စုစည်းရွာမြေနေရာသစ် ထပ်မံဖော်ဆောင်ပေးရန် ဖောလော်ဒေသခံများလိုလား

ကန္တာရဝတီတိုင်းမ် ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စု၊ ဖောလော်ကျေးရွာတွင် အိမ်ခြေငါးဆယ်ခန့် ထပ်မံဝင်ရောက်မည့်အပေါ် ကျေးရွာနယ်မြေကျဉ်းသည့်အတွက် အခြားနေရာ သွားရောက်ဆောက်လုပ်ရန် ဖောလော်ကျေးရွာဒေသခံများက လိုလားနေကြသည်။ ̏ ကျွန်မတို့ ဖောလော်ရွာက အိမ်ခြေငါးဆယ်ရှိတယ်ပေါ့နော၊ ဒီနေရာက နေရာအရမ်းကျဉ်းပါတယ်၊ အိမ်ခြေငါးဆယ် ရွှေ့ပြောင်းလာမယ်ဆို မဆံ့ဘူး။ ဟိုဘက်ခြမ်းမှာဆိုရင် ဖာဝယ်တွေနေမယ်လို့ ကြားတယ်၊ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အိမ်တွေကို ရွှေ့လာမယ်ဆိုလို့ရှိရင် အရမ်းပဲ ကျဉ်းတဲ့အတွက် လူကြီးမင်းတို့ ကျွန်မတို့ကို ကူညီပေးပါ။ ဟိုးဘက်မှာနေရာရှိတယ် အဲ့နေရာမှာ အိမ်တွေဆောက်လို့ရသလို ကျောင်းလည်းဆောက်လို့ရတယ်။ ကျန်ရှိနေတဲ့ အိမ်တွေဆောက်လုပ်ဖို့အတွက် နေရာကဟိုဘက်မှာ၊ ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ အိမ်တွေကော၊ ကျောင်းတွေကောဆောက်လုပ်နိုင်ဖို့ လူကြီးမင်းမှ ကူညီပေးပါ။˝ ဟု ကျေးရွာဥက္ကဌကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၆ရက်နေ့ […]

ဒုက္ခသည်အကျိုး ကာကွယ်ပေးသည့် ဥပဒေရှိသင့်

ခူးဖရဲရယ် ဒုက္ခသည်များနေရပ်ပြန်လည်နေထိုင်မည့်သူများအတွက် ဒုက္ခသည်အကျိုးကာကွယ်ပေးသည့် ဥပဒေရှိသင့်သည်ဟု ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောသည်။ “ဒုက္ခသည်ပြန်လာဖို့ဆိုတာ ဥပဒေသတ်မှတ်ချက်တွေကဘယ်လိုရှိလဲ၊ သူတို့အခွင့်အရေးကာကွယ်ပေးဖို့၊ သူတို့ပြန်လာတဲ့အခါမှာနေရေးထိုင်ရေးစားရေးသောက်ရေးကအစ အဲဒီအချက်အလက်တွေလိုမယ်။” ဟု ဦးအောင်ကျော်စိုးက ပြောသည်။  ရှားတောမြို့နယ် မဲဆန္ဒနယ်သည် ဒုက္ခသည်အများဆုံးပြောင်းရွှေ့ခံခဲ့ကြရသည့်နယ်မြေဖြစ်သည်။ ဒုက္ခသည်ပြန်လည်နေရာချထားရေးသည် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အတွက် ပါတီ၏မူဝါဒစည်းမျဉ်းစည်းကမ်းအရ လွှတ်တော်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို မေးချင်သော်လည်း မေးခွင့် မရှိသေးကြောင်း ဦးအောင်ကျော်စိုးက ဆက်ပြောသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် အစိုးရတို့ ပြည်နယ်အဆင့်ပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ်တွင်းမှာလည်း ဒုက္ခသည်ပြန်လည်နေရာချထားရေး ကိစ္စများဆောင်းရွက်ရန် ပါရှိထားပါသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည်များသည် တတိယနိုင်ငံသို့ သွားရောက်အခြေချသည့် အစီစဉ်တွင် ယခင်နှစ်မှ တရားဝင်ပိတ်လိုက်ပြီ ဖြစ်ပြီး ၎င်းလုပ်ငန်းထဲမှ ကျန်ရှိနေသေးသည့် လျှေက်ထားဆဲဖြစ်သည့်သူများအတွက်သာ […]

သမ္မတကြီးကယားပြည်နယ်သို့လာသည့်ခရီးစဉ် ပြည်သူလူထုများ၏ အခက်အခဲများ တင်ပြခွင့်မရ

ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ကယားပြည်နယ်သို့လာရောက်သည့်ခရီးစဉ်တွင် ပြည်သူလူထုများ၏ အခက်အခဲများ တင်ပြခွင့်မရခဲ့ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါသည်။ ယနေ့ ကယားပြည်နယ် ပြည်နယ်ခန်းမတွင် သမ္မတတွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနှင့် တွေ့ဆုံပြီး ဝန်ကြီးချူပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချူပ် တို့မှ ၎င်းတို့၏ လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရကြသည်။ သမ္မတနှင့်တွေ့ဆုံပွဲ အခန်းအနားတက်ရောက်ခဲ့သည့် ဒေါက်တာခင်စည်သူက “Dialogue ကိုယ်ကမပါတာပါ။ အစီအစဉ်ထဲမှာကိုက ကိုယ်စားလှယ်တွေကော လူထုတွေကော အစီအစဉ်မပါမှတော့ ဘာမှတင်ပြခွင့်မရလိုက်ပါဘူး။ ဘာတွေတင်ပြမယ်ဆိုတာတော့ ခေါင်းထဲမှာ စီစဉ်ထားတာတော့ အများကြီးပေါ့။” ဟု ပြောသည်။ တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ […]