လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်နေသော အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ ကြက်ဆီထမင်းစားသုံးရာမှ လူ ၅ဝ ထက်မနည်း အစာအဆိပ်သင့်လက္ခဏာများ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်တက္ကသိုလ်  အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆရာကန်တော့ပွဲအပြီး  အဆိုပါ အစားအစာကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာ၌ အစာအဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “အချို့က စားတယ်။ မဖြစ်ဘူးပြောတယ်။ ဖြစ်တာက ပိုများတယ်။ ကျနော်တို့ ဒေတာပြန်လိုက်ကောက်တယ်။ အနည်းဆုံး ၅ဝ ကျော်လောက်ဖြစ်ကြတယ်။ ပြောရမယ်ဆိုရင် စားကြတဲ့ ကျောင်းသား ထက်ဝက်ကျော်လောက်ဖြစ်ကြတာ။”ဟု အစာအဆိပ်သင့်သူထဲမှ တစ်ဦးဖြစ်သူ ကိုမီရယ်က ပြောသည်။ အစာအဆိပ်သင့်သူ လူဦးရေ ၅ဝ ထက်မနည်း အော့အန်ခြင်း၊ ဝမ်းလျောခြင်းများ […]

လင်းသန့် ကျေးလက်နေဒေသလူငယ်များအကြား ကြုံတွေ့နေရတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လူ့အခွင့်အရေးတွေကို သူတို့က သီချင်းအဖြစ် ရေးသားခဲ့ထုတ်ဖေါ်ခဲ့ကြပါတယ်။ လူငယ်များရဲ့ ပဲ့တင်သံဂီတပွဲတော်ကို ရှားတောမြို့၊ ကယားပိုင်ရပ်ကွက်၊ နှစ်ခြင်းခန်းမဆောင်မှာ အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ “သူတို့ကိုယ်တိုင် သူတို့ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ ၊ လူ့အခွင့်အရေးကို သူတို့ ကိုယ်တိုင်ခံစားရနေပြီလား။ ထပ်ပြီးတော့ သူတို့ဖက်ကနေပြီးတော့မှ ပြည့်ပြည့်ဝဝခံစားရလားဆိုတဲ့ ပုံစံမျိုးတွေပေါ့နော့ တချို့တွေဆိုရင် သူတို့ ရဲ့ပေါက်ကွဲသံတွေပေါ့နော။ သံစဉ်တွေ၊ စာသားတွေ နဲ့ ပြန်ပြီးတော့မှ သီချင်းရေးတဲ့ အစီစဉ်လည်းရှိတယ်ပေါ့နော။ အဲဒါကြောင့်မလို့ ဒီဂီတပွဲတော်မှာဆိုရင် ဒီရေးထားတဲ့ သီချင်းတွေကို ပြန်ပြီးတော့မှ ဖျော်ဖြေမယ်ပေါ့နော။”ဟု လူငယ်များ၏ ပဲ့တင်သံဂီတပွဲတော် တာဝန်ခံ မူအဂ္ဂနက်စ်က ပြောပါတယ်။ ဒီလူငယ်များရဲ့ပဲ့တင်သံဂီတပွဲတော်မှာ […]

မူအက်စတာ ၂၀၂ဝ ရွေးကောက်ပွဲဝင်ပြိုင်ရန်   ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီတစ်ခုဖြစ်သော  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပါတီဝင်အင်အားများ စတင်စုဆောင်းနေကြောင်း သိရသည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)နှင့်  ကယားလူမျိုးစုဒီမိုကရေစီပါတီတို့က ပါတီ ၂ ခု ပူးပေါင်းပြီး  တည်ထောင်ထားသည့် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက ယခင်ကအဆိုပါပါတီ ၂ ခုမှ  လူဟောင်းများ အားလုံးပါဝင်နိုင်မည့် အနေအထားမရှိဘဲ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ရန် လုပ်ဆောင်နေပြီဟု အဆိုပါ ပါတီမှ ကယားပြည်နယ်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ “ဘယ်လိုလူတွေဝင်မလဲဆိုရင် ဖြစ်နိုင်ရင် ကျွန်တော်တို့အရည်အချင်းရှိတဲ့သူတွေကိုပဲ ကျွန်တော်တို့ ထပ်စိစစ်ပြီး ရွေးချယ်ဖို့ရှိပါတယ်။”ဟု ဦးသဲရယ်က ပြောသည်။ လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင်အင်အား […]