spot_imgspot_imgspot_imgspot_img
Saturday, May 11, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ စစ်ကောင်စီပြုလုပ်တဲ့ သင်္ကြန်ပွဲ တိုက်ခိုက်ခံရပြီး ထွေအုပ်စာရင်းဝန်ထမ်းတွေနဲ့ ကျေးလက်ပြည်နယ်မှူးအပါအဝင် လူ ၂၅ ဦးထိခိုက်ဒဏ်ရာရ

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီရဲ့ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရ ရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲ ထွေအုပ်စာရင်းဝန်ထမ်းတွေနဲ့ ကျေးလက်ပြည်နယ်မှူး စောဒီးဒီ စတဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအများစု ပါဝင်တယ်လို့ သိရပါတယ်။

“ နှစ်လုံးကျတယ်။ သူတို့လူကြီးတွေနေတဲ့ အိမ်မှာ တစ်လုံးကျတယ်။ နောက်တစ်လုံးက သူတို့ ဝန်ထမ်းအိမ်ယာ စုပေါင်းအိမ်ယာ ဘီလူးချောင်း
တံတားဘက်က တစ်လုံးကျတယ်။ သူတို့ စုဝေးနေကြတဲ့အချိန်မှာ ကျသွားတာ။ ပွဲလုပ်နေရင်းနဲ့ ယိမ်းအကဖျော်ဖြေနေတဲ့အချိန်လည်း တစ်လုံးကျသွားတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော် ပြည်နယ် အစိုးရရုံးမှာ မနက် ၈နာရီဝန်းကျင်ကတည်းက ပေါက်ကွဲသံတွေ ကြားရတာဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း လက်ရှိမှာ စစ်ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာတော့ ရှော့တိုက်ဒုန်း၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံရတာြဖစ်ပြီး လူ ၂၅ ယောက်ထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီအထဲက ၆ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ တိတိကျကျ မသိရသေးသလို ထုတ်ပြန်ထားတာတွေလည်း မတွေ့ရသေးပါဘူး။

မနေ့( ဧပြီလ ၁၄ ရက်နေ့ )က သင်္ကြန်အကြတ်နေ့မှာ စစ်ကောင်စီရဲ့ ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ပြီး နောင်ယား( ခ ) ရပ်ကွက်မှာရှိတဲ့ မဟာသင်္ကြန်မဏ္ဍပ်မှာ ‌ပွဲကျင်းပခဲ့ကြပြီး စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ ဖော်ပြထားပါတယ်။

spot_img
spot_img