Friday, December 4, 2020

နေအိမ်သုုံး သစ်များကိုု ဒေသအာဏာပိုုင်၏ ညှိနှိုင်းမှုဖြင့် ထုုတ်ယူခွင့်ပြုမည်

Must read

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

အိမ်သုုံးသစ်များကိုု ၂၀၁၅ ခုုနှစ်ကာလက ဖါးဆောင်းမြို့ သံလွင်မြစ်မှတဆင့် သယ်ယူနေကြစဉ်(ဓါတ်ပုုံ-စိုုင်းလင်းလင်းဦး)

ခူးစိုုးရယ်ဦး

ဒေသခံအတွက် အိမ်သုုံးသစ်များကိုု ဒေသန္တရအုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းပြီး ထုတ်ခွင့်ပြုမည်ဟုု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

နိုုင်ငံ၏ မူဝါဒအရ သစ်ထုုတ်လုုပ်ခွင့်များကိုု ပိတ်ထားသော်လည်း ဒေသခံပြည်သူများ အိမ်သုံးသစ်များ ထုတ်ယူလိုလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ၊ ကျေးရွာဥက္ကဌတို့နှင့် တွေ့ဆုံတိုင်ပင်ရမည်ဖြစ်သည်။

သိုု့သော် သက်ဆိုင်ရာခွင့်ပြုချက်မရဘဲ စီးပွားရေးဖြစ် ထုုတ်လုုပ်နေပါက အရေးယူသွားရမည်ဟု ဝန်ကြီးက ပြောသည်။

ကယားပြည်နယ်အတွင်း တရားမဝင်စီးပွားဖြစ် သစ်ထုတ်လုပ်မှုများ ပပျောက်ရေး၊ မူဝါဒနှင့် အညီ လုပ်ကိုင်သူများကို ပံ့ပိုးပေးရေး၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သူများကို အားပေးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်အလိုက် သစ်သယ်ယူသုံးစွဲမှုများနှင့်ပတ်သက်၍ ဩဂုုတ်လ တတိယအပတ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက နေအိမ်ဆောက်လုပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများ၌ အမှန်တစ်ကယ် လိုအပ်သော သစ်များသယ်ဆောင်ရာတွင် ဖမ်းဆီးအရေးယူမှု ခံနေရခြင်းကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စီမံဆောင်ရွက်ပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့အိမ်ဆောက်ဖို့အတွက်ဆို သစ်ယူလို့ရတယ်၊ ကျွန်တော်တို့ နားလည်မှုနဲ့ ခွင့်ပြုပေးထားတယ်၊ ဒါပေမယ့် ခွင့်ပြုချက်စာတော့ မပေးနိုင်ဘူး”ဟု ဝန်ကြီး ဦးတီရယ်က ပြောသည်။

ပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တောတွင်းရှိ ကိုင်းဖျားကိုင်းနားသစ်များကို ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲနိုင်ရေး ပြည်ထောင်စုသို့ တင်ပြတောင်းခံသွား မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပုံစံ(၈)ဝင် သစ်များ လေလံပစ်ရာတွင်လည်း တရားဝင်သစ်ခွဲစက်များ အားလုံး လေလံအောင်မြင်မှုရှိ/မရှိ၊ မည်သည့်သစ်များဖြင့် ခွဲစိတ်ဆောင်ရွက်နေသည်ကို စိစစ်ဖို့လိုကြောင်း သက်ဆိုင်ရာဝန်ကြီး နှင့် ပြည်နယ်သစ်တော ညွှန်မှူးတို့မှ အစီအမံများဖြင့် ပြန်လည်တင်ပြရန် ၎င်းက လမ်းညွှန်မှာကြားပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ပြည်နယ်/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ကြသည်။

Comments

comments

- Advertisement -
- Advertisement -

Latest article

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်

ကန္တာရဝတီတိုင်း(မ်) နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

Comments

comments