spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်က စစ်ရှောင်ပြည်သူတွေကို ဖယ်ဒရယ် အခြေခံ အသိပညာသင်တန်း ပို့ချပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ထိုင်း – ကရင်နီ နယ်စပ်က စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကနေ ဖယ်ဒရယ် အခြေခံအသိပညာပေး သင်တန်း ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းမှာ စစ်ရှောင်ပြည်သူတွေ သိထားသင့်တဲ့ အခြေခံဖယ်ဒရယ် အကြောင်းအရာတွေကို ပို့ချပေးခဲ့တယ်လို့ သင်တန်းပေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

“ရည်ရွယ်ချက်က ကျနော်တို့ လာမယ့် ဖယ်ဒရယ် ဒီမိုကရေစီ ဖြစ်သွားတဲ့အခါမှာ ကျနော်တို့ ပြည်နယ်ကလည်း ဖယ်ဒရယ် ရဲ့ ကဏ္ဍတစ်ခုဘဲပေါ့နော်။ ကျနော်တို့ပြည်နယ် တစ်ပြည်နယ်နေမယ်၊ ကျနော်တို့ပြည်ထောင်စု ဟာ ဖယ်ဒရယ် ကဏ္ဍတစ်ခုပါဝင်တယ် ဆိုတော့ အဲ့ဒီကဏ္ဍမှာ ပါဝင်တဲ့အခါမှာ လူထုတစ်ယောက်အနေနဲ့ သိထားသိသင့်တဲ့အရာအချက်တွေ နံပါတ် ၁ က သူတို့ကိုယ်တိုင်သိရမယ့် အရာ၊ နံပါတ် ၂ တစ်ချက်က ပြည်နယ်အရေးအနေနဲ့ ကျနော်တို့ပြည်သူလူထုအနေနဲ့သိရမယ့်အရာ ဆိုပြီးတော့ ဒါက သင်တန်းလုပ်ရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

သင်တန်းကို သုံးရက်ပြုလုပ်ခဲ့တာဖြစ်ပြီး ဖယ်ဒရယ် အခြေခံနဲ့ သဘောတရားတွေ၊ အာဏာခွဲဝေကျင့်သုံးခြင်းတွေကို ပို့ချခဲ့ပြီး သင်တန်းတက်ရောက်သူ (၂၅) ဦးရှိခဲ့ပါတယ်။

“ကိုယ့်အတွက်က အများကြီး အထောက်အကူပြုနိုင်တယ်ပေါ့နော်။ ဒီဟာက ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ပြည်နယ်က စစ်ဖြစ်တဲ့ ပြည်နယ် ဖြစ်နေတယ်၊ အဲ့ကြောင့်မို့လို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်မယ်လို့ရှိရင် ဒီဖယ်ဒရယ်က ဘယ်လိုမျိုးလဲ ဘယ်လို အသုံးပြုရင်ကောင်းမလဲ နောက်ပြီးတော့ ဒီဖယ်ဒရယ်ရဲ့ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတာပေါ့နော်။ အဲ့ကြောင့်မလို့ ကောင်းကျိုး ကျနော်တို့ ဘယ်လို သွားရမလဲဆိုတာ ပြန်လည် သုံးသပ်မှာပေါ့နော် တစ်ထောင့်တစ်နေရာ ကနေ ပါဝင်နိုင်လို့ရှိရင်ပေါ့နော်။ အဲ့လိုမျိုးတွေ ပြန်အသုံးချဖို့ ရှိတာပေါ့။” လို့ သင်တန်းသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ သင်တန်းကို အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) – WLBရဲ့ ထောက်ပံ့ကူညီမှုနဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)က ဦးဆောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts