spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆိုင်ရာ ကဏ္ဍများတွင် အမျိုးသမီးများ၏ အကြံပြုချက်ကို အလေးထားရန်လို

Author

Date

Category

နော်ဒွေးအယ်ခူ

ကရင်နီပြည် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒအကြံပြုချက် စာအုပ်မိတ်ဆက်ပွဲမှတဆင့် ကရင်နီပြည် ကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းများက ငြိမ်းချမ်းရှေးနှင့်နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် အမျိုးသမီးများ၏ အကြံပြုချက်ကို အလေးထားရန်လိုကြောင်း ပြောဆိုလိုက်သည်။

“ကျမတို့အရပ်ဖက်အဖွဲ့အစည်းပဲမဟုတ်ဘဲနဲ့ ကရင်နီပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအားလုံးကနေပြီး အကြံပြုထားတဲ့ မူဝါဒအကြံပြုချက်ဖြစ်တယ်ဆိုတဲ့ဟာကို မက်ဆေ့ပေးချင်တာဖြစ်တယ်။ ကျမတို့အမျိုးသမီးတွေ လိုအပ်နေတဲ့လိုအပ်ချက်တွေက ဘာတွေလဲ ဘယ်လိုမူဝါဒတွေချမှတ်ခိုင်းစေချင်တာလဲဆိုတာကို အားလုံးသိအောင်မိတ်ဆက်ရခြင်းဖြစ်တယ်” ဟု Women For Womens’s Foundation(WWF) မှ ဒါရိုက်တာ မိုရိုစီကျော်က ဆိုသည်။

ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)၊ အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း(WWF) တို့၏ဆောင်ရွက်မှုနှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အောက်တိုဘာလ ၂ရက်နေ့၊ Gold Hotel မှာ ပြုလုပ်ခဲ့သည့် ကရင်နီပြည် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာမူဝါဒအကြံပြုချက် စာအုပ်မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့သည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများ ပါဝင်မှုအား အလေးထားထည့်သွင်းရန်၊ အမျိုးသမီးထုတစ်ခုလုံး၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များအတွက် အာမခံချက်ရှိသည့် မူဝါဒများ ဥပဒေ နည်းဥပဒေများ ချမှတ်နိုင်ရန်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုလျော့ကျစေရန်၊ ရေရှည်တည့်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် အမျိုးသမီးများ၏ ကာယညဏ်န စွမ်းအားများ အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စာအုပ်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့အမြင် အမျိုးသမီးအမြင်ရှုထောင့်တွေ အမျိုးသမီးတွေကနေ ဘယ်လိုမူဝါဒတွေချမှတ်သင့်လဲ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်သင့်လဲဆိုတဲ့ဟာကို ဖော်ပြချင်တဲ့အတွက် ထည့်သွင်းစဉ်းစားစေချင်တဲ့အတွက် အမျိုးသမီးရှုထောင့်အနေနဲ့ ကရင်နီပြည်နယ်မှာရှိတဲ့ အမျိုးသမီးအားလုံးအနေနဲ့ ဒါကိုလုပ်ထားခြင်းဖြစ်တယ်” ဟု မိုရိုစီကျော်က ဆက်ပြောသည်။

အဆိုပါ စာအုပ်တွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် လက်ရှိနိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး အခန်းကဏ္ဍဆိုင်ရာ မူဝါဒအကြံပြုချက် နှင့် ကြားကာလတွင်ထားရှိရမည့် အခြေခံမူများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးတွင် ထားရှိရမည့် အခြေခံမူများနှင့်အထွေထွေအကြံပြုချက်များ စသည့်အပိုင်း ၂ ပိုင်းဖြင့် ရေးထားသည်။

နိုင်ငံရေးဆိုင်ရာအခြေခံမူများ၊ လူမှုရေးဆိုင်ရာ အခြေခံမူများ၊ လုံခြုံရေးရာ အခြေခံမူများ၊ စီးပွားရေးဆိုင်ရာ အခြေခံမူများ၊ မြေယာနှင့်သဘာဝသယံဇာတဆိုင်ရာ အခြေခံမူများ၊ ကြားကာလတွင် ထားရှိရမည့်အခြေခံမူများ၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးတွင် ထားရှိရမည့် အခြေခံမူများ စသည့်ခေါင်းစဉ်များ မူဝါဒအကြံပြုချက်စာအုပ်တွင် ပါဝင်သည်။

“ကျတော်တို့ု ပင်လုံအထိသယ်သွားနို်င်တဲ့အဆင့်ထိဖြစ်မယ်လို့ ကျတော်ယုံကြည်တယ်။ အဲ့ဒါကြောင့်ဒီစာအုပ်လေးကို အခုချိန်မှာအသေးမစိတ်နိုင်သေးပေမယ့် တစ်ချိန်မှာအသေးစိတ်နိုင်အောင် ထပ်မံဖြည့်စွက်သွားရင် ကျတော့်အနေနဲ့အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်” ဟု လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးဆော်ရယ်က အကြံပြုထားသည်။

နိုင်ငံရေးဆွေးနွေးပွဲသော်လည်းကောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း အမျိုးသမီးများအနေဖြင့် မဖြစ်မနေပါဝင်နိုင်မှသာ အမျိုးသမီးအသံ ၎င်းဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသမီးအစည်းမှ မော်ဖရေမြာက ဆိုသည်။

၎င်းက “အမျိုးသမီးတွေက စိတ်ပိုင်း ရုပ်ပိုင်း သူမလုံခြံုဘူးလို့ ခံစားပြီဆိုကတည်းက မငြိမ်းချမ်းဘူးလို့ အမျိုးသမီးတွေခံယူကြတာရှိတယ်။ ဒါကြောင့်မလို့ နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေနွေးတဲ့နေရာမှာပဲဖြစ်ဖြစ် မဖြစ်မနေ ကျမတို့အမျိုးသမီးတွေပါရမယ်။ ဒီလိုခံနေရတာကလည်း ကျမတို့အမျိုးသမီးကိုယ်တိုင်ပဲသိတယ် မူဝါဒရေးဆွဲတဲ့နေရာမှာလည်း ကျမတို့အမျိုးသမီးတွေကိုယ်တိုင်ပါမှ ကိုယ်တိုင်ပြောနိုင်မှလည်း ဒီအသံတွေပါသွားမယ်ပေါ့” ဟု ပြောသည်။

အဆိုပါ မူဝါဒထွက်ရှိလာအောင် ပြည်နယ်အတွင်းရှိ မြို့နယ် ရ မြို့အပါအဝင် ကရင်ပြည်နယ်သံတောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ရှိ ဒေသခံအမျိုးသမီးများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အမျိုးသမီးအသင်းအဖွဲ့များမှ သဘောထား အကြံပြုချက်များဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။

spot_img
spot_img

Recent posts