spot_imgspot_imgspot_imgspot_img
Wednesday, July 2, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

ARCHIVE

Daily Archives: Jul 27, 2017

တော်ခူရွာဟောင်းကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်

ထျိုးမြာ ဖရူဆိုမြို့နယ် ၊ တော်ခူရွာဟောင်းနှင့် ၎င်းနှင့်နီးစပ်ရာအနီးတစ်ဝိုက်ရှိ တိုင်းရင်းသားပြည်သူလူများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပိုပြီးဆောင်ရွက်ပေးနိင်ရန်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲထက် ပို၍ အဆင့်မြင့်သော တော်ခူရွာဟောင်း ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာများပါဝင်မည့် စံပြကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန် တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောသည်။ ဇူလှိုင်လ ၂ဝ ရက်နေ့မှ...

စီးပွားရေးကဏ္ဍ အစိုးရ၏ ပံ့ပိုးမှု လိုအပ်ဟု ပြောင်းစိုက် ထုတ်လုပ်သူများအသင်း ဥက္ကဌပြော 

မူအက်စတာ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရမှ အစိတ်အပိုင်းအချို့၌ ပံ့ပိုးကူညီပေးမှုများဖြင့် ဦးဆောင်ပေးရန် လိုအပ်နေကြောင်း ကယားပြည်နယ် ပြောင်းစိုက်ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးမြင့်မောင်က ပြောကြားသည်။ "အစိုးရကို ပြောရမှာတော့ ခက်တယ်။ အစိုးရက အခု ဘယ်လိုပြန်ပြောလဲ ဆိုတော့ အပြောင်းလဲတစ်ခု လုပ်တာတဲ့။ အစိုးရတစ်ခုထဲပါတာ မဟုတ်ဘူးတဲ့။ ခင်ဗျားတို့လည်း ကိုယ်တိုင်လုပ်မှရမယ်။ အမြဲတမ်း...

ရှားတောအနီး သံလွင်မြစ်ကူးတံတား စီမံကိန်း၏ အကျိုးဆက် နှစ်ဖက်ညှိနှိုင်းကြမည် 

စူးမယ် ရှားတောမြို့နယ် တာတမောအနီးတွင် တည်ဆောက်မည့် သံလွင်တံတားစီမံကိန်းနှင့် ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များမှ အကျေအလည် ညှိနှိုင်းပြီးမှသာလျှင် ရှေ့ဆက်လုပ်ငန်းစဉ်အတွက် ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားလိုက်သည်။ အဆိုပါ သံလွင်တံတားတည်ဆောက်ရေး စီမံကိန်းအား၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်လုပ်ဆောင်ရန် လျာထားပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရောက်တွင်...

လမ်း၊ တံတား အဆောက်အဦးများ အရည်အသွေးပြည့်မှီရန် QC(Quality Control)သည် အရေးကြီးဟုဆို 

စူးမယ် လမ်းတံတား အရည်အသွေး စီစစ်ရေးအတွက် QC ( Quality Control )သည် အရေးကြီးပြီး QC သည် ပြည်သူအတွက် အရည်အသွေးပြည့်ဝသော လမ်း၊တံတား အဆောက်အဦးများအဖြစ် အာမခံပေးနိုင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောကြားလိုက်သည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊ အဆောက်အဦးများ သွားရောက်...

နှစ်စဉ်ရေရှားပါးသော ကျောက်စုကျေးရွာအတွက် ရေရရေး ဆောင်ရွက်ရန် အစီအစဉ်မရှိသေး

စူးမယ် မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် ရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိကို မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ လွှတ်တော်သို့ မေးမြန်းရာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ...

ကျောင်းတွင် ရေသန့်စက်ထားရှိရန် လွှတ်တော်၌ မေးမြန်းမှု မအောင်မြင်၊ အခြားဘတ်ဂျတ်ဖြင့် လုပ်ဆောင်မည် 

ထျိုးမြာ ဖရူဆိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ရေသန့်စက်ထားရှိရန် လွှတ်တော်တွင် မေးမြန်းမှု မအောင်မြင်သော်လည်း အခြားဘတ်ဂျတ်ဖြင့် လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းတွင် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရန် ရေသန့်စင်စက် အရေးတကြီး လိုအပ်လျက်ရှိနေသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ ၎င်းကိစ္စနှင့် ပတ်​သက်​၍...

Latest news

- Advertisement -spot_img