spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

“လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ အတတ်ပညာရဖို့အတွက် အသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် လွှတ်တော်ထဲမှာ အဆိုတွေတင်ဖို့လည်းရှိတယ်။ ရဲဝံ့ပြတ်သားစွာ တောင်းဆိုမှာပါ”

Author

Date

Category


လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ပြင်ဆင်ထားမှုတွေ၊နိုင်ငံရေးအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးမိုက်ကယ်ဘိုးရယ်အား အခုလို တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။

ခူးမိုက်ကယ်ဘိုးရယ်က ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ခူးမိုက်ကယ်ဘိုးရယ်

မေး။ ။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖြစ်တာလဲ။

ဖြေ။ ။ ဘာလို့အရွေးခံဖြစ်တာလဲဆိုတော့ ကျတော်တို့ရှားတောမြို့နယ်မှာ အရင်ကလုပ်ခဲ့တဲ့ ကိုယ်စားလှယ်အများစုက ဒေသခံတွေမဟုတ်ဘူး။ ဒေသခံတွေမဟုတ်တော့ ဒေသခံတွေအပေါ်မှာထားရှိတဲ့ စိတ်စေတနာတွေ အားနည်းမှုရှိတယ်။ ပြီးတော့သူတို့လုပ်ငန်းတွေကလည်း ဒေသခံလူထုအတွက် အသုံးဝင်မှုအားနည်းတယ်။ အဲဒါကိုအားမရဘူးလေ။ ကျတော်က ဒေသခံလူငယ်တစ်ယောက်လည်းဖြစ်တယ်။ ပါတီကလည်း အဆင်ပြေတယ်ဆိုတော့ အဲဒီထက်သာအောင် ပါတီအင်အားနဲ့လုပ်သွားဖို့အတွက် ဝင်ရောက်အရွေးခံခြင်းဖြစ်တယ်။

မေး။ ။ လူငယ်ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ လက်ရှိကြုံနေရတဲ့စိန်ခေါ်မှုတွေကဘာလဲ။

ဖြေ။ ။ စိန်ခေါ်ချက်ကတော့ လူငယ်ဖြစ်တော့ အတွေ့အကြုံနုသေးတယ်။ နောက်တစ်ခုက ခေတ်စနစ်က လူ ကြီးတွေက လူငယ်တွေကိုနေရာပေးတာ အားနည်းတာတွေရှိတယ်။ ပြီးတော့မှ ရှားတောမြို့နယ်ကလည်း တော် တော်လေးခက်ခဲတဲ့မြို့နယ်ထဲပါတော့ အဲဒါတွေကို လွှတ်တော်ထဲကနေလုပ်ဖို့ အခက်အခဲတော့နည်းနည်းရှိနိုင်ပါ တယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို လူထုအတွက်လုပ်ပေးဖို့အရာတွေကိုတော့ အကောင်းဆုံးလုပ်ဆောင် သွားမှာပါ။

မေး။ ။ ခက်ခဲတဲ့ဒေသကနေ ဝင်အရွေးခံတာဆိုတော့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေအတွက် တန်းတူရေးလုပ်ဆောင်သွားမယ်။ ငြိမ်းချမ်းရေးတွေ အဓိကလုပ်ဆောင်သွားမယ့်အပိုင်းတွေရှိတယ်။စောနကပြောတဲ့ ဒေသဖွံ့ဖြိုးရေးလည်း လူထု အသံနဲ့ လူထုလိုအပ်ချက်နဲ့ ထပ်တူကျမယ့်အရာတွေကို ကျွန်တော်တို့လုပ်ဆောင်သွားမယ်။လူထုတွေကတော့ ငြိမ်းချမ်းရေးကိုအလိုချင်ဆုံးပဲ။ ပြင်ဆင်ထားတာက ကိုယ့်တစ်ယောက်အနေနဲ့လုပ်ထားလည်းရှိတယ်။ ပါတီတွေ နဲ့လုပ်တာလည်းရှိတယ်ဆိုတော့။ တစ်ဦးတစ်ယောက်အနေနဲ့ကတော့ ဒေသအခြေအနေတွေ စိတ်နေစိတ်ထားခံ စားချက်တွေ လိုက်ကောက်တယ်။ ဒေသကျေးရွာတွေရဲ့ အခက်အခဲတွေ အဲဒါတွေနဲ့ပတ်သက်ပြီးတော့မှ လုပ် ထားတာတွေလည်းရှိပါတယ်။

