မော်ဦးမြာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်ခူအုပ်စုအတွင်းတွင် ကလေးများ ကျောင်းတက်နိုင်ရန် အလယ်တန်းကျောင်းတစ်ကျောင်း တိုးမြင့်ချထားစေလိုကြောင်း ဒေသခံများက လိုလားနေကြပါသည်။ ̏ ဒီဖရူဆို မြို့နယ် တော်ခူအုပ်စုတစ်စုလုံးက အလယ်တန်းကျောင်းတစ်ကျောင်းမှ မရှိသေးဘူး။ အခုလောလောဆယ်တော့ ပလဲလယ်ကျောင်းမှာ မူလွန်ကျောင်း( ၅တန်းအထိ) ဒီနှစ်မှပဲရတယ်။ တကယ်လို့ မူလွန်ကျောင်းရမယ်ဆိုရင် တခြားရွာတွေလည်းလာနေဖို့ရှိမယ်။ ၆ရွာလောက် ကျောင်းလာတက်နိုင်မယ် ˝ဟု ပလဲလယ်ကျေးရွာ ဒေသခံ ဦးမိုးဇက်က ပြောသည်။ ပလဲလယ်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်သည့် ကျေးရွာဖြစ်သည်။ မြေသားလမ်းသာ ဖောက်လုပ်ထားသေးသည့်အတွက် မိုးတွင်းကာလတွင် သွားလာရခက်ခဲနေသေးကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာပေါင်း ၁၁ ရွာရှိနေသော်လည်း ယနေ့အချိန်ထိ အလယ်တန်းကျောင်းတစ်ကျောင်းမျှ မရှိသေးသည့်အတွက် အထူးလိုအပ်နေကြောင်း ၎င်းက […]

ကန္တာရဝတီတိုင်းမ် ပြည်နယ်အစိုးရကနေ ခွင့်ပြုငွေတွေ အချိန်မှီမသုံးစွဲနိုင်တဲ့အတွက် ပြန်အပ်နှံနေရတာတွေ ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းချိုးဖောက်တာတွေ ရှိတယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တိုက်ရိုက်ထုတ်လွှင့်မှုတဆင့်ကနေ သိရပါတယ်။ ပထမနေ့မှာပဲ ကယားပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းက ကယားပြည်နယ် ၂၀၁၇-၂၀၁၈ ခုနှစ် ပြည်နယ် ရံပုံငွေအရ ဌာနဆိုင်ရာသီးသီးက ရသုံးဆိုင်ရာစာရင်းနှင့် ပတ်သက်ပြီးတော့ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်မှာ တင်ပြသွားပါတယ်။ အစီရင်ခံစာမှာ အစိုးရရဲ့ ငွေကြေးစီမံခန့်ခွဲမှု အားနည်းတာတွေ၊ လုပ်ငန်းစီမံကိန်းမစမီ ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင် တွက်ဆထားဖို့ အသုံးစရိတ်တွေကို စိစစ်သုံးစွဲဖို့ သတိပေးသွားပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယနေ့မှာ လွှတ်တော်ကိုယ်စားလှယ် အသီးသီးက […]

နော်ဒွေးအယ်ခူ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် လွိုင်ကော်မြို့ရှိအကျဉ်းထောင်မှ လွှတ်မြောက်လာသည့် အကျဉ်းသား စုစုပေါင်း ၁၇ရဦး ရှိကြောင်း လွိုင်ကော်အကျဉ်းဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့်ဧပြီလ ၁ရရက်နေ့ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အမျိုးသား၈၃ဦးနှင့် အမျိုးသမီး ၁ဝဦးလွှတ်မြောက်ခဲ့သည်။ ဒုတိယအကြိမ် လွှတ်ငြိမ်းခွင့်အမိန့် ဧပြီလ ၂၆ရက်နေ့တွင်မူ အမျိုးသား ၆ရဦး နှင့် အမျိုးသမီး ၁ရ ဦး တို့ လွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အမှုတော့ အစုံပဲ။ မူးယစ်ဆေးဝါးအမှုပါတယ်၊ တပ်မတော်အက်ပါတယ်၊ ရဲစည်းကမ်းအက် ပါတယ်” ဟုအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသား၊ […]