spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မွေးစာရင်းမပါလျှင်လည်း ကျောင်းနေအရွယ် ကလေးများကို ကျောင်းအပ်လက်ခံပေးမည်

Author

Date

Category

ခူးစိုးရယ်

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ KG ကျောင်း လာအပ်နှံမည့် ကျောင်းသားများအတွက် မွေးစာရင်းမရှိသေးရင်လည်း လက်ခံပေးသွားမည်ဟု ဒီးမော့ဆိုမြို့နယ် ဒုလက်ထောက်ပညာရေးမှူး ဦးခင်မောင်လှက ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသော ကျောင်းနေအရွယ်ကလေးများကို မွေးစာရင်းမပါလျှင်လည်း ကျောင်းအပ်လက်ခံရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း ဆိုသည်။

သို့သော် ကလေးများ ကျောင်းအပ်နှံရာ၌ မွေးစာရင်းလက်မှတ်၊ အိမ်ထောင်စုစာရင်းတို့ တင်ပြရန်သတ်မှတ်ထားသော်လည်း မွေးစာရင်းမရှိသေးသော

ကလေးငယ်များအတွက်မူ မိဘဝန်ခံချက်ဖြင့် ကျောင်းအပ်ခွင့်ပြုပေးမည်ဖြစ်သည်။

ကျောင်းအပ်နှံရလွယ်ကူရန် လိုအပ်သည့် မွေးစာရင်း အထောက်အထားများ ရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)တို့ မွေးစာရင်းထုတ်ပေးသည့် ဌာနများက အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပေးကြရန် ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

“အရင်တုန်းကဆို မွေးစာရင်းမရှိလို့ အကြောင်းမျိုးမျိုးကြောင့် ကျွန်တော်တို့ လက်ခံမိမယ်ဆိုရင် အထက်က ပြောမှာ စိုးရိမ်ရတယ်။ အခုတော့ အဆင်ပြေလာပြီ။” ဟု ဦးခင်မောင်လှက ပြောသည်။

အသက် ၅ နှစ်ပြည့်ပြီးသူများကို KG အတန်းမှစ၍ လက်ခံပေးမည်ဖြစ်ကာ KG မတက်ဖူးသေးသော်လည်း အသက် ၆ နှစ်ပြည့်ပါက Grade 1 သို့ တိုက်ရိုက်တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။

ယခင်နှစ်များက သူငယ်တန်းကလေးများ ကျောင်းလာအပ်ချိန်၌ မွေးစာရင်းမပါသောကြောင့် အခြေခံကျောင်းများတွင် အထက်က ညွန်ကြားထားသည့်အတိုင်း လက်ခံခွင့်မရှိ၍ ကလေးမိဘများက တရားရုံးထိ သွားရောက် ကျမ်းကျိန်ခဲ့ရသည့်အဖြစ်မျိုး ကြုံခဲ့ရသည်။

အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးကို သီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းအပ်လက်ခံမည်ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား/သူအားလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံစီ၊ မူလတန်းကျောင်းသား၊သူများ ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ်တစ်စုံစီ ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts