spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ရွာဟောင်း စစ်တပ်က ခြံစည်းရိုးခတ်ထားသည့်ကိစ္စ ဖြုတ်ပေးရန် ဒေသခံများတောင်းဆို

Author

Date

Category

ကိုရယ်

ခလရ (၁၀၂)တပ်ရင်းက အသုံးမပြုပဲ သိမ်းဆည်းထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာဟောင်းကို စစ်တပ်က ခြံစည်းရိုးခတ်ထားလိုက်သည့်ကိစ္စကို ဖြုတ်သိမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရအဖွဲ့ ထံ တောင်းဆိုတင်ပြထားသည်ဟု သိရသည်။

“ခြံစည်းရိုးခတ်တာတို့ တော့ တင်ပြတာပဲလေး။ သူတို့ရဲ့ သူတို့ဟာနဲ့သူတို့ သီးသန့်ဆောင်ရွက်နေတာပဲလေး။ ဒါပေမယ့်ဒါကိုတော့ ခရိုင်ကနေတော့ ခေတ္တရပ်ဆိုင်းပေးဖို့ အဲလောက်ပါပဲ။” ငွေတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းချိုက ပြောပါသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ က ငွေတောင်ရွာသို့ ဝန်ကြီးချုပ်ခရီးစဉ်အတွင်းမှာ သိမ်းဆည်းခံထားရသည့် ဒေသခံများက မြေပြန်လည်စွန့်လွှတ်ရန် ယခင်အစိုးရလက်ထက်ကပင် တောင်းဆိုတင်ပြထားသည့် ငွေတောင်ရွာဟောင်းကိစ္စ ရပ်ကို ယခုလို ခြံစည်းရိုးခတ်ပြီးလုပ်ငန်းပြန်လည်စတင်ခြင်းသည် လယ်ယာမြေဥပဒေနှင့် မကိုက်ညီကြောင်း၊ ပြည်နယ်အစိုးရမှ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုသွားခဲ့ကြသည်။

ငွေတောင်ကျေးရွာမှ ရွာမိရွာဖ ဦးကျော်ဝင်းက “ အများပြည်သူကတော့အမှန်တကယ် ဆုံးရှုုံးနစ်နာခဲ့ရပြီးပြီ၊ ဘဝတွေလည်းပျက်ကုန်ပြီ အခုအေးချမ်းပြီဆိုတော့ ကျွန်တော်ကတော့ကျေးရွာလူထုအနေနဲ့ ဒီနေရာမှာ ပြန်လည်လုပ်ကိုင်စားသောက်ခွင့် ပြန်ရစေချင်တယ်ပေါ့။ အဲတော့ဒီမြေကိုဘဲရွာသူ/သားအားလုံးကိုဘဲ ပြန်ပေးအပ်ချင်တယ် ဒါကျွန်တော်ရဲ့ ဆန္ဒပါ” ဟုပြောသည်။

ခလရ ၁၀၂မှ ငွေတောင်ရွာဟောင်းမြေကို ခြံစည်းရိုးခတ်ထားသည့် မြင်ကွင်းတခု

ဒေသခံများ အခြေချ နေထိုင်ခဲ့တဲ့ ဘိုးဘွားပိုင်မြေကို (၁၀၂) တပ်မှ သိမ်းဆည်းထားခြင်းကို လုံးဝလက်မခံနိုင်သည့်အပြင် ခြံစည်းရုံးကာရံနေခြင်းကိုလည်း လုံးဝ ကန့်ကွက်ကြောင့် အဆင့်ဆင့်တင်ပြခဲ့သည်ဟုသိရသည်။

တပ်၏ဘတ်ဂျက်လုပ်ငန်းအရ ပေ ၄၀ဝ အကျယ်အဝန်းကို ခြံစည်းရိုးဆက်လက်ကာရံသွားရန် အထက်မှ အမိန့်ပေးမှုကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မေလ ၉ရက်နေ့က တပ်မှ တာဝန်ရှိသူတစ်ဦး ဒေသခံများကို ပြောဆိုသွားသည်ဟု သိရသည်။

Advertisement

ခလရတပ်သိမ်းဆည်းထားသည့် ငွေတောင်မြေရွာဟောင်းပြန်လည်စွန့်လွတ်ပေးရန် ယခင်အစိုးရလက်ထက်ကပင် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ (၄)ကြိမ်၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို ပေးပို့သည်မှာ စုစုပေါင်း (၇) ကြိမ်ရှိပြီးဖြစ်သည်ဟု သိရသည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မြေမြုပ် ဗုံးတလုံးကို တပ်ရင်းမှူးသမီးဖြစ်သူ လိုက်ပါစီးနှင်းလာတဲ့ကားမှ နှင်းမိရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို အကြောင်းပြပြီး စစ်တပ်က ငွေတောင်ရွာဟောင်း ကျေးရွာ၏လမ်းဘေးဝဲယာရှိ ခြံများ၊ အိမ်များ စုစုပေါင်း ၄ဝ ကျော်ကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြစ်သည်။

spot_img
spot_img

Recent posts