spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဦးကျော်သန်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

မေး ။  ။ ဆရာတို့ ကော်မတီကို ဘယ်တုန်းက စတင် ဖွဲ့စည်းလိုက်တာလဲ။

ဖြေ။   ။ ကော်မတီကတော့ ဖွဲ့စည်းလိုက်တာကြာပြီ။ ဒီနေ့ရယ် နှစ်ရက်သုံးရက်လောက်ရှိပြီးပေါနော ကော်မတီရဲ့ ၆ ဦးစီ တွေ့ဆုံဖို့ ပြန်လည်ရွေးချယ်တာလေ။ ကော်မတီကတော့ ဖွဲ့စည်းတာတော့ ကြာပါပြီ။

မေး။  ။ ဒီကြေးရုပ်က ၂၀၁၈ ကတည်းက တည်ဖို့ လုပ်ထားတာဆိုတော့လေ ဆရာတို့က ၂၀၁၈ ကတည်းက ဖွဲ့ထားတာလာ။

ဖြေ ။  ။ ဟုတ်ပါတယ်။

မေး ။  ။ ဒီကြေးရုပ်ဖြစ်မြောက်ရေး ကေ်ာမတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။

ဖြေ ။  ။ ကျတော်တို့က ရည်ရွယ်ချက်က ဒီကော်မတီက ဗိုလ်ချုပ်ရဲ့ သမိုင်းပေါ့နော။ မြန်မာနိုင်ငံသာမက ကမာ္ဘက အလေးအထားလေးစားရတဲ့ ပုဂိ္ဂုလ်၊ လွတ်လပ်ရေးဖခင်ကြီးကို နှောင်လာနောက်သားအတွက် သိအောင်၊မြင်အောင်၊ ကြားရုံနဲ့မက ရုပ်ပုံမြင်အောင် သိအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

မေး ။  ။ ၂၀၁၈ ကတည်းက အစိုးရက ဆရာတို့ကို ကြေးရုပ်ဖြစ်မြောက်ဖို့ လွဲပေးလိုက်တာလား။

ဖြေ ။  ။ သူတို့က လွဲပေးတာက ဘယ်လိုပြောရမလဲဆိုတော့ ကော်မတီ ဖွဲ့ပြီးမှပေါ့နော အစိုးရကနေ မလုပ်ပဲနဲ့ ကျတော်တို့ အရပ်သားပုဂိ္ဂုလ်တွေပဲ လွဲပေးတာလေ။ လွဲလို့ ကျတော်တို့ အရပ်သား လူမှုရေး အသင်းအနေနဲ့ အရပ်သား ပြည်သူတွေ တာဝန်သိ၊ ရှိတာတော့ မဟုတ်ဘူးပေါ့ တာဝန်သိပြည်သူအနေနဲ့ ကိုင်ပြီးမှ ကော်မတီဖွဲ့ပြီးမှ ကြေးရုပ်ဖြစ်မြောက်ရေးအတွက်ကို ပြန်လည်ပြီးမှ လုပ်တာလေ။

မေး ။  ။ ဒီကြေးရုပ်ကလည်း ကန့်ကွက်မှုတွေ ရှိနေတယ်ပေါ့နော။ ဆရာတို့ မြင်တဲ့အတိုင်းပါပဲ။ ၂၀၁၈ တုန်းကလည်း ဝန်ကြီးချုပ် ပြောခဲ့တယ်လေ။ ညှိနှိုင်းပြီးမှ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ၂၉  ရက်နေ့မှာပဲ ကြေးရုပ်က ရောက်လာတယ်ဆိုတော့ ဆရာတို့ဘယ်လိုလုပ်ဖြစ်တာလဲပေါ့။

ဖြေ ။  ။ ကယားပြည်နယ်မှာ ရှိတဲ့ မြို့တွင်းက ရပ်မိရပ်ဖတွေနဲ့ ပရဟိတ အဖွဲ့တွေနဲ့ပေါ့နော ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးမှ သဘောတူညီမှု ရယူပြီးမှ ဒီဟာကို တည်ထောင်ဖြစ်တာပါ။

မေး ။  ။ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ဆရာတို့ ဘယ်လိုလုပ် လုပ်ဖြစ်တာလဲပေါ့။

ဖြေ ။  ။ ကန့်ကွက်မှု ရှိသလိုလည်း ထောက်ခံမှုကလည်း ရှိတယ်လေ။ ထောက်ခံမှု ရှိသလို ကန့်ကွက်မှုရှိတော့ ပြန်ချိန်ဆကြည့်တော့လည်း ကန့်ကွက်မှုနဲ့ ဒီထောက်ခံမှုက ထောက်ခံတဲ့လူက များပြားနေတဲ့အတွက်ကို ဒါပြည်သူအကျိုးအတွက် အများကြီး အကျိုးပြုမယ်ဆိုတဲ့ အနေအထားမျိုး မြင်လို့ ဒီဥစ္စာကို ဆုံးဖြတ်ပြီးမှ တည်ထားလိုက်တာလေ။

