လောပိတကျေးရွာအုပ်စု အတွင်းက ရွာတွေအချို့ကနေ ကျေးရွာဒေသခံတချို့နဲ့တွေ့ဆုံခဲ့စဉ် ၎င်းတို့၏ အသံကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ ဦးသိန်းဇံ ရှမ်းရွာ မီးအားတွေကမကောင်းဘူး။ ပြီး ဟိုဘက်ကပိုင်းတွေဆို ထရမ်စဖာ(transformer) နဲ့ဝေးတော့ မီးအားက ခရမ်းချဉ်သီးလောက်ပဲ ရှိတယ်လေး။ အဲ့ကြောင်း ကျတော်တို့ကလည်း ဒီ အခုအစိုးရပေါ်လာတဲ့ အစိုးရ အရပ်သားပေါ်မှာ ပြန်တင်တောင်းတာပေါ့နော်။… အဲ့ဒီအပေါ်မှာတော့ ကျတော်တို့ မီတာဘောက်တွေ အိမ်တိုင်းထိလိုချင်တယ်။ မီးကလည်းအိမ်တိုင်းထိ ထွန်းချင်တာပေါ့နော်။ မီးလင်းလုပ်ပေးတဲ့ အဖွဲ့ကလာလုပ်ဖို့ဆိုရင်တော့ ပိုကောင်းတယ်။ လာလုပ်ပေးရင် ပိုကောင်းတယ်ပေါ့။ မီတာဘောက်ဆိုလည်း အစိုးရကို ခက်ခဲခက်ခဲနဲ့မလျှောက်ဘူးပေါ့နော်။ အလုံးအလောက်အိမ်တိုင်းထိ အခုဟာကျတော်တို့ ရွာမှာ အိမ်ခြေ ၂၀ဝကျော် ရှိတဲ့အထည့်မှာ ၁၀ဝကျော်ပဲ မီတာဘောက်ရတယ်လေး။ ဦးစိုးရယ် ဆိုလစယ်ကျေးရွာအုပ်ချုပ်ရေးမှူး အရေးကြီးတာကရေပေါ့နော။.. […]

ဦးမြာ တာဝန်ချိန်တွင် တာဝန်မထမ်းဆောင်သော ဝန်ထမ်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရအဖွဲ့အား တိုက်တွန်းသွားမည်ဖြစ်ကြောင်း မယ်စဲ့မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ပြောသည်။ ″ အခုချိန်မှာက ဒီဆရာမက ဒီမှာ တာဝန်ကျပြီးတော့မှ မနေဘူး တာဝန်အရ ဆိုရင်တော့ သူ့ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဒီမြို့နယ်မှာ တာဝန်ကျတယ်ဆိုရင် သူက နှစ်နှစ်သော်လည်းကောင်း သုံးနှစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်ရမယ်လေ ပြီးမှ သူ့နေရာ အစားထိုးလာရမှာပေါ့ ဒီလိုမနေတဲ့ ဆရာမကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ် ကျတော်တို့ အစိုးရအဖွဲ့ကို တိုက်တွန်းမယ် ″ ဟု ပြောသည်။ ကျေးလက်ဒေသတွင် တာဝန်ကျသော ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ အလုံအလောက် ချပေးနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ […]

