၅ နှစ်အတွင်း ပြည်သူအတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်တဲ့ ဥပဒေ ၂ ခု အတည်ပြုနိုင်ခဲ့

0
610
တောင်သူလယ်သမားများ၏စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့်စုငွေ ဥပဒေမူကြမ်းရေးဆွဲချိန်တွင် လူထုတွေနဲ့ တွေ့ဆုံရှင်းပြစဥ် ဓာတ်ပုံ - ကယားပြည်နယ်လွှတ်တော်

စိုးထိုက်အောင်

တောင်သူလယ်သမားများ၏စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့်စုငွေ ဥပဒေမူကြမ်းရေးဆွဲချိန်တွင် လူထုတွေနဲ့ တွေ့ဆုံရှင်းပြစဥ် ဓာတ်ပုံ – ကယားပြည်နယ်လွှတ်တော်

၂၀၁၅- ၂၀၂၀ အတွင်း ကယားပြည်နယ်လွှတ်တော်ကနေ ဥပဒေ ၉ ခုကို ရေးဆွဲ အတည်ပြု နိုင်ခဲ့ပြီး ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်မယ့် ဥပဒေ ၂ခု ပါဝင်တယ်လို့ ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌဦးရန်နိုင်ဆွေက ပြောပါတယ်။

“ဆွေးနွေးမှု အကြိမ်များစွာပေါ့နော်။ ပြည်သူနဲ့လဲ တွေ့ဆုံတယ်၊ အကြံပြုချက် များစွာလဲယူတယ်။ ကျနော်တို့ရဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေပေါ့ အကုန်လုံးကို စုစည်းပြီးတော့ အကြံပြုချက်ပေါင်းများစွာနဲ့ ဥပဒေတစ်ခုကိုရေးစွဲခဲ့ခြင်းဖြစ်ပါတယ်။” လို့ ဦးရန်နိုင်ဆွေက ပြောပါတယ်။

အဲဒီ ဥပဒေတွေကတော့ စိုက်ပျိုးရေးဆိုင်ရာချေးငွေစုငွေဥပဒေနဲ့ စည်ပင်သာယာရေးဥပဒေအသစ် ဖြစ်တယ်လို့ ဦးရန်နိုင်ဆွေကပြောပါတယ်။

အတည်ပြုလိုက်တဲ့ ဒီဥပဒေတွေကို အကောင်ထည်ဖော် အသုံးပြုနိုင်ဖို့အတွက်ကို တော့ နည်းဥပဒေတွေထပ်မံရေးဆွဲရမှာ ဖြစ်တယ်လို့ ဦးရန်နိုင်ဆွေကပြောပါတယ်။

ယခင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ပထမအကြိမ်ကယားပြည်နယ်လွှတ်တော်မှာတုန်းကလည်း ဥပဒေ ၉ခုအတည်ပြုခဲ့ပါတယ်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်က အတည်ပြုထားတဲ့ဥပဒေတွေကတော့
၁။ ကယားပြည်နယ်၊ ပြတိုက်နှင့်စာကြည့် တိုက်များဥပဒေ
၂။ကယားပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေ
၃။ ကယားပြည်နယ်၊ မြေယာခွန်ဥပဒေ
၄။ ကယားပြည်နယ်၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဥပဒေ
၅။ ကယားပြည်နယ်၊ စည်ပင်သာယာရေး အဖွဲ့များဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၆။ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့များဥပ‌ဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
၇။ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာချေးငွေနှင့်စုငွေဥပဒေ
၈။ ၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေ
၉။ ကယားပြည်နယ်၏ အသေးစားချေးငွေလုပ်ငန်းဉပဒေ
တို့ဖြစ်ပါတယ်။