spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်စခန်းတစ်ခုမှာ အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ဖြေလျော့နိုင်ရန် ယောဂကျင့်ပေး

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြေလျော့နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီကနေ့ ဧပြီလ ၁၅ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှာ လူမှုအသင်းအဖွဲ့တစ်ခုက ယောဂကျင့်ပေး တဲ့အစီအစဉ် လာရောက်ပြုလုပ်ပေးခဲ့ပါတယ်။

စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြေလျောနိုင်ရေးကို ကျော်လွှားနိုင်စေဖို့အတွက် ပြုလုပ်ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

” ဘဝမှာ ကိုယ့်အတွက် အရေးပါဆုံးလူ၊ တစ်ပတ်တာမှာ အောင်မြင်အောင် ကိုယ်လုပ်ခဲ့တဲ့ အရာသုံးခု၊ ကိုယ့်အတွက် ပြီးပြည့်စုံတဲ့နေ့ ” စတဲ့ စကားတွေနဲ့ မျှဝေကြပြီး ယောဂကျင့်ကာ လုပ်ဆောင်ကြတယ်လို့လည်း ဆိုပါတယ်။

အမျိုးသမီးတွေအတွက် ယောဂကျင့်၊ အလှပြင်တာတွေ ပြုလုပ်ပြီး စစ်ရှောင် အားလုံးကိုလည်း အာဟာရ ဆန်ပြုတ်ကျွေးတဲ့ အစီအစဥ်နဲ့ အမျိုးသမီး အသုံးအဆောင်ကိုလည်း ပေးခဲ့ကြပါတယ်။

အဆိုပါ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ဖြေလျော့စေနိုင်ဖို့အစီအစဥ်မှာ စစ်ရှောင် အမျိုးသမီး စုစုပေါင်း ၃၀ ဦး ပါဝင်ခဲ့ပါတယ်။

spot_img
spot_img