ကန္တာရဝတီတိုင်း(မ်) လာမည့်ပညာသင်နှစ်တွင် ကြယ်ဖိုးကြီးဗျည်းအက္ခရာ သင်ရိုးညွန်းတမ်းကို ရေးသားထုတ်ဝေသင်ကြားသွားနိုင် ရန်အတွက် ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ က ပြည်နယ်အစိုးရထံ သဘောထားမှတ်ချက်တောင်းခံထားကြောင်းသိရသည်။ “အဲဒါကို လာမည့်ပညာသင်နှစ်မှာ ပုံနိုပ်ထုတ်ဝေတော့မယ်။ ငါတို့မဟုတ်ဘူး ဒီအခြေခံပညာ ကနေ (အစိုးရ) ပုံနိုပ်ထုတ်ဝေတော့မယ်။ ပုံနိုပ်ထုတ်ဝေတော့မယ်ဆိုတော့ သူတို့က အချက်အလက်တောင်းတယ်။ သူတို့ကဘာပြောလဲဆို ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို တခါထဲတောင်းပေးပေါ့နော။” ဟု ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဆရာမိုးဇက်ညန့်ရယ်ကပြောသည်။ လက်ရှိမှာ တိုင်းရင်းသားစာပေတွေကို အစိုးရကျောင်းချိန်ပြင်ပ အချိန်များတွင်သာသင်ကြားခွင့်ရနေပြီး ထိရောက်မှုသိပ်မရှိကြောင်း ၎င်းကဆက်ပြောသည်။ “ထိရောက်မှုမရှိဘူးဆိုပေမဲ့လည်း အခွင့်အရေးပေးတာလောက်ဆိုရင်လည်းမဆိုးဘူး” . ဟု ဆရာ မိုးဇက်ညွန့်ရယ်ကဆက်ပြောသည်။ တိုင်းရင်းသားစာပေကိစ္စနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုပေးနိုင်ရန် အစိုးရသို့ တင်ပြနိုင်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကန္တာရဝတိုင်း(မ်) သတင်းထောက်သို့ ပြောဆိုထားပါသည်။ ကြယ်ဖိုးကြီးစာပေ […]

စိုင်းလင်းလင်းဦး နိုင်ငံတော်ဘဏ္ဍာသုံး တည်ဆောက်ရေးလုပ်ငန်းများမှ တင်ဒါစည်းကမ်းဖေါက်ဖျက်ကာ အရည်အသွေးပြည့်ဝစွာ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် မလုပ်ဆောင်နိုင်သော ကုမ္ပဏီများ၊ ဝန်ထမ်းများကို ထိရောက်စွာအရေးယူပေးရန် ကယားပြည်နယ်လွှတ်တော်က အဆိုတင်သွင်းကာ ပြည်နယ်အစိုးရသို့ တိုက်တွန်းလိုက်သည်။ တင်ဒါသတ်မှတ်ချက်စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း စိစစ်အရေးယူရန် ဘောလခဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က တိုက်တွန်းကြောင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်သွင်း ဆွေးနွေးအတည်ပြုချက်ရယူပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့ခြင်းဖြစ်သည်။ လမ်း၊ တံတားများအပါအဝင် အခြားတည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၂၂ ခု၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးများ၏ လုပ်ငန်းနှင့်ပတ်သက်၍ စိစစ်ရာတွင် သတ်မှတ်ထားသော အရည်အသွေးများ မပြည့်မှီခြင်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာအားနည်းချက်များ တွေ့ရှိခဲ့ပြီးနောက် ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းလေ့လာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်အစီရင်ခံစာတွင် လုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ရှိသူ […]

စူးမယ် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဖားတီမာကျေးရွာတွင် တစ်မိုင်ခန့် ဝေးသည့် ရေတွင်းတွင် ရေခပ်နေရပြီး လက်ရှိတွင် ရေရှားပါးမှုနှင့် စတင်ကြုံတွေ့လာနေပြီဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ ခူးကလဲရယ်က ပြောသည်။ ဖားတီမာရွာတွင် အဓိက အခက်အခဲဖြစ်သည့် ရေသည် မိုးမခေါင်ပါက နွေရာသီတွေ ရေ သိပ်မခန်းသော်လည်း ယခုနှစ်အတွင်း မိုးခေါင်လာသောကြောင့် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ခူးကလဲရယ်က ပြောသည်။ ခူးကလဲရယ်က “ရေက အခုချိန်လောက်ဆို ကျတော်တို့ခပ်ဖို့ နည်းနည်းရှိသေးတယ် ဒါပေမဲ့ နွေရာသီတိုင်းဆို ရေတွေ အကုန်ခန်းတယ်လေ ရေခန်းတော့ မြို့ထဲက လူတချို့ကို လာပို့ခိုင်းတယ် တချို့က နောင်ယားကန်အထိ သွားခပ်တယ် အဲ့လိုပေါ့ နွေရာသီဆို ရေတွေအကုန်ခန်းတယ် […]