မေး။ ။ ဒေသဖွံ့ဖြိုးရေးအပိုင်းမှာ ဘယ်ကဏ္ဍကိုတိုးတက်စေချင်လဲ။ ဘာတွေလုပ်ဆောင်ပေးချင်လဲ။

ဖြေ။ ။ အဓိက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေမြင့်မားဖို့အတွက် လုပ်ဆောင်သွားဖို့ အဓိကရည်ရွယ်တယ်။ နောက်တစ်ခုက လူထုတွေရဲ့ပညာရေး ကျန်းမာရေး ပြီးတော့ အစိုးရလုပ်ငန်းတွေနဲ့ပတ်သက် တဲ့ဟာတွေအားလုံး အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ရုပ်ပိုင်းဆိုင်ရာကတော့ လမ်းတံတားတွေ တိုးတက်ဖို့။ စိတ်ပိုင်းဆိုင်ရာက လူထုတွေရဲ့ အသိပညာဗဟုသုတကို ပိုပြီးတော့ နိုင်ငံရေးကိုသိဖို့ ကိုယ့်ရဲ့ရိုးရာဓလေ့၊ အမျိုး သားအရေး၊ မြို့နယ်အရေး၊ ကျေးရွာအရေးတွေကို ပိုသိအောင်လုပ်ဖို့ ရည်မှန်းထားတယ်။

မေး။ ။ လူငယ်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ဖူးတဲ့ လုပ်ရှားမှုတွေရှိလား။

ဖြေ။ ။ လူမှုရေးဆက်စပ်တာတွေ နိုင်ငံရေးဆက်စပ်တာတွေ လုပ်ခဲ့တာအများကြီးရှိတယ်။ ကျတော်ကလည်း လူငယ်တစ်ယောက်ဆိုတော့ အရင်ကလည်း ဖရေစိုးလေးလူငယ်မှာ ဗဟိုကော်မတီဝင်တစ်ယောက်လည်းဖြစ်တယ်။ လူမှုဒေသဖွံ့ဖြိုးရေးတာဝန်ခံတဲ့အပိုင်းမှာ လုပ်တယ် မြို့နယ်လူငယ်အရေး လုပ်ရှားတာတွေရှိတယ်။ အထင်ရှားဆုံးကတော့ ၂၀၁၈ အစောပိုင်းမှာ အစိုးရနဲ့ပြည်သူလူထုကိစ္စဖြစ်တဲ့ ရှားတောမြို့နယ် ကေ့ထျိုးဘိုးကွင်းမြေနေရာကိစ္စမှာ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့တာရှိပါတယ်။

မေး။ ။ ကိုယ်တိုင်က လူငယ်တစ်ယောက်ဖြစ်သလို ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့အတွက် ကိုယ့်ဒေသကလူငယ်တွေအတွက် ဘယ်လိုကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမလဲ။

ဖြေ။ ။ လူငယ်တွေနဲ့ဆက်စပ်တဲ့ ကဏ္ဍတွေ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ အတတ်ပညာရဖို့အတွက် အသက်မွေးဝမ်းကြောင်း ကိစ္စတွေအတွက် လွှတ်တော်ထဲမှာ အဆိုတွေတင်ဖို့လည်းရှိတယ်။ ရဲဝံ့ပြတ်သားစွာ တောင်းဆိုမှာပါ။ လူငယ်နဲ့ဆက်စပ်တဲ့ ကဏ္ဍတွေမှာ အထောက်အကူပြုသွားမယ်။ ပြီးတော့မှ လူငယ်တွေဆက်စပ်တဲ့ ဦးဆောင်၊ ဦးရွက်မှုကဏ္ဍတွေကို ကိုယ်တိုင်မြင့်တင်ပေးမယ်။ ပြီးတော့မှ ကိုယ်ကလည်း လူငယ်တစ်ယောက်အနေနဲ့ဖြစ်တော့ ပါတီကိုလည်း အသက်အရွက်ကို အဓိကမဟုတ်ပဲနဲ့ ကျွန်တော်တို့ လုပ်ကိုင်နိုင်စွမ်းတွေ ပြီးတော့မှ ဒေသရဲ့အချက်လက်တွေနဲ့ ကျနော်တို့ အဓိကလုပ်ကိုင်နိုင်စွမ်းတွေနဲ့ ပါတီကို အထောက်အကူအများ ကြီးဖြစ်စေမှာပါ။

