spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၂၁)နှစ်ပြည့် ကော်ယော်(မနုမနော) အမျိုးသားနေ့အခမ်းအနား ဖရူဆိုမြို့ အနောက်ဖက်ခြမ်းမှာ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီလ ၃ရက်နေ့မှာ ကျရောက်တဲ့ (၂၁)နှစ်ပြည့် ကော်ယော်(မနုမနော)အမျိုးသားနေ့ အခမ်းအနားကို ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ ဒေါလာစောကျေးရွာအုပ်စု ဒေါလာစောကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကိုတက်ရောက်လာတဲ့ ကော်ယော်(မနုမနော) အမျိုးသားလူငယ်တစ်ဦးက “အဓိက အမျိုးသားနေ့ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ကလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုထားတာဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့မှာသမိုင်းရှိတယ်။ ယဉ်ကျေးမှုရှိတယ်။ ကျနော်တို့မှာ ဓလေ့ထုံးတမ်းတွေရှိတယ်။ အဲ့ဒါတွေကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းရမှာဖြစ်တာပေါ့လေ။ နောက်လာနောက်သားတွေကို လက်ဆင့်ကမ်းရမှာဖြစ်တယ်။ အဲ့တော့ ကျနော်တို့ သမိုင်းတွေ အမွေအနှစ်တွေ ဓလေ့တွေကို အခမ်းအနားမှာ လူထုတွေနဲ့ အတူပေါ့ ပြောပြာတာတွေ အဓိကလုပ်တဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တာပေါ့။ ဆိုတော့ အဓိက ကိုယ့်ရဲ့သမိုင်းကို နောင်လာနောင်သားတွေဆက်ပြီးတော့ ထိန်းသိမ်းသွားဖို့ဖြစ်တယ်။ အဲ့လိုရည်ရွယ်ချက်ဖြစ်တယ်။” လို့ ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ သွားလာရေး၊ လုံခြုံရေးကိစ္စတွေမှာ အခက်အခဲရှိပြီး အမျိုးသားနေ့အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်နိုင်ပေမယ့် သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အမွေအနှစ်တွေကို နောင်လာနောင်သားတွေဆက်လက်ထိန်းသိမ်းနိုင်ဖို့ စတဲ့ရည်ရွယ်ချက်နဲ့ ကော်ယော်(မနုမနော)အမျိုးသားဗဟိုကော်မတီကနေ ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားတာ၊ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့သမိုင်းတွေကို လူထုကို ပြောပြတာ၊ အမျိုးသားအလံကိုအလေးပြုတာ၊ အမျိုးသားသီချင်းဆိုတာ၊ အမျိုးသားဗဟိုကော်မတီကနေ ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားတာ စတဲ့အစီအစဉ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။

“ဘယ်လောက်ပဲအခက်အခဲဖြစ်နေပါစေ ကော်ယော် ဆိုတဲ့ပြည်သူလူထုတွေရှိနေတယ် ရှိနေတာဖြစ်တဲ့အတွက် ကျနော်တို့မှာဒေသရှိတယ်။ ကျေးရွာရှိတယ် အိမ်ရှိတယ်။ အဲ့ဒီအတွက်ကြောင့် လူမျိုးတစ်မျိုးအဖြစ်နဲ့ရှိနေတာဖြစ်တယ်။ ဆိုတော့ ဘယ်လောက်ပဲအခက်အခဲကြမ်းတမ်းနေပါစေ။ ကျနော်တို့ဟာ အိမ်ရှိနေသ၍ လူရှိနေသ၍ ကျနော်တို့ဒေသ နယ်မြေရှိနေသ၍ ဒီလူမျိုးဟာ ဆက်လက်ပြီးတော့ အမျိုးသားရဲ့ငြိမ်းချမ်းသာယာဝပြောရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆက်ပြီးတော့ ရှင်သန်နေရမယ်ဆိုတဲ့ မက်ဆေ့ပါပဲပေါ့နော။”လို့ အဆိုပါ လူငယ်တစ်ဦးက ဆက်ပြောပါတယ်။

အခမ်းအနားကို လူမျိုးစုတွေနေထိုင်တဲ့ ကျေးရွာ ၁၁ ရွာက ဒေသခံ ၅၀၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ယခုအခြေအနေဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ဆိတ်သုန်းနေတဲ့ အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့ရပေမယ့် ယော်ယော်(မနုမနော) အမျိုးသားသမိုင်းနဲ့ ဘိုးဘွားတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့၊ လူမျိုးအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည်အကျိုး ဖော်ဆောင်နိုင်ဖို့ ကော်ယော်အမျိုးသားဗဟိုကော်မတီက တိုက်တွန်းထားပါတယ်။

ကရင်နီမျိုးနွယ်စုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မနုမနော(ကော်ယော်)လူမျိုးစုဟာ
ဖရူဆိုမြို့နယ်အတွင်း တော်ခူကျေးရွာအုပ်စုနဲ့ ဒိုးလာစော ကျေးရွာအုပ်စုတွေမှာ အများစုနေထိုင်ကြပြီး အခြားသောမြို့နယ်တွေမှာလည်း ပြန့်နှံ့နေထိုင်ကြပါတယ်။

နှစ်စဉ် ဇန်နဝါရီလ ၃ ရက်နေ့မှာဆိုရင် ကော်ယော်(မနုမနော)အမျိုးသားနေ့ ကို လူမျိုးစုတွေနေထိုင်တဲ့ နေရပ်အသီးသီးကနေ ကျင်းပပြုလုပ်လာခဲ့ကြတာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts