ဒုက္ခသည်များအရေး
ဒုက္ခသည်များအရေး
စစ်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ရှားတောမြို့နယ်ထဲက ဒေသခံတွေရဲ့ ငြိမ်းချမ်းရေးအမြင်
မော်ဦးမြာ
ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ ကျေးရွာကို မပြန်နိုင်နိုင်ကြသေးပါဘူး။ တချို့အနည်းအကျဉ်းကတော့ တောင်ယာတွေ ပြန်ခုတ်စားတဲ့သူ ရှိပါတယ်။ အရင်ကဆိုရင် ရှာတောမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့ပါတယ်။
အခုဆိုရင်တော့...
ဒုက္ခသည်များအရေး
ဒုက္ခသည်အမျိုးသမီး ဘဝလုံခြုံရေး ဥပဒေပေါ်ပေါက်ဖို့လို
အန်ထောနီ
ဒုက္ခသည်ပြန်လည်နေရာချထားရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုရှိရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေရရှိဖို့လိုသလို ဥပဒေတွေလည်း အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုပါတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ဗဟိုကော်မတီဝင် မူရင်းအားပိုင်က ပြောပါတယ်။
“အမျိုးသမီးရူ့ထောင့်ကနေကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဘဝလံှုခြုံမူ့ အထူးသဖြင့် ဒုက္ခသည်ပြန် လည်နေရာချထားရေး ကိစ္စတွေမှာ အစိုးရအနေနဲ့ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါတယ်။ မငြိမ်းချမ်း တဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း မငြိမ်းချမ်းတဲ့ဒဏ်တွေ ခံစားနေရတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အထူးသဖြင့် ဒုက္ခသည်တွေကို အမြနဆုံးပြန်လည်နေရာချထားရေးနှင့် အမြန်ဆုံး...
ကျန်းမာရေး
ကရင်နီဒုက္ခသည်စခန်းတွင် ကလေးငယ်များ အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ခံနေရ
ဖရဲ့ရယ်
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိအဖြစ်များဆုံး ရောဂါသည် အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး အများအားဖြင့် ၁၀ နှစ်အောက်ကလေးငယ်များ ကူးစက်ခံနေရတာဖြစ်သည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနမှ သိရသည်။
“ဘာဖြစ်လို့ အဲဒီရောဂါဟာ ပိုဖြစ်ပွားများသလဲဆိုတော့ ကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ် တစ်ဦးနဲ့ တစ်ဦး ကူးစက်မူက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာဟင်နာရီက ပြောသည်။
ရာသီဥတုပြောင်းလဲမူကြောင့် အသက်ရှူလမ်းကြောင်းရောဂါသည် နှစ်စဉ်...
ဆောင်းပါး
“ဘဝ အာမခံချက် ပျောက်ဆုံးနေသူများ”
မော်ဦးမြာ ရေးသားသည်။
ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့ ခြေတိုင်ရှည် အိမ်ငယ်လေးမှာ အမျိုးသားနဲ့အတူ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပါတယ်။ နေရပ်ကို ပြန်ရောက်တာ မကြာသေးတာ ဖြစ်တဲ့အတွက် အိမ်ထဲမှာတော့ ပစ္စည်းတွေက တခြားအိမ်တွေလောက်တော့ သိပ်မများလှ။ နေ့စဉ် မျှသုံးလို့ရနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလောက်သာ ရှိသေးတယ်။
သူမကတော့...
ဆောင်းပါး
“ အမေ့လျော့ခံ ဘဝက လွတ်ချင်ပြီ ”
မော်ဦးမြာ
အခုလိုအချိန်ဆိုရင် ရှားတောမြို့နယ်၊ ဖရေစိုးလေးဒေသက ဒေသခံတွေက တောင်ယာ ပေါင်းရှင်းရမဲ့ အချိန်ကို ရောက်လာပါပြီ။
လွိုင်ကော်ကနေ ရှားတောကို သွားတဲ့ လမ်းဘေး ဝဲ၊ယာ တလျှောက်မှာ တောင်ယာခင်းတွေ ရှိနေပြီး အခင်းတိုင်းမှာ စပါးပင်၊ပြောင်းဖူးပင်၊ နှမ်းပင် ပေါက်စလေးတွေကို တောင်စောင်းလေးပေါ်မှာ ထိုင်တလှည့်၊ထတလှည့် ရှင်းနေကြပါတယ်။
ပေါင်းရှင်းသူ အများစုကတော့ အမျိုးသမီးတွေပါ။ တချို့သော အမျိုးသမီးတွေမှာ ကလေးငယ်လေးတွေကို ကျောပိုးပြီး နေပူမရှောင်၊ မိုးရွာ မရှောင်ပဲ...
ဒုက္ခသည်များအရေး
ဒုက္ခသည်များအတွက် အချက်၅ချက်ကို ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ အရေးတကြီးတောင်းဆို
မီမြာ၊ ဦးမြာ
ဩဂုတ်လ၁၉ရက်တွင်ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့တွင် ပူပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ ဒုက္ခသည်များအတွက် အရေးတကြီးအချက်၅ချက်တောင်းဆိုလိုက်ပါသည်။
ထိုအချက်၅ချက်မှာ တစ်နိုင်ငံလုံးစစ်ပွဲရပ်စဲပေးရန်၊ စစ်ရှောင်ပြည်သူများ မိမိနေရပ်ပြန်ပြည်သူများ၏ အခွင့်အရေးအားကာကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများရရှိအောင် ဆောင်ရွက်ပေးရန်၊ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့များ တိုးမြှင့်ပေးအပ်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးများကို ကာကွယ်ရန် ဖြစ်သည်။
ထိုအချက်များတောင်းဆိုရသည်မှာ စစ်ပွဲများကြောင့် ထိခိုက်နစ်နာလျက်ရှိသော ပြည်သူများနှင့် ဖိအားအမျိုးမျိုးကြောင့် နေရပ်ပြန်ခြင်း သို့မဟုတ် ပြန်လည်နေရာချထားခြင်းခံရသော သူများနှင့် ဆပ်လျင်း၍...