စူးမယ် ရွာသစ်မြို့နယ်ခွဲတွင် စီးပွားအဖြစ် ပိတ်ချင်းစိုက်ပျိုးခြင်းနှင့် အုန်းသီးစိုက်ပျိုးခြင်း လုပ်ငန်းလုပ်သူများ တခြား သီးနှံ စိုက်ပျိုးခြင်းထက် အဆင်ပြေကြောင်း ရွာသစ်မြို့ ဒေသခံများက ပြောသည်။ ရွာသစ်မြို့တွင် ဒေသထွက် သီးနှံအဖြစ် ပိတ်ချင်း၊ အုန်းသီးနှင့် နှမ်းများ အဓိက ထွက်ရှိပြီး လွိုင်ကော်တို့ ပို့ကြကြောင်း ရွာသစ်မြို့ မြောက်ပိုင်း ဆယ်အိမ်မှုး ကိုခိုင်ဖြိုးစိုးက ပြောသည်။ ကိုခိုင်ဖြိုးစိုးက “တခြားဝင်ငွေ မရှိပေမယ့် တစ်နှစ်စာအတွက် ဒီဟာတွေနဲ့ အဆင်ပြေနေတယ်။ ပိတ်ချင်းကို ရစ်ပြီး မှည့်ရင် ခူးလို့ရပြီ။ ပြီး ခြောက်လှန်းရတယ်”ဟု ပြောသည်။ ပိတ်ချင်းကို တစ်ပိဿာ ကျပ် ၁၀၀၀ဝ ကျော်ခန့် ရောင်းရပြီး အုန်းသီးကို တစ်လုံး ၂၅ဝ […]

ထျိုးမြာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးပါက တိုက်ပွဲများလျော့ကျသွားနိုင်ရန် လုပ်ဆောင်ပေးနိုင်ကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေကော်မတီ JMC အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကပြောသည်။ “JMCအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးလို့ရှိရင် တိုက်ပွဲတွေက လျော့ကျမှာတော့ ကျိန်းသေတယ်။ အဲဒီဟာကို ကျနော်တို့ JMC လုပ်နိုင်တယ် လုပ်လည်းလုပ်ခဲ့ပြီးပြီဆိုတော့ ကျနော်တို့ JMC ဘက်ကတော့ တိုက်ပွဲလျှော့ချဖို့အတွက် တော့လုပ်နိုင်တယ်။ အဲတာတော့ကျနော်တို့ တော်တော် ခိုင်ခိုင်မာမာနဲ့ ပြောလို့ရတယ်”ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် တိုင်းရင်း သားလက်နက်ကိုအဖွဲ့ (၈)ဖွဲ့က လက်မှတ်ရေးထားပြီးဖြစ်သည်။ လက်မှတ်ထိုးပြီးချိန်တွင် တိုုင်းရင်းသားဒေသတချို့တွေ တိုက်ပွဲပြန်လည်ဖြစ်ပွားမှုများရှိခဲ့သော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားမှုနှုန်း မှာ NCA လက်မှတ်မထိုးခင်ထက် […]