မေး ။  ။ ထောက်ခံတဲ့သူ ပိုများတယ်လို့ ဆရာပြောသွားတယ်ပေါ့နော။ ဆရာတို့ ဘယ်လိုမျိုးရွေးချယ်တာလဲပေါ့။ မဲဆန္ဒကောက်ယူတာလား သို့မဟုတ် ဘယ်လိုမျိုး ရွေးချယ်ပြီး ထောက်ခံတဲ့သူ ပိုများတယ်လို့ ပြောလို့ရတာလဲ။

ဖြေ ။  ။ သတင်းအချက်အလက်မှာလည်း တက်လာတာပေါ့။ လူသုံးထောင်ကျော် နှစ်ထောင်ကျော် အဲ့လိုမျိုးတွေပေါ့နော ကျတော်တို့ ကြည့်လိုက်တာတာလေ။ အဲ့လိုမျိုးကို။

မေး ။  ။ အဲ့ဒါက ဒီထောက်ခံပွဲလုပ်တာတို့၊ ကန့်ကွက်ပွဲ လုပ်တာတို့ကို ကြည့်ပြီးတော့မှ ပိုများတယ်လို့ အတည်ပြုလိုက်တာလား။

ဖြေ ။  ။ အဲ့လိုမျိုးပဲပေါ့ အတည်ပြုလိုက်တာက ထောက်ခံပွဲအပေါ်မှာ မူတည်ပြီးတော့မှ အတည်ပြုလိုက်တာပေါ့။

မေး ။  ။ ဒီဖြစ်မြောက်ရေး ကော်မတီအနေနဲ့ ကြေးရုပ်ကို သယ်ဆောင်လာတဲ့အခါမှာ ဘယ်လိုမျိုး သယ်ဆောင်လာခဲ့တာလဲ။

ဖြေ ။  ။ ကျတော်တို့က သယ်ဆောင်လာတာက နေ့လည်ကြောင်တောင်မှာပဲ သယ်လာတယ်။ ကြေးရုပ်ကို ကားတံခါးပိတ် မိုးကာနဲ့အုပ်ပြီးတော့မှ သယ်လာတာမျိုး မဟုတ်ဘူးပေါ့နော။ ကြေးရုပ်ကို စလောင်းကတည်းက ကျတော်တို့က နှစ်ခြမ်းခြမ်းပြီးတော့မှ လောင်းတာလေ။ ကိုယ်လုံးအပေါ်နဲ့ မြင်းအစီးလိုက် သယ်ဆောင်လာတာက ကျတော်တို့က လမ်းပေါ်မှာ မီးကြိုးတွေ ဖြတ်သန်းဖြတ်လာမှုကို အန္တာရယ်ပြုစေနိုင်တဲ့အတွက် အခက်အခဲ တွေ့ကြုံနေတဲ့အတွက်ကြောင့်မို့လို့ ကျတော်တို့က ကြေးရုပ်ကို လောင်းကတည်းက အခြမ်းလိုက်လောင်းပြီးတော့မှ ကားပေါ်မှာ သယ်ဆောင်လာတာလေ။

မေး ။  ။ ဒီကြေးရုပ်ကို မသယ်လာခင်မှာရော ဒီပြည်နယ်အတွင်းမှာ ရှိတဲ့ တခြားသော အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းခဲ့တာတွေ ရှိလား။

ဖြေ ။  ။ ရှိပါတယ်။ အဲ့လိုတွေ ရှိပါတယ်။

မေး ။  ။ ဟုတ်ကဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းခဲ့လဲ။

ဖြေ ။  ။ အခု ကျတော်တို့ လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။

မေး ။  ။ ကန့်ကွက်ကလည်း ၂၀၁၈ ကတည်းက ရှိနေတယ်ဆိုတော့ ကန့်ကွက်နေတဲ့ သူတွေကိုရော အသိပေးတာမျိုးတွေ ရှိခဲ့လား။

ဖြေ ။  ။ အဲ့ဒါကတော့ ကျတော်တို့အဖွဲ့မှာ ဥက္ကဌဆိုတာ ရှိတယ်ပေါ့နော သူတို့ကညှိနှိုင်းမှု ရှိမရှိဆိုတာကိုတော့ ကျတော်မသိရပါဘူး။

မေး ။  ။ ကြေးရုပ်ကို သယ်ဆောင်တဲ့အချိန်မှာ ဆရာတို့ပဲလား။ သို့မဟုတ် အစိုးရအဖွဲ့တွေကော ပါသလား။

ဖြေ ။  ။ အစိုးရအဖွဲ့မပါဘူး။ ကျတော်တို့ ကော်မတီကပါပဲ။

မေး ။  ။ ပြီးခဲ့တဲ့ ၁၂ ရက်နေ့မှာလည်း ကန့်ကွက်မှုလုပ်ကြတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။  ။ ၁၂ ရက်နေ့ ကန့်ကွက်မှု ရောက်လာတဲ့ အတိုင်းအတာအရတော့ ကျတော်တစ်ဦးတစ်ယောက် အနေနဲ့ မြင်တာကပေါ့နော ဒီလိုမျိုးက သူတို့အနေနဲ့ တိုင်းရင်းသားရော ကယားပြည်နယ်မှာ ရှိနေတဲ့ တိုင်းရင်းသားပေါ့နော။ သူတို့အနေနဲ့ ကျတော်တို့နဲ့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာလေး ဆွေးနွေးတိုင်ပင်ရတာကတော့ ကျတော့်အနေနဲ့ ကောင်းသောလမ်းတစ်ခုကို အဖြေရပါလိမ့်မယ်လို့ ကျတော့်အနေနဲ့ အဲ့လိုမျိုးပဲ ယုံကြည်တယ်လေ။

မေး ။  ။ ဆရာတို့ရဲ့ ဖြစ်မြောက်ရေးကော်မတီနဲ့ လူငယ်တွေဖက်က ညှိနှိုင်းရေး ကော်မတီ တွေ့ဆုံဖို့ ရှိတယ်လို့ ကြားတယ်။ ဘယ်တော့လောက် တွေ့ဖြစ်မှာလဲ။

ဖြေ ။  ။ ၁ရ ရက်နေ့ တွေ့မှာပါ။

မေး ။  ။ သူတို့ရဲ့ တောင်းဆိုချက်တွေကိုရော ဆရာတို့ ဘယ်လိုလုပ်ပေးဖို့ အစီစဉ်ရှိပါသလဲ။

ဖြေ ။  ။ အင်းပေါ့ ကျတော်တို့က သူတို့ရဲ့ တောင်းဆိုမှုအပေါ် ရလဒ်နဲ့ ကျတော်တို့ရဲ့ ဖြည့်စွက်မှုနဲ့ သဘောတူညီ ရယူမှုအပေါ်မှာ မူတည်ပြီးတော့မှ ကျတော်တို့ ဆုံးဖြတ်ရမှာလေ။

မေး ။  ။ ဒီတွေ့ဆုံပွဲမှာရော အစိုးရအဖွဲ့ ပါဝင်တာမျိုးတွေ ရှိဦးမလား။

ဖြေ ။  ။ မရှိပါဘူး။ ကျတော်တို့ ကေ်ာမတီပဲ ပါမှာလေ။ ကျတော်တို့ ကော်မတီဖွဲ့ထားတာနဲ့ပဲ။ သူတို့အဖွဲ့ကလည်း ကော်မတီနဲ့ပဲ။ ဒါက ၁၂ ရက်နေ့ စာချုပ်ရှိတယ်လေ။ သူတို့ ဒီအချက် ၅ ချက်နဲ့ ကျတော်တို့ အချက် ၅ ချက်ထဲနဲ့ သူတို့ရဲ့ တောင်းဆိုမှုတွေ ပြောဆိုမှုတွေနဲ့ ဖြစ်နိုင်တဲ့အချက်အလက်တွေကို ညှိနှိုင်းပြီး ကျတော်တို့ အကောင်အထည်ဖော်သွားမှာပါ။

မေး ။  ။ ဒီလိုမျိုး ကန့်ကွက်မှုတွေကြားထဲက ဆရာတို့ ဖြစ်မြောက်အောင် တည်ခဲ့တယ်ဆိုတော့လေ ဒီဗိုလ်ချုပ်ကြေးရုပ်က ကယားပြည်နယ်အတွက် အရေးပါသလဲ။

ဖြေ ။  ။ ကျတော့်အမြင်ကတော့ ကယားပြည်နယ်အနေနဲ့ သမိုင်းပိုပေါ်ပေါက်တာပေါ့ ကျတော့်အနေနဲ့ မြင်တာတော့လေ။ ကြေးရုပ်ကတော့ အရုပ်ပါပဲ။ သို့သော်လည်းပဲ ဒီသက်ရှိထင်ရှားတုန်းကာလက ကယားပြည်နယ်ရောက်ခဲ့ပါတယ်ဆိုတဲ့ အကြောင်းပါမကပဲ ပေါ်ပေါက်လာမယ်လို့ ကျတော်မျှော်လင့်မိတာလေ။

