spot_imgspot_imgspot_imgspot_img
Thursday, May 16, 2024
spot_imgspot_imgspot_imgspot_img

အေနောင်ပုလဲ ကျေးရွာတွင်း ရေကျောက်ရောဂါဖြစ်ပွားမှု ၃လကြာမြင့်လာသည်ထိ ပျောက်ကင်းမှု မရှိသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက အေနောင်ပုလဲကျေးရွာမှာ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့တဲ့ ရေကျောက်ရောဂါဟာ လက်ရှိအချိန်ထိပြန့် ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ၎င်းကျေးရွာတွင်း ပထမဆုံးအကြိမ် ရေကျောက်ရောဂါ ဖြစ်ပွားတာဖြစ်ပြီး အချိန်တော်ကြာသည်ထိ ပြန့်ပွားနေဆဲဖြစ်တယ်လို့ ကျေးရွာအတွင်းရှိ ကျောင်းဆရာမ တစ်ဦးက ‌ပြောပါတယ်။

“ကျောင်းမှာကလေးတစ်ယောက်က စဖြစ်ပြီဆိုရင်လေး ကိုယ်ပူတယ်ပေါ့နော။ ပြီးလို့ရှိရင် အယားဖုတွေက ပွဦးလာတယ်။ ပွားလာပြီးတော့မှ တစ်ခြားကလေးတွေ ကူးတယ်။ အဲခါကျတော့ တစ်ခါတစ်လေဆို တစ်တန်းလုံးပိတ်လိုက်ရတဲ့ အခန်းတွေလည်းရှိတယ်ပေါ့နော။ ကျောငါးလည်းပြီးသွားရော ဒီလိုကိစ္စတွေကလည်းပြီးသွားပြီလို့ထင်ပေမဲ့ ဒီချိန်ထိ ကွက်ကြိုကွက်ကြား တစ်ယောက်စ နှစ်ယောက်စ အဲလိုပေါ့နောမွေးကင်းစအရွယ်ပြောရမလား တစ်နှစ်ကျော် ဝန်းကျင်တောင်မှ အဲလိုမျိုးရှိလာတယ်ပေါ့”လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

ကျေးရွာရဲ့ ဆေးပေးခန်း မှာ ရေကျောက်ရောဂါအတွက် လိုအပ်တဲ့ဆေးမရှိတာကြောင့် ပါရာစီတမော ၊ စီဘစ် စတဲ့အခြေခံဆေးဝါးကိုသာ တိုက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်မိသားစုလုံးကူးစက်နေတာကြောင့် သားသမီးတွေရဲ့ နာကျင်မှုအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ မိခင်တစ်ဦးကပြောပါတယ်။

“သူတို့ဖြစ်နေတဲ့ အချိန်ဆို သနားတယ်။ နောက် ဆေးဘယ်နားမှာသွားဝယ်ရမလဲ ဆေးရုံဆေးခန်းဘယ်နားမှာရှိလဲ ဆို အဲမျိုးစိုးရိမ်ရတာပေါ့။ နောက်သားကြီးကကျတော့ နှာလည်းနာနေတဲ့ ချိန်သူက ညညချိန်သူထပြီးငိုတယ်လေး။အမေရေ အမေရေ နာတယ် သူပြောတဲ့ချိန်ကိုယ်ကတော့ စိတ်ထဲမှာတစ်မျိုးခံစားရတယ်ပေါ့နော” လို့ မိခင်တစ်ဦးကပြောပါတယ်။

အပူထွက်များတဲ့ ပေါင်ကြားတို့ ၊ ဂျိုင်းကြား စတဲ့နေရာတွေမှာအဖြစ်များပြီး မျက်လုံးထဲထိ ပေါက်နေတာတွေရှိတယ်လို့ ကျေးရွာကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အပူဖု တစ်ခုစီ တိုင်းက အတွင်းမှာနာကျင်နေပြီး ပူနေတတ်တာကြောင့် ကလေးငယ်တွေက ခံနိုင်ရည်မရှိကြဘူးလို့ ဆိုပါတယ်။ ဆေးဝါးလည်း မရနိုင်သလို ကူးစက်မှုလည်း ဆက်ဖြစ်နေတာကြောင့် စိုးရိမ်နေရတယ်လို့ ကျေးရွာတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ စိုးရိမ်ရလားဆိုတော့ စိုးရိမ်ရတယ်ပေါ့နော။ ဘာလို့ဆို ကလေးတေါကကျောင်းမတက်တော့ပဲနဲ့ဒီလိုမျိးနေတောင်မှ ကူးစက်မှုပြန်ဖြစ်တယ်ဆိုတော့ အကြောင်းရင်းတစ်ခုတော့ ရှာရမှာပေါ့” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

အေနောင်ပုလဲ ကျေး‌ရွာမှာ အိမ်ခြေ ၈၀ကျော်ရှိပြီး စစ်ဘေးရှောင်လူထုတွေလည်း နေထိုင်တယ်လို့သိရပါတယ်။ ရေ‌ကျောက်ရောဂါဖြစ်ပွားမှုက ၁၈ နှစ်အောက်ကလေးမှာအဖြစ်များပြီး လက်ရှိမှာတော့ လူကြီးတွေကိုပါကူးစက်နေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts