ကန္တာရဝတီတိုင်း(မ်) ကျေးရွာလူထုကိုယ်တိုင်ဖော်ထုတ်ထားတဲ့ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်တွေထဲမှာ သီးနှံဈေးကွက်ဖေါ်ဆောင်ပေးဖို့ အများဆုံး တောင်းဆိုထားကြပါတယ်။ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးမှု လုံးဝမရှိသေးတဲ့ အဆိုပြုချက်တွေထဲမှာ  သီးနှံဈေးကွက်ဖေါ်ဆောင်ပေးဖို့ တောင်းဆိုမှုက အများဆုံး ကျန်ရှိနေတာပါ။ ဒီအချက်အလက်တွေကို မေလ ၂၂ ရက်နေ့ ဒီးမော့ဆိုမြို့ စိန်ဂျိုးစက်ဘုရားကျောင်းခန်းမေဆာင်မှာ ကျင်းပတဲ့ လူထုဗဟိုပြုစီမံကိန်းကလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ သိရပါတယ်။ လာမည့် ဘတ်ဂျက်နှစ်တိုင်းနှစ်တိုင်းမှာ ထည့်သွင်းအကောင်အထည်ဖေါ်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ အစိုးရထံ တောင်းဆိုမှုတွေ ရှိလာပါပြီ။ ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေရဲ့ လူထုဗဟိုပြုစီမံကိန်း အဖွဲ့အစည်းဆီကို အဆိုပြုကဏ္ဍတွေထဲမှာ အကောင်အထည်မဖော်နိုင်တဲ့ ဒုတိယအဆိုတွေက စိုက်ပျိုးရေး ၊ မွေးမြူရေးပဲဖြစ်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေရှည်ဖော်ဆောင်နိုင်ဖို့ VDP (Village Development Plan) […]

ထျိုးမြာ လွိုင်ကော်မြို့နယ်၊ ဆောခီးဒေါရွာနားရှိ ဆည်မြောင်းမှ လယ်ကွင်းများသို့ ပေးဝေနေသော ဆည်မြောင်းလက်တံတွင်မြောင်းတွင် ရေမှော်များထူထပ်နေသဖြင့် ရေစီးအားနည်းကာ ရွာအောက်ပိုင်းရှိ လယ်များအတွက် ရေလုံလောက်စွာမရရှိသည်မှာ လဝက်လောက်ရှိပြီဖြစ်ကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။ အစောပိုင်းကတည်းက စတင်စိုက်ပျိုးနေသာ လယ်သမားများမှ ရေများကို သွယ်ယူသုံးစွဲမှုများနေသဖြင့် ရွာအောက်ပိုင်းရှိ လယ်များသို့ ရေမရောက်နိုင်တော့ကြောင်းလည်းြဖစ်သည်ဟု လွိုင်ကော်မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဦးစီးအရာရှိ (မြို့ပြ) ဦးခင်မောင်ထွေးက ပြောသည်။ “ကောက်စောစိုက်တဲ့သူတွေကို ကျွန်တော်တို့က မထိန်းနိုင်ဘူးဖြစ်နေတယ်။”ဟု ၎င်းက  ပြောသည်။ ဆည်မြောင်းဦးစီးဌာနမှ မြောင်းအတွင်း ပိတ်ဆို့နေသည့် မှော်များကို စက်ဖြင့် ရှင်းလင်းဖယ်ရှားနေပြီသဖြင့် ယခု  ရက်ပိုင်းအတွင်း အောက်ပိုင်းရှိ လယ်များပြန်လည်ရရှိနိုင်မည်ဖြစ်ေကြာင်း ၎င်းက ပြောသည်။ လယ်ကွင်းသို့ ပုံမှန်ပေးပို့နေသော  ဆော်ခ်ီးဒေါရွာမြောက်ဘက်ရှိ […]