မေး ။  ။ ဒီလူငယ်တွေ တောင်းဆိုနေတာကလည်း ကရင်နီပြည်နယ်ရဲ့ သမိုင်းကြောင့်ဆိုပြီး တောင်းဆိုနေတာလည်း ဖြစ်တယ်ပေါ့နော ဆိုတော့ ဒီဗိုလ်ချုပ်ကြေးရုပ် ရှိနေခြင်းကရော ကယားပြည်နယ်ရဲ့ သမိုင်းကြောင်းကို ပျောက်သွားစေနိုင်လား။

ဖြေ ။  ။ မပျောက်နိုင်ဘူးထင်တယ် ကျတော့်အမြင်နဲ့တော့လေ ကျတော်တို့က ရည်ရွယ်ချက်က ဒီဗိုလ်ချုပ်ကြေးရုပ်ကို တည်ထောင်ထားတဲ့အတွက်ကို ဗိုလ်ချုပ်သက်ရှိထင်ရှားကလည်း ဒီကယားပြည်နယ်ကို လာသွားတယ်လို့ သိရတာလေ။ လာသွားတယ်ဆိုတာ ဒီဗိုလ်ချုပ်ရဲ့ ကတိကဝတ် ပြောဆိုသွားတဲ့ဥစ္စာ ထင်ထင်ရှားရှား ရှိလာမယ်ဆိုရင် ပေါ်ပေါက်ပြနိုင်မယ်ဆိုရင် ကျတော်တို့ ကယားပြည်နယ်သမိုင်းက ပိုပြီးတော့ ပေါ်လွင်လာမယ်လို့ ကျတော်ယူဆတယ်လေ။

မေး ။  ။ ကြေးရုပ်တည်ဖို့အတွက်က ဘတ်ဂျက်ကို ဘယ်လို စီမံခန့်ခွဲကြပါသလဲ။

ဖြေ ။  ။ ကျတော်တို့ ဒီပရဟိတအဖွဲ့နဲ့ ကုမ္ပဏီအဖွဲ့က လှူဒါန်းထားတဲ့ ဥစ္စာနဲ့ပဲ ကျတော်တို့ သယ်ဆောင်လာတာ။

မေး ။  ။ ကြေးရုပ်ရဲ့ ကုန်ကျစရိတ် ဘတ်ဂျက်ကရော။

ဖြေ ။  ။ ဒါက အသေးစိတ်ကတော့ ကျတော်မရှင်းပြနိုင်ဘူးပေါနော ဒီဥစ္စာကလေ။

မေး ။  ။ ဆရာတို့ကပဲ အစအဆုံး တာဝန်ယူခဲ့တာလား၊ ဒီအုတ်ခုံရော၊ ကြေးရုပ်ရော၊ သယ်လာတဲ့ အချိန်တွေရော။

ဖြေ ။  ။ ကျတော်တို့ ကော်မတီကပဲ တာဝန်ယူခဲ့ပါတယ်။ အုတ်ခုံတွေမှအစ အကုန်လုံးပေါ့နော။

မေး ။  ။ ဆရာတို့ပဲ အကုန်လုံး တာဝန်ယူခဲ့တာဆိုတော့ ဒီကြေးရုပ်ဖြစ်မြောက်ဖို့အတွက် ဆရာတို့ကပဲ စတင်ခဲ့တာလို့ ပြောလို့ ရမလား။

ဖြေ ။  ။ သူတို့က ရည်ရွယ်ထားတာပဲ ရှိတယ်။ ဒီရည်ရွယ်ထားတဲ့ ဥစ္စာကို ကန့်ကွက်မှုတွေ ပေါ်ပေါက်တဲ့အတွက် အစိုးရအနေနဲ့ ကိုင်လို့မရဘူး။ လုပ်လို့မရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ ကျတော်တို့က ပရဟိတအဖွဲ့အနေနဲ့ လူမှုရေးအဖွဲ့အနေနဲ့ လွဲပြောင်းအပ်လိုက်တဲ့အချိန်မှာ ကျတော်တို့ ကော်မတီဖွဲ့လိုက်တာလေ။ အဲ့ဒီကနေ စတင်လုပ်တာပါ။

မေး ။  ။ စလုပ်ဖို့ ရည်ရွယ်ခဲ့တာက ပြည်နယ်အစိုးရကပဲ လို့ ပြောလို့ရမှာပေါ့နော။

ဖြေ ။  ။ သူတို့ပဲ အဲ့လိုမျိုးပဲ ပြောရမှာပေါ့နော ဒါကတော့။

မေး ။  ။ မေးသွားတဲ့ မေးခွန်းတွေအပေါ်မှာ ဆရာ့အနေနဲ့ တခြားထပ်ပြီး ဖြည့်စွက်ပြောစရာ ရှိသေးလား။

ဖြေ ။  ။ မရှိတော့ပါဘူး။ ဒီလောက်ပါပဲ။ ]

ကန္တာရဝတီတိုင်း(မ်) ။  ။  ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts