spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဥယျာဉ်ခြံသီးနှံဌာနခွဲများ ထားရှိမည်

Author

Date

Category

လင်းသန့်

ဥယျာဉ်ခြံ စိုက်ပျိုးသူများ သိရှိလိုသော အသိပညာများ၊ သတင်း အချက်အလက်များနှင့် အခက်အခဲများရှိလျှင် အလွယ်တကူ
ဆက်သွယ် မေးမြန်းနိုင်ရန် အတွက် ဥယျာဉ်ခြံနှင့် ပတ်သက်သည့် သီးနှံဌာနခွဲများကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက်
ဖွင့်လှစ်ထားရှိရန် အစီအစဉ်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဥယျာဉ်ခြံသီးနှံနှင့် ပတ်
သက်သည့် ရုံးခွဲများမှာ မြို့နယ်တိုင်းတွင် မရှိသေးသဖြင့် သက်ဆိုင်ရာ သီးနှံ အမယ်အလိုက် ပညာရှင်များဖြင့် ရုံးခွဲများ တိုးချဲ့
ထားရှိမည်ဟု သိရသည်။

“တိုးချဲ့ဖွင့်လှစ်ဖို့ရှိတယ်။ သရက်ဆိုလည်း သရက် ပညာရှင်၊ လိမ္မော်ဆိုလည်း လိမ္မော်ပညာရှင်
တွေနဲ့ ဌာနခွဲတွေ တိုးချဲ့ထားဖို့ရှိပါတယ်။ အခုဝန်ထမ်း အင်အားနည်း နေတယ်။ အခုမြို့တော်တော်များများမှာ ကျွန်တော်တို့
ခြံတွေရှိတယ်။ ဒီခြံတွေမှာ နည်းပညာ အကူအညီ တောင်းလို့ရတယ်။ မြို့နယ်က တာဝန်ခံမရှိတဲ့ နေရာတွေမှာ ခြံတွေက
ပညာရှင်တွေဆီမှာလည်း တောင်သူတွေအနေနဲ့ အကြံဉာဏ် တောင်းလို့ရပါတယ်” ဟု စိုက်ပျိုးရေး ဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲမှ
ဦးစီးအရာရှိ ဒေါက်တာ ဝဏ္ဏထွန်းက ပြောသည်။

စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကဏ္ဍနှင့် ပတ်သက်သောသုတေသနများစွာကိုလည်း ပြုလုပ်နေပြီး စိုက်ပျိုးသူများကို မျိုးကောင်းများ ထောက်ပံ့ပေးနိုင်ရန်၊ အရည်အသွေး ကောင်းသောမျိုးများ ဖြန့်ဝေပေးနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အစားအစာ ဘေးကင်းလုံခြုံမှုကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ပြီး
၎င်းနှင့်ပတ်သက်သည့် သုတေသနများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုတောင်သူ
များ လျှော့ချသုံးစွဲရန် ပညာပေးမှုများဆောင်ရွက်နေကြောင်း ဒေါက်တာဝဏ္ဏထွန်းက ပြောသည်။

ပြောင်းလဲလာသောရာသီဥတု
အလိုက် ခံနိုင်ရည်ရှိသော မျိုးများကို ထုတ်လုပ်ခြင်းနှင့် ထွက်နှုန်းကောင်းမွန်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယခင်က
တောင်သူများကို အသိပညာပေးရာတွင် အခက်အခဲ တချို့ရှိသော်လည်း ယခုအခါ တောင်သူများဘက်မှ နည်းပညာများကို
သိရှိရယူလိုမှုများ မြင့်တက်လာကြောင်း သိရသည်။

spot_img
spot_img

Recent posts