားဖြစ်နေကြရတဲ့ ရှားတောဒေသဘက်က လူငယ်လူရွယ်တွေ အခုချိန်မှာတော့ ပြန်လည် စုစည်းလာခဲ့ကြပါပြီ။

ဖေစိုးလေး လူငယ်ကော်မတီဟာဆိုရင် ကျေးရွာမှာရှိတဲ့ လူငယ်တွေ ၊ စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင် ခဲ့ကြတဲ့ လူငယ်တွေပါတယ်လို့ သိရပါတယ်။

လူငယ်တွေအနေနဲ့ ပြန်လည်စုစည်းနိုင်ဖို့ကိုလည်း ဦးစွာယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်တွေ ၊ ဒီးကူပွဲတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

″ တစ်ရွာပြီးတစ်ရွာလိုက်ပြီးစုစည်းတဲ့အခါ ဒီလောက်မလွယ်ဘူး။ ဒါကြောင့် ဒီလိုပွဲတော်တွေ အားကစားပွဲတော်တွေကိုလုပ်ပေးပြီးတော့ ပြောသွားတော့ ပိုထိရောက်သွားတယ်ပေါ့။ ″ လို့ အသက် ၂ရ နှစ် အရွယ်ရှိတဲ့ ဖေစိုးလေးလူငယ်မှ ခူးကူးရယ်(ခ) နိုရာက ရှားတောဒေသဘက်ရှိ လူငယ်များ စည်းလုံးမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ကို ပြောပြပါတယ်။

ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည်ထူထောင်ပြီးတဲ့နောက်မှာတော့ ပညာရေး ၊ကျန်းမာရေး ကဏ္ဍတွေအပိုင်းတွေကိုလည်း တစ်ဖက်တစ်လမ်း ပါဝင်ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကျေးရွာတွေမှာ ပြန်လာနေထိုင်တဲ့ သူတွေက ကလေးတွေဟာ ကျောင်းတက်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ ကျောင်းတက်ဖို့အတွက် ကျေးရွာမှာ ကျောင်းမရှိတာတွေ ၊ သွားရမည့် လမ်းခရီး ဝေးတာတွေကြောင့် ဖြစ်ပါတယ်။

ဒါကိုဖြေရှင်းနိုင်ဖို့ ရှားတောမြို့ပေါ်မှာဘော်ဒါဆောင်တစ်ဆောင်ကို လာမည့် ကျောင်းဖွင့်ရာသီ ဇွန်လမတိုင်မှီ လူငယ်တွေက ဦးစီးဦးဆောင်ပြီး ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကူးရယ်နိုရာက ပြောဆိုသွားပါတယ်။

ရှားတောမြို့ယ် ပညာရေးများ နိမ့်ကျဆဲဖြစ်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရကို ပညာရေးကဏ္ဍအနေဖြင့် ဒေသခံဝန်ထမ်းတွေနဲ့ ဦးစားပေး ဆောင်ရွက်ပေးဖို့အတွက် နဲ့ ဖေစိုးလေးဒေသ တိုးတက်ဖို့ တင်ပြတောင်းဆို လိုကြောင်းကိုလည်း ခူးကူးရယ်နိုရာက ယခုလို ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts