spot_img
Friday, September 29, 2023
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသရှိ နေအိမ်အချို့နှင့် လမ်းများ ပျက်ဆီး

Author

Date

Category

နော်ဒွေးအယ်ခူ

ယမန်နေ့က မိုးရွာအဆက်မပြတ်ရွာပြီးနောက် မော်ချီးဒေသရှိ ကျေးရွာအနှံ ့အပြားတွင် နေအိမ်အချို့နှင့် လမ်းများ ပျက်ဆီးသလို မြေပြိုမှုလည်းဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ၁၃ကုန်းမြောက်ဘက် KB1မြေဧရိယာထဲမှာဖြစ်တယ် အဲဒါက အန္တရာယ်ဇုန်လို့သတ်မှတ်ထားတဲ့နေရာ။ အခုလည်း လိုခါးလိုဖက်မှာလည်းပြိုတယ် တောင်ပေါ်သွားတဲ့လမ်းလည်းပြိုတယ် ကားလမ်းတွေပိတ်ထားတယ် သွားလာလို့မရဘူး။ လိုခါးလိုကွက်သစ်မှာ အိမ်တစ်လုံးပြိုသွားတယ်လို့ ပြောတယ်။ ရွှေဥဒေါင်းဖက်မှာလည်းပြိုတယ်လို့ပြောတယ် နေရာအနှံ့အပြား ပြိုနေတယ်” လို့ ဒေသခံတစ်ဦးဖြစ်သလို ပပွာကလူ ကရင်လူမှုဖွံ ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ဥက္ကဌ နော်မားကရက်စိန်ကပြောပါတယ်။

အခု မြေပြိုမှုဖြစ်ပွားမှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ယမန်နေ့က မြေပြိုမှုကြောင့် မောချီးဒေသတွင် ပျက်စီးဆုံးရှုံးသွားသည့် နေရာများမြင်တွေ့ရစဉ် (ဓာတ်ပုံ – ဒေါ်မားဂရက်စိန် facebook)

မော်ချီးဒေသမှာ မြေပြိုမှုကနေ အကာအကွယ်ပြုလုပ်ဖို့ ၈ နေရာရှိတယ်လို့ မော်ချီးဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်စောင့်ရှောက်ရေးကော်မတီကလည်းထုတ်ပြန်ထားပါတယ်။

လက်ရှိမြေပြိုမှာဖြစ်နေတဲ့နေရာအချို့ကလည်း သတ်မှတ်ထားတဲ့ ၈နေရာက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ဩဂုတ်လ ပထမပတ်အတွင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မောချီးသတ္တုတွင်း ကျဉ်းလုပ်ငန်းတချို့ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။

မြေပြိုမှုဖြစ်ပွားနေတာကြောင့်
ရပ်ဝေးမှ အလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြား မိမိဒေသ ကိုပြန်နေကြတယ်လို့ နော်မားကရက်စိန်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက မောချီးဒေသသတ္တုလုပ်ငန်းခွင်တွင် အန္တရာယ်ရှိသည့် လုပ်ငန်းများပိတ်သိမ်းပေးရန် မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။ သို့သော် ဝန်ကြီးအနေနဲ့ ကုမ္ပဏီသက်တမ်းတိုးရှိနေတဲ့အတွက် ၎င်းနေရာတွေကို ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးကြပ်မတ်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၈၅ခုနှစ် မှာ ပထမအကြိမ်၊ ၁၉၈၈ခုနှစ် မှာ ဒုတိယအကြိမ် နဲ့ ၂၀၁၅ခုနှစ်မှာ တတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ လူနေအိမ်များ ပျက်ဆီး ခဲ့ရတယ်လို့ သိရပါတယ်။

Recent posts