spot_imgspot_imgspot_imgspot_img
Wednesday, July 2, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးတွင် တရားမဝင်သတ္တုတူးဖေါ်မှုပပျောက်ရန် ပြည်နယ်အစိုးရ ဒေသခံ လုပ်ငန်းရှင် သုံးပွင့်ဆိုင်ဆွေးနွေး

Author

Date

Category

လင်းသန့်

မော်ချီးသတ္တုတွင်း စီမံကိန်းနယ်မြေအတွင်း တရားမဝင်သတ္တုတူးဖော်နေမှုနှင့် တရားမဝင် သတ္ထုရောင်းဝယ်မှုများ ပပျောက်စေရေးအတွက် ကယားပြည်နယ်အစိုးရနှင့် ဒေသခံ၊ လုပ်ငန်းတာဝန်ရှိသူများ နိုဝင်ဘာလ ၃ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သတ္ထုတွင်းအတွင်း အသက်မွေးဝမ်းကြောင်းပြု မှီတင်းနေထိုင်ကြသည့် အခြေခံကျင်းလုပ်သားမျာ အဆင်ပြေချောမွေ့စေရေးအတွက် မြေပြင်အခြေအနေတွင်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အခက်အခဲများနှင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ကျင်းဦးစီး၊ ကျင်းလုပ်သားများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း၊ ဥပဒေများ သိရှိနားလည် သဘောပေါက်စေရေးအတွက်  ဖားဆောင်းမြို့နယ်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မော်ချီးသတ္တုတွင်းစီမံကိန်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။  

အသစ်ဖေါက်လုပ်ထားသည့် မော်ချီးသတ္တုတွင်းကို ပြည်နယ်အစိုးရအဖွဲ့ သွားရောက်လေ့လာစဉ်(ဓါတ်ပုံ-U Sai Gyi-fb)

မော်ချီးဒေသအတွင်း တရားမဝင် သတ္တုရောင်းဝယ်မှု ပပျောက်နိုင်ရေးအတွက် ကုမ္ပဏီမှ ခဲသတ္တုဈေးများ တိုးမြှင့်ပေးနိုင်ရေးအတွက် စီစဉ်ပေးမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောသည်။

အစိုးရအနေဖြင့် သတ္တုနှင့်ပတ်သက်ပြီး နိုင်ငံတော် ဘဏ္ဍာငွေများ ရှုံးဆုံးလေးလွင့်ခြင်းမရှိအောင်    စီမံဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မော်ချီးခဲသတ္တုထုတ်လုပ်ခြင်းလုပ်ငန်းများ အခက်အခဲပြဿနာများရှိပါက ပြည်သူများနှင့် ပူးပေါင်းအဖြေရှာသွားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

မော်ချီးသတ္ထုတွင်း စီမံကိန်းနယ်မြေအတွင်း လက်လုပ်လက်စားနှင့် ကျင်းဦးစီးများ တူးဖော်ရရှိသည့် အဆင့်နိမ့်သတ္ထုကုန်ကြမ်းများကို ယခုနှစ် ဒီဇင်ဘာလ ၁၁  ရက်နေမှ စတင်ပြီး သတ္ထုသားပါဝင်မှု ၂ဝ ရာခုန်းနှုန်းအထက် သတ္တများအား ဝယ်ယူစုဆောင်းသွားမည်ဟုဆိုကာ ဈေးနှုန်းမျာကိုလည်း တရားမဝင်သတ္ထုဝယ်ယူနေသူများနှင့်အပြိုင် ဒီဇင်ဘာလမှစ၍ ဝယ်ယူပေးသွားမည်ဟု တွေ့ဆုံပွဲတွင် ကယားပြည်နယ်သတ္ထုထုတ်လုပ်ရေးကုမ္ပဏီ(KMPC)က တင်ပြခဲ့သည်။

ထို့အပြင် မော်ချီးသတ္ထုတွင်း စီမံကိန်းတွင် ကမ္ဘာ့သတ္ထုပေါက်ဈေး၊ ကုမ္ပဏီကပေးသည့် သတ္ထုဈေးနှိုင်းယှဉ်ချက်ဇယားများကို LED Billboard များဖြင့် ဖော်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KMPC က ဆိုသည်။

သတ္ထုတွင်းဦးစီး ဌာန ပြည်နယ်ဦးစီးမှူး၊ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်း၊ မန်နေဂျာ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေး ပြည်နယ်ဦးစီးမှူးတို့မှ ဌာနအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကျင်းဦးစီးများ၊ ကျင်းလုပ်သားများ တက်ရောက်ခဲ့သည်။

spot_img
spot_img

Recent posts