မေး။ ။ ဒေသခံပြည်သူတွေက ဘာကြောင့် ဒေသခံကိုယ်စားလှယ်လောင်းကို မဲပေးသင့်လား။ ဘာကြောင့် မဲပေးသင့်တာလဲ။

ဖြေ။ ။ ဘာကြောင့်မဲပေးသင့်လဲဆိုရင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်ဆိုရင် ဒေသခံလူငယ်ဖြစ်တယ်။ ဒေသတွေရဲ့ မြို့နယ်အကြောင်းကို ကျနော် အတွင်းကျကျသိတယ်လေနော်။ စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ သူတို့ရဲ့ စားဝတ်နေရေးကိစ္စရပ်တွေကို ကျနော်တိတိကျကျ ပိုသိတယ်လေ။ ဆိုတော့ပိုမဲပေးသင့်တယ်။ အဲ့လိုထင်တယ်။

မေး။ ။ အခုရွေးကောက်ပွဲမှာ အဓိကပြိုင်ဖက်ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းက ဘယ်သူဖြစ်မလဲ။

ဖြေ။ ။ အဓိကတော့ ကြံခိုင်ရေးက ပြည်နယ်လွှတ်တော်အမှတ် (၁) မှာ ယှဉ်ပြိုင်မယ့် ဦးဌေးရယ်ကို အဓိက ယှဉ်ပြိုင်ရသွားမယ်လို့ မြင်တယ်ပေါ့။ အခြားတော့ ဦးတီရယ်ပေါ့ NLD က လက်ရှိဝန်ကြီး။

မေး။ ။ နိုင်ငံရေးခံယူချက်က ဘာလဲ။

ဖြေ။ ။ နိုင်ငံရေးခံယူချက်ကတော့ ကျနော်တို့ စိတ်ရင်းခံစေတနာနဲ့ဒေသခံတွေရဲ့အကြောင်းကိုလည်း သိတယ်။ ပြီးတော့မှ ဒေသအခြေအနေလဲ သိတယ်ဆိုတော့ စိတ်ရင်းခံအနေနဲ့ လူထုတွေကို စေတနာထားပြီး လူထုအသံနဲ့ထပ်တူကျတဲ့ အလုပ်တွေကို ကျွန်တော်တို့လုပ်သွားမယ်။ ကျွန်တော်တို့ဒီအပြောတွေထက်လေ ကျနော်တို့ လက်တွေ့လုပ်ငန်းနဲ့သက်သေပြသွားမာပါ။

မေး။ ။ ရွေးကောက်ပွဲမှာအနိုင်မရခဲ့ရင် ဘာဆက်လုပ်မလဲ။

ဖြေ။ ။ ကျွန်တော် နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ လူထုကြားကနေ ကျနော်တို့က အမြဲတမ်းရှင်သန်သွားပြီးတော့မှ ထွန်းလင်းပေးမှာပါ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးကဏ္ဍပဲဖြစ်ဖြစ်၊ ပါတီနိုင်ငံရေးကိစ္စပဲဖြစ်ဖြစ် လူထုတွေရဲ့ လိုအပ်ချက်ပဲဖြစ်ဖြစ် အမြဲတမ်းလုပ်ကိုင်ဆောင်ရွက်သွားမှာပါ။

မေး။ ။ ဘာတွေထပ်ပြီး ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ လူထုကို ကျွန်တော်ကယုံကြည်တယ်လေနော်။ ကျွန်တော်တို့ ရှားတောမြို့ လူထုတွေအနေနဲ့ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်တွေနဲ့ အရည်အချင်းရှိမယ် ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအဆက်ဆက်မှာ ကျွန်တော်တို့ကို နည်းနည်းအထင်သေးတဲ့အပိုင်းတွေ၊ လူထုကိုအထင်သေးတဲ့အပိုင်းတွေကို ကျွန်တော်တို့ အကောင်းဆုံး လူထုနဲ့အတူလက်တွဲရင်ဆိုင်သွားဖို့ ရှိပါတယ်။

spot_img
spot_img

Recent posts