spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တခြားသောတိုင်း/ပြည်နယ်များထက် စွမ်းဆောင်မှုအားနည်:

Author

Date

Category

ခူးကိုရယ်

ကယားပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်အမျိုးသားအရေးနှင့် သက်ဆိုင်သည့် အရေးများကို တခြားသော တိုင်းနှင့်ပြည်နယ်မှကိုယ်စားလှယ်များထက် စွမ်းဆောင်မှု အားနည်းနေသည်ဟု လွှတ်တော်ရေးရာများကို လေ့လာလျက်ရှိသည့် ကိုကျော်ထင်အောင် ကပြောဆိုသုံးသပ်သွားပါသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်းများကို လွှတ်တော်တွင် တရာဝင်းမေးမြန်းတာမဟုတ်ပဲ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စာသွားစာလာဖြင့် ဆောင်ရွက်ပေးနေသည့် အခြေအနေများသာ ပိုများသည်ဟု ဆိုပါသည်။

“တချို့တွေကတော့ ကြိုးစားတယ်လို့ကြာတယ်သိပ်ပြီးတော့ အားကောင်းတဲ့ မေးခွန်းတွေအဆိုတွေမရှိပဲနဲ့ ကြယ်ပွင့်မပြတဲ့ဟာတွေနဲ့ အလုပ်လုပ်တယ်ဆိုတာတွေပြောတာပဲရှိတယ်။” ဟုကျော်ထင်အောင်က ပြောပါသည်။

မေးခွန်းများအဆိုများကိုတင်သွင်းနိုင်ရန် လွှတ်တော်တွင် အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်း လိုအပ်မှာဖြစ်ပြီး ၁၃၃ ဦးခန့်က သဘောတူညီရန်လိုအပ်သည်။

နှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသည့် အနိုင်ရပါတီအနေဖြင့် မေးခွန်းများအဆိုများ မတင်နိုင်ခြင်းသည် မေးခွန်းထုတ် စရာ ဖြစ်နေသည်။

ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြည်နယ်အကျိုးပြု ဆောင်ရွက်ခဲ့မှု အခြေအနေကို ကန္တာရဝတီတိုင်း(မ်)မှ ကိုယ်စားလှယ်တချို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးဖြေရယ်(ခ)ဦးမြင့်သန်းထွန်း

လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးဖြေရယ်(ခ)ဦးမြင့်သန်းထွန်း

 

ကျတော့်အနေနဲ့ကတော့ ကြယ်ပွင့်မပြအနေနဲ့ မေးခွန်းက ရဲစခန်းအချုပ်ခန်းတွေကို လူ့အဆင့်အတန်းနဲ့အညီ ပြန်လည်ပြုပြင်ဖို့ ဒါဟာကတိတစ်ခုဖြစ်တဲ့တွက် သူတို့လုပ်နေပါတယ်။ နောက်တစ်ခုက သံယာဇာတနဲ့ပတ်သက်လို့ ခဲနဲ့သစ်တောတွေကို ပါမစ်ပိတ်ဖို့ အဲဒါကလည်းကျတော်မေးထားပါတယ် နောက်တစ်ခုက ကျတော်တို့ ကယားတွေရဲ့ စောဖျာတွေ နေထိုင်ခဲ့တဲ့ ဟော်ကြိီးပုံစံတွေ ပြီးတော့ မူလလက်ရာမပျက်ပြန်လည်ပြုပြင်မွမ်းမံပေးဖို့  ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံ္ပကျောင်းကို ကောလိပ်တက္ကသိုလ်အဆင့်တို့ ပေးဖို့ရှိပါသေးတယ်။ ကျန်တဲ့မေးခွန်းတွေလည်း ကျတော်ရေရရှိရေးဆိုရင်ချောင်းကိုရေသွယ်ယူဖို့အဲဒါတွေ ကျတော်မေးထားပါတယ်။ အဆိုနဲ့ပတ်ပြီးတောမရှိသေးပါဘူး။

 

 

 

 

မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁၂) ဦးစိုင်းပန်ဖ

မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁၂) ဦးစိုင်းပန်ဖ

ကြယ်ပွင့်မပြမေးခွန်းကသုံးခုလားလေးခုလားမေးထားတယ်ရှိတယ်။ ကျတော်တို့မယ်စဲနယ်စပ်ကုန်သွယ်ရေးလမ်းဖွင့်ဖို့ပေါနော် အဲဒီကိစ္စမေးထားတာရှိတယ်။ နောက်ပြီးတော့ ဘောလုံးကွင်းပေါ့ မယ်စဲဘောလုံကွင်းတောင်းတာရှိတယ်။ နောက်တစ်ခုကမြို့မြေတိုးချဲ့ဖို့ပေါ့ မယ်စဲကဟိုလက်ရှိမြေဧက၂၁ဝရှိပြီးတော့ နောက်ထပ်ဧက၇၉ဝထပ်ချဲ့ပေးဖို့တောင်းတာရှိပါတယ်။ နောက်တစ်ခုကကြယ်ပွင့်ပြမေးခွန်းတစ်ခုကတော့ ဟိုစဲအတွက်က လူနာတင်ကားတောင်းတာပေါ့ တခြားဟာတွေ ကောတောင်လတ်နဲပိုဖားအတွက်ကတောပြည်ထဲရေးမြေပေါင်းပေါနော်အဲဒါကတောကျတော်ပြည်ထောင်စုနားတောင်းတာပေါစာနဲတောင်းတာရှိပါတယ်

အဆိုနဲပတ်သက်ပြီးတောမရှိသေးဘူး။

 

 

 

 

 

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၅) ဒေါ်ရှားမူ

ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၅) ဒေါ်ရှားမူ

လမ်းအတွက်ကတ္တရာခင်းအဆင့်မြင့်လမ်းအတွက် လုပ်ပေးတယ်။ လမ်းအတွက်ရောဆေးရုံအတွက်ရောအကုန်မေးထားတယ်။ ယခုလည်းကျောင်းအတွက်နှစ်ဆောင်အတွက်လည်းမေးထားတယ

 

အဆိုနဲ့ပတ်သက်ပြီးတော့ သူများအဆိုဆွေးနွေး အကြံပြုထောက်ခံမပြုစုဖို့တောပြောတာဘဲ အခြေအနေကြည့်ပြီးတော့ အကြံပြုတာတို့အဲလောက်ပါပဲ။

 

 

 

 

 

 

ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) ဒေါ်နော်မြစေး

ဖားဆောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) ဒေါ်နော်မြစေး

သုံးနှစ်အတွင်းမှာတော့ကျမကပညာရေးနဲ့ ပတ်သက်တဲဟာဘဲမေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမကပညာရေးကော်မတီမှာ ပါလို့ပါ။ အခြားအခွင့်အရေးကတော့ ကျမရဲ့မြို့နယ်အဆင့်ပြည်နယ်အဆင့်အဆင်ပြေအောင်ကျမကတင်ပေးပြီးတော့ အဆင်ပြေအောင်လွှတ်တော်မှာတင်ဖို့ မလိုဘူးဥပမာအားဖြင့် လမ်းပန်းဆက်သွယ်ရေးဘဲဖြစ်ဖြစ် အခြားလျှပ်စစ်မီးအပြည့်အစုံရရှိရေးပေါ့။ ဒီသုံးနှစ်အတွင်းမှာကျမတို့မရှိသေးတဲ့ဟာကိုရှိအောင် ကျမလုပ်ပေးခိုင်းထားတာပြီးပါပြီ။ လမ်းလည်းကောင်းလာပြီ။ မော်ချီးသွားလမ်းလည်းကောင်းလာပြိီလေး။ လမ်းနဲပတ်သက်တာလည်းပြီးတယ်မီးနဲပတ်တာလည်းပြီးတယ်။ ကျေးရွှာမှာရှိတဲလမ်းကြောင်းတွေလည်းပြီးသွားတာပေါနော်။ ကျောင်းအတွက်တွေရော တစ်လနှစ်လတုန်းကစပြီးဆောက်တာပေါ့ တော်တော်များများတောပြီးသွားပါတယ်။

ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စား ၁၂ ဦး ရွေးကောက်တင်မြောက်ထားရသည့် အနက် ကိုယ်စားလှယ် ၄ ဦးကိုသာ ၎င်းတို့၏ဆောင်ရွက်ချက်များကို ဆက်သွယ် မေးမြန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်၏ တိုင်းရင်းသားအရေး ၊ အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အတွက် ပြည်ထောင်စုတွင် တိုက်တွန်းနိုးဆော်မှုများ ၊ ပံ့ပိုးကူညီမှု အထောက်အကူဖြစ်စေမှုများ ၊ ငြိမ်းချမ်းရေး အထောက်အကူ ဖြစ်စေမှုများကို ပိုမိုလုပ်ဆောင်သင့်သည်ဟု လူထုအခြေပြု လူမှုအသင်းအဖွဲ့များက တိုက်တွန်းလျက်ရှိသည်။

 

spot_img
spot_img

Recent posts