“အညိုးနဲ့ အမုန်းနဲ့ သာ တူညီမျှ အသိအမှတ်မပြုဘဲ ဆက်လက်ဆွေးနွေးနေရင်လည်း အဖြေထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကို သတိချပ်ဖို့ လိုုပါမယ်။” ခူးဦးရယ်အင်တာဗျူး ထျိုးမြာ မတ်လ ၁ ရက်နေ့မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်တုို့တွေ့ဆုုံမှာ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ဆုုံပွဲကနေ ဘာရလာဒ်တွေ မျှော်လင့်ထားလဲ ဘာတွေဆွေးနွေးတင်ပြလဲမပါအဝင် နိုုင်ငံလုုံးဆိုုင်ရာ အပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထုိုးဖိုု့ ကြန့်ကြာနေတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး UNFC အထွေထွေ အတွင်းရေးမှူးတဖြစ်လဲ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှာ ဒု-ဥက္ကဌ ဖြစ်သူ ခူးဦးရယ်နဲ့ တွေ့ဆုုံမေးမြန်းထားပါတယ်။ မေး။ ။ မတ်လ (၁) […]

ထျိုးမြာ လက်ရှိ အခြေအနေတွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အပစ်ရပ် လက်မှတ်ထိုးသည့် အခြေအနေများ၊ ကျင်းပတော့မှာ ဖြစ်တဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ဆက်စပ်သည့် အခြေအနေများနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှာ နိုင်ငံရေးပါတီအစုအဖွဲ့၏ အတွင်းရေးမှူး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှာ တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂ အဖြစ် တာဝန်ယူထားတဲ့ စိုင်းကျော်ညွန့်နှင့် ဖေဖော်ဝါရီ ၂ဝ ရက်က သတင်းထောက်အချို့ တွေ့ဆုံ မေးမြန်းထားတာကို ကန္တာရဝတီတိုင်း(မ်)ဂျာနယ်မှာကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ မေး။ ။ အစိုးရကလည်း လက်မှတ်ထိုးခိုင်းတယ်။ EAOs (တိုင်းရင်းသားလက်နက်ကိုင်) […]

ထျိုးမြာ နေပြည်တော်တွင်ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အရပ်အဖက်အဖွဲ့အစည်းများဖိုရမ်တွင် အမျိုးသမီးများအနည်းဆုံး ၃ဝရာခိုင်နှုန်းပါဝင်ရန် တိုက်တွန်းထားကြောင်း CSO ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီတာဝန်ခံ ကိုသွင်လင်းအောင်ကပြောသည်။ “ အရပ်ဘက်အဖွဲ့အစည်းတွေ ဖိတ်ကြားတဲ့ထဲမှာ ၃ဝ ရာခိုင်နှုန်းကို အမျိုးသမီးတွေကို ဖိတ်ကြားပေးဖို့ ကျနော်တို့ (TOR )လုပ်ငန်းလမ်းညွန်ထဲမှာကို တရားဝင်ရေးထားပြီးတော့ အဲ့အတိုင်းဖိတ်ကြားဖို့ ကျနော်အားလုံးကို တိုက်တွန်းထားပါတယ်။ မဖြစ်မနေပေးရမယ်ဆိုတဲ့ပုံစံမျိုးကိုထိ တိုက်တွန်းထားတယ် ” ဟု၎င်းကပြောသည်။ လက်ရှိအချိန်ထိ ရရှိထားသောစာရင်းများအရ တနင်္သာရီတိုင်းဒေသကြီးမှ CSOsအကြိုဖိုရမ်တွင် ကိုယ်စားပြုတက်ရောက်မည့် ကိုယ်စားလှယ်(၃၃)ဦးတွင် အမျိုးသမီး(၆)ဦးသာပါဝင်သည်။ တနင်္သာရီတိုင်းဒေသကြီးအရပ်ဖက်အဖွဲ့အစည်းများဖိုရမ်ဖြစ်မြောက်ရေးကော်မတီ တိုင်းဒေသကြီးတာဝန်ခံ (၃)ဖြစ်သူ ဒေါ်ရီရီထွေးက “ခေါင်းဆောင်ပိုင်းမှာက အမျိုးသမီးအရမ်းနည်းသေးတယ် လောလောဆယ်မှာတော့ အမျိုးသမီး တွေကို train(သင်တန်းပေး) နေရဆဲပဲဖြစ်တဲ့အတွက် အခု CSOs ဖိုရမ်မှာလည်း […]