spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂၁ ရာစုပင်လုံညီလာခံ၌ အစုအဖွဲ့အလိုက် ကဏ္ဍတွင်သာ ကေအဲန်ပီပီ ပါဝင်ဆွေးနွေးခွင့်ရမည်

Author

Date

Category

ဇူလိုင်လ ၁၁ နေ့တွင် စတင်ကျင်းပနေသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ ခူးဦးရယ်ဦးဆောင်သော ကေအဲန်ပီပီက လေ့လာသူအဖြစ် တက်ရောက်လာစဉ်။
ဓါတ်ပုံ-ခူးစိုးရယ်ဦး/ကန္တာရဝတီတိုင်း(မ်)

ခူးစိုးရယ်ဦး

၂၁ ရာစု ပင်လုံ ညီလာခံတွင် လေ့လာသူအဖြစ် တက်ရောက်နေသည့် ကေအဲန်ပီပီက အစုအဖွဲ့များ၏ ကဏ္ဍအလိုက်တွင် ပါဝင်ဆွေးနွေးခွင့်ရမည်ဟု ကေအဲန်ပီပီ၏ ဒုဥက္ကဌ ခူးဦးရယ်က ပြောကြားသည်။

“အားလုံးစုစည်းတဲ့အခါမှာ မပါနိုင်ရင်တောင်မှ အစုအဖွဲ့လိုက် ဆွေးနွေးတဲ့အခါမျိုးမှာ ကျွန်တော်တို့ တစ်ဆင့်ခါ ပါဝင်ဆွေးနွေးခွင့် ရတာပေါ့”ဟု ခူဦးရယ်က ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်များအား ဖိတ်ကြားလာ၍ တက်ရောက်ပါဝင်ဆွေးနွေးခွင့်ရသော်လည်း မည်သည့်ကဏ္ဍများကို ပါဝင်ဆွေးနွေးရမည်ကို ညီလာခံ ပထမနေ့တွင် ချပြနိုင်ခြင်း မရှိပေ။

ယခင်ကဲ့သို့သော ဖိတ်ကြားမှုမျိုးနှင့် မတူဘဲ ယခုတစ်ကြိမ်၌ အစုအဖွဲ့တွင် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခွင့်ရရန် အစိုးရက စီစဉ်ထားကြောင်း ယူဆသည်ဟု ၎င်းက ပြောသည်။

“၂၁ ပင်လုံ ညီလာခံကို ကျွန်တော်တို့ မျှော်လင့်ပြီးတော့မှ တက်လာရပါတယ်။”ဟု ခူဦးရယ်က ပြောကြားသည်။

ကယားပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရယူထားနိုင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားအဖွဲ့က ညီလာခံသို့ တက်ရောက်ခွင့်ရရှိသည်။

“အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဆိုပြီး ကျွန်တော်တို့ မျှော်လင့်ချက်ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဂျဒါ အီလ်ရှူးတွေနဲ့ ပေးထားတဲ့အချက်တွေက ဆွေးနွေးခွင့် တအားနည်းနေတော့ အဓိက ဦးဆောင်နေတဲ့ ပြည်ထောင်စုအစိုးရဖြစ်တဲ့ NLD အစိုးရကိုတော့ အားမလို အားမရဖြစ်တာတော့ အမှန်ဘဲ။”ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းနိုင်နိုင်ထွေးက ပြောသည်။

နိုင်ငံရေးပါတီအနေဖြင့် ပေးထားချက်အရ အနည်းငယ်သာ ပါဝင်ဆွေးနွေးခွင့်ပေးထားသဖြင့် နိုင်ငံရေးမူဘောင် အခန်းကဏ္ဍများကို ပြန်လည်ပြင်ဆင်ကာ ဆွေးနွေးမှုကို ယခုထက်ပိုထိရောက်အောင် ဆောင်ရွက်သင့်ဟု စိုင်းနိုင်နိုင်ထွေးက အကြုံပြုသည်။

ယခင်နှစ်က နိုင်ငံရေမူဘောင်ရေးဆွဲရေးအစည်းအဝေးများတွင်လည်း NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့သော်လည်း အကျေအလည် ဆွေးနွေးမှုများ အထမမြောက်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အရ ပထမအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင်အစိုးရလက်ထက်က ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပလာခဲ့သော်လည်း ယနေ့အထိ ကေအဲန်ပီပီမှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

spot_img
spot_img

Recent posts