spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကေအဲန်ပီပီ NCA ရေးထိုးနိုင်ရေး လာမည့်ဩဂုတ်လအတွင်း အစိုးရနှင့် ထပ်မံညှိနှိုင်းမည်

Author

Date

Category

ဇူလိုင်လ ၁၂ ရက်နေ့က ကေအဲန်ပီပီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ အလွှတ်သဘောတွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓါတ်ပုံ-ငြိမ်းချမ်းရေးကော်မရှင်)

ခူးစိုးရယ်ဦး/ကန္တာရဝတီတိုင်း(မ်)

ကေအဲန်ပီပီမှ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် လာမည့် ဩဂုတ်လတွင် အစိုးရနှင့် ဆွေးနွေးညှိနှိုှုင်းသွားမည်ဟု KNPP၏ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ကေအဲန်ပီပီမှ NCA လက်မှတ်ရေးထိုးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း သဘောထားဆန္ဒများ ကွဲလွဲနေသေးတာကြောင့် NCA လက်မှတ်ရေးထိုးရေး နောက်ဆုတ်ထားသည်။

“NCA လမ်းကြောင်းပေါ်မှာပဲ ရှိသေးတော့ ကျွန်တော်တို့ NCA လက်မှတ် ရေးထိုးနိုင်ဖို့အတွက်က ညှိနှိုင်းနေဆဲပါ”ဟု ရွှေမျိုးသန့်က ပြောသည်။

ညှိနှိုင်းပြီး သဘောတူညီချက်များ ရရှိပါက ကေအဲန်ပီပီ၏ NCA ရေးထိုးနိုင်ရေး နီးစပ်လာဖွယ်ရှိနေသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချူပ် NCA သည် အင်အားစု အားလုံ၏ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် အစပြုပေးမည့် မှတ်တိုင်တစ်ခု ဖြစ်သည့်ဟု ယခုသတင်းပတ်အတွင်း ကျင်းပနေသည့်၂၁ ရာစုပင်လုံညီလာခံအဖွင့်နေ့မိန့်ခွန်းတွင် ပြောသည်။

“NCA ကို ဆက်ပြီးတော့ အမွေခံပြီး ဖော်ဆောင်တယ်၊ ဒီဖြစ်စဉ်ကြီးကို အောင်မြင်ဖို့အတွက်လည်း အားလုံးပါဝင်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်။”ဟု အတိုင်ပင်ခံပုဂိ္ဂုလ်က ပြောသည်။

တိုင်းရင်းသားနယ်မြေများတွင် ပြည်သူများမှာ အေးအေးချမ်းချမ်းမနေရဘဲ ငြိမ်းချမ်းရေးကို စောင့်ဆိုင်းနေသည်မှာ နှစ်ပေါင်း ၇ဝ ကျော်ရှိပြီသဖြင့် တိုင်းရင်းသားပြည်သူများကို အချိန်အများကြီး ထပ်မစောင့်ဆိုင်းခိုင်းချင်ကြတော့ပါဟုလည်း ၎င်းက တိုက်တွန်းသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဆွေးနွေးရန် တောင်းဆိုထားကြသည့် မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းလုံးညီညွတ်ရေး တပ်မတော် UWSA၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်း လာ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-ကိုးကန့်မအဖွဲ့ MNDAA၊ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရကိ္ခုင်တပ်မတော် AA တို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်လျက်ရှိပြီး အစိုးရနှင့် တရုတ်နိုင်ငံက ၎င်းတို့ကို NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းလျက်ရှိသည်။

NCA လမ်းကြောင်းထဲ အတူတကွသွားနိုင်ရေး အစုအဖွဲ့များ၏ သဘောထားတူညီချက်များသည် အရေးကြီးကာ ဆွေးနွေးညှိနှိုင်မှုဖြင့် အဖြေရှာကြရန်လိုသည်ဟု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်းမြတ်ထူးက ပြောသည်။

“ကျွန်တော်တို့ လိုလားတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို တစ်ပြည်ထောင်စုထူထောင်ရေးအတွက် ထပ်ပြီးတော့ အစုအဖွဲ့တွေ အားလုံးက ကြိုးကြိုးစားစားနဲ့ ဆွေးနွေးနေကြပြီဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

“ဖက်ဒရယ်”ဆိုင်ရာ သဘောတူညီချက်များ မရယူနိုင်သေးခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် နောက်နှေးနေစေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခင်က”ဖက်ဒရယ်”ဆိုသည့် ဝေါဟာရကို လုံးဝလက်မခံခဲ့သည့် ရပ်တည်ချက်ရှိသူများကလည်း ပြောင်းလဲလာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းဖို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးကတိကဝတ်ပြုထားကြပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

spot_img
spot_img

Recent posts