spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၅ ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်း ဒီဇင်ဘာ ၂၉ ရက်နေ့ လွိုင်ကော်တွင် ပြုလုပ်မည်

Author

Date

Category

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ တွေ့ဆုံစကားပြောသည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို ယခုလ ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရထံမှ သိရသည်။

လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌  ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် စကားဝိုင်းအစီအစဉ် စတင်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာလ ၂ရ ရက်နေ့က အတည်ပြုသည်။

စကားဝိုင်းသို့ ပရိတ်သတ် ၂ ထောင် လာရောက်နိုင်ရန် စီစဉ်ထားပြီး ပြည်ခန်းမထဲတွင် ထိုင်ခုံအလုံးရေ ၁ ထောင်နှင့် ခန်းမအပြင်ဘက်တွင် ထိုင်ခုံအလုံးရေ ၁ ထောင်ထားရှိမည်ဖြစ်ကာ LED ဖြင့် ပြသပေးမည်ဟု ၎င်းက ပြောသည်။

“အထဲမှာ ထိုင်ခုံ အလုံး ၁ ထောင် ဆင်ထားတယ်။ အပြင်မှာ ကျောက်သားရင်ပြင်မှာလည်း LED နဲ့ ထိုင်ခုံအလုံးရေး ၁ ထောင်စီစဉ်ထားတယ်။”ဟု ဝန်ကြီးဦးတီရယ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုထံအား ကန္တာရဝတီတိုင်း(မ်)က ထပ်မံအတည်ပြုမေးမြန်ခဲ့ရာတွင် ၎င်းက“သိထားသလောက်က ဒီလထဲမှာပဲ လာမယ်။ ဒီလထဲမှာပဲ လာမှာဖြစ်တဲ့အတွက်ကြောင့် ဒီ ၂၈၊ ၂၉ လာလိမ့်မယ်။ သို့ပေသော်လည်းပဲ အဲ့ရက်တွေ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ လူကြီးဆိုတော့ အဲ့ရက်တွေလာဖို့ သူတို့လျာထားတာပဲရှိပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ယခုလ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသော်လည်း ပါဝင်ဆွေးနွေးမည့်သူများကို ယနေ့ ဒီဇင်ဘာလ၂ရ ရက်နေ့အထ်ိ မသိရသေးကြောင်း Line နည်းပညာအထောက်အကူပြု ဒါရိုက်တာ ကိုကျော်ထင်အောင်က ပြောပါသည်။

“ဒီPeace Talk ဖြစ်စဉ်တစ်လုံးမှာက ပွင့်လင်းမြင်သာမှု အားနည်းတယ်။ တစ်ကယ့်ပြောဆိုနိုင်စွမ်းရှိသောသူ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့သူကို မပါဝင်စေချင်တဲ့ ပုံစံလဲဖြစ်သလို တစ်ကယ့်ပြောဆိုဆွေးနွေးရမယ့် အတိုင်းအတာတစ်ရပ်မှာလဲ အကန့်အသတ်မှု ရှိနိုင်တယ်ဆိုတဲ့ အနေအထားမျိုးဖြစ်သွားတယ်ပေါ့”ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လာမည့်ကိစ္စတွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြုလုပ်သောကိစွဖြစ်သောကြောင့် ပါတီအနေဖြင့် မသိရှိရသေးကြောင်း ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဥက္ကဌ ဦးသောင်းဌေး ကန္တာရဝတီတိုင်း(မ်)ကို ဒီဇင်ဘာလ ၂ရ ရက်နေ့က ပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့်သူများကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။
သို့သော် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကမူ “ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဝင်ပါမယ့် လူငယ်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက ရွေးထားပြီးပါပြီ။ ပြည်နယ်ထဲမှာရှိတဲ့ တစ်ကယ့်ငြိမ်းချမ်းရေးကို ပြောနိုင်တဲ့သူတွေကို ထည့်ထားပေးပါတယ် ”ဟု ဝန်ကြီးက ပြောကြားသည်။

ယခုကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းသည် ငါးကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် နှစ်ကြိမ် ၊ ရှမ်းပြည်နယ် ပင်လုံတွင် တစ်ကြိမ် ၊ မန္တလေးတိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာတွင် တစ်ကြိ မ် ပြုလုပ်ပြီးဖြစ်သည်။

spot_img
spot_img

Recent posts