spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသအာဏာပိုင် တရားဝင် အသိအမှတ်မပြုသေးသည့်ကြားက ဆယ်တောရိုကျောင်း ဖွင့်လှစ်

Author

Date

Category

ခူးစိုးရယ်ဦး

ပြည်ထောင်စုအဆင့်က နုတ်ဖြင့် အသိမှတ်ပြုထားသော်လည်း ဒေသအစိုးရပြည်နယ်အဆင့်အသိမှတ်ပြုပေးရန် လိုအပ်နေကြောင်း ဆယ်တောရိုကျောင်း တည်ထောင်သူ ဆရာခူးထဲဘူးက ပြောသည်။

အစိုးရစာသင်ကျောင်းတွင် ပညာသင်ကြားနေသော အခြေခံပညာအဆင့်ကျောင်းသူ/သားများကို ဆယ်တောရို၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များနှင့်အတူ လူမှုသိပ္ပံဘာသာရပ်များကို တွဲဖက် လေ့ကျင့်သင်ကြားပေးနိုင်ရန် တည်ထောင်သူများက ရည်ရွယ်ထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ပညာရေးအစီအစဉ်တစ်ခုဖြစ်သော ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးစင်တာကျောင်းကို ၂၀၁၈ ဇွန်လ ၉ နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ၉၅ ဦး စတင်ခေါ်ယူထားပြီး ၎င်းတို့က ဆယ်တောရိုကျောင်းတွင် နေထိုင်ပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့ရှိ အစိုးရစာသင်ကျောင်းသို့ သွားရောက်ပညာသင်ကြားမည်ဖြစ်သည်။

အဆိုပါကျောင်း စတင်ဖွင့်လှစ်ရန် စီစဉ်နေသည့်ကာလအတောအတွင်း အစိုးရ၏ ကန့်ကွက်မှုကြောင့် ဖွင့်လှစ်နိုင်ရေး ကြန့်ကြာမှု ရှိခဲ့သည်။

ယခင်အစိုးရလက်ထက်ကတည်းက ဆယ်တောရိုကျောင်းဖွင့်နိုင်ရန် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့၏ သဘောတူညီချက်များ ရရှိထားသည်။

ဆယ်တောရိုကျောင်းတွင် အဓိက အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများ ပို့ချပေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

“အစိုးရ အသိမှတ်ပြုခြင်း မပြုခြင်းကတော့ အစိုးရနဲ့ပဲ ဆိုင်ပါတယ်၊ ဆယ်တောရိုကျောင်းကို လူထုအနေနဲ့ အသိမှတ်ပြုနေသ၍ ကာလပတ်လုံး ကြိုးစားဆောင်ရွက်သွားမယ်” ဟု ဆရာထူးချစ်က ဆယ်တောရိုကျောင်းဖွင့်ပွဲတွင် ပြောကြားသည်။

ဆယ်တောရိုကျောင်းမြေနေရာအတွက် ကျေးရွာမိဘပြည်သူများ ပေးအပ်သော မြေနေရာနှင့် လူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ ဖွင့်လှစ်နိုင်ရေး အထမြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ၌ ဆယ်တောရိုကျောင်းတက်ရောက်မည့်သူ နော်ခင်ဘီက “ဒီဆယ်တောရိုကျောင်းမှာ စည်းကမ်းကြီးတယ်၊ မသိသေးတဲ့လူနဲ့ သိသွားတယ် ၊ မတတ်သေးတဲ့အရာတွေလည်း တတ်သွားတယ် နည်းစနစ်အစုံပဲမို့ သမီးတို့အတွက် အရမ်းကောင်းမွန်တဲ့ နေရာတစ်ခုပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ ဆယ်တောရိုကျောင်းမှာ လာရောက် ကလေးအပ်သူ ထီးဖိုးကလိုးရွာမှ ဦးရောလေကလည်း “အိမ်မှာ သူ့ကို ထားပြီး ကျောင်းတက်ခိုင်းမယ်ဆိုရင် ကျောင်းစရိတ်မတတ်နိုင်ဘူး ပြီးတော့ မကောင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပေါင်းမှာစိုးလို့ ဒီကျောင်းမှာ လာပို့တာပါ။” ဟု ၎င်းက ပြောသည်။

၎င်းကျောင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးပေါ်ဆိုကျေးရွာအနီးတွင် တည်ထောင်ထားသည်။

spot_img
spot_img

Recent posts