spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ကန့်သတ်ချက် လေးချက်ဖြင့် ပြည်နယ်အစိုးရမှ အကြောင်းကြား စာ ပြန်လည်ထုတ်ပြန်

Author

Date

Category

ကရင်နီသူ

ရှားတောမြို့နယ်၊ ဈေပိုင်းရပ်ကွက် နှစ်ခြင်းအသင်းတော် ခန်းမဆောင်တွင် ကရင်နီလူငယ်များ နှီးနှောဖလှယ်ပွဲ  ၅ရက်တာ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်မပြုသော်လည်း ကရင်နီအမျိုးသားလူငယ် အစည်းအရုံးမှ အတွင်းရေးမှူး မော်မိုးမြာက ဆက်ဆက်ပြုလုပ်မည်ဟု ပြောဆိုသောကြောင့် ပြည်နယ်အစိုးရမှ ကန့်သတ်ချက် ၄ချက်ဖြင့် အကြောင်းကြားစာ ပြန်လည်ထုတ်ပြန်လိုက်သည်။

၎င်းအချက်များမှာ

၁။ KNPP ပါဝင်တက်ရောက်ခြင်း လုံးဝမပြုလုပ်ရန်၊

၂။ ဘာသာရေးအဆောက်အဦတွင် ကျင်းပခြင်းမပြုလုပ်ရန်၊

၃။ KNPP တပ်ဖွဲ့ဝင်များ လုံခြုံရေးမပြုလုပ်ရန်၊

၄။ ယခင် ကရင်နီလူငယ်အစည်းအရုံးတွင် ပါဝင်သော ဖွဲ့စည်းပုံပါ ခူးတော်ရယ်ဘက်နှင့် ခူးဆော်ရယ်ဒေးတို့ နှစ်ဦးသာ နုတ်ထွက်ခွင့်ပြုရန်အတွက် တက်ရောက်ခွင့်ပြုသည်။

အထက်ပါ အချက်များအား လိုက်နာခြင်းမပြုပါက အခမ်းအနားလုံးဝ ပြုလုပ်ခွင့်မပြုကြောင်း ဩဂုတ်လ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် ကရင်နီအမျိုးသားလူငယ် အစည်းအရုံး၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ လိပ်မူပြီး ပေးပို့လာခဲ့သည်။

လူငယ်များ နှီးနှောဖလှယ်ပွဲသို့ ကေအဲန်ပီပီကို အဖွင့်အမှာစကားနှင့် အပိတ်အမှာစကားာ ပြောကြားစေခြင်းဖြစ်ပြီး ကေအဲန်ပီပီနှင့် လူငယ်တို့ကို မည်သို့ထင်မြင်ကာ ခွင့်မပြုခဲ့သည်ကို နားမလည်ကြောင်း မော်မိုးမြာက ပြောပါသည်။

ပြည်နယ်အစိုးရထုတ်ပြန်သည့် စာထဲတွင် ယခုအချိန်ကာလမှာ KNPP မှ ငြိမ်းချမ်းရေးလက်မှတ် ပါဝင်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်သည့်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC သို့ တင်ပြပြီး ခွင့်ပြုလျှင်ဆက်လက် လုပ်ဆောင်သင့်ကြောင်း ပါရှိသည်။

သို့သော် လူငယ်အစည်းအရုံးမှ အစိုးရခွင့်မပြုလည်း ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားထားသည့်အတိုင်း ၎င်းနှီးနှောဖလှယ်ပွဲကို ယနေ့ ၂ရက်နေ့မှ စကာ ၂၄ရက်နေ့ထိ ၅ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts