spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeမာလ်တီမီဒီယာမော်ချီးဒေသအန္တရာယ်ဇုန်မှာနေတဲ့သူတွေ အာဏာပိုင်တွင် ပြောင်းရွှေ့ခိုင်း

မော်ချီးဒေသအန္တရာယ်ဇုန်မှာနေတဲ့သူတွေ အာဏာပိုင်တွင် ပြောင်းရွှေ့ခိုင်း

-

မော်ချီးဒေသ အန္တရာယ်ဇုန်ထဲမှာရှိနေတဲ့ ၁၃ကုန်း ခေါ် ယူကော်ခိုကျေးရွာရှိ နေအိမ် တချို့ကို အပြီးရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပေမယ့်လည်း မြေပြင်မှာ နေထိုင်သူတွေက ခေတ္တသာ ရှောင်ရှားနေတာဖြစ်ပြီး အပြီးပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး ဆန္ဒမရှိကြပါဘူး။

လက်ရှိအခြေအနေရမှာတော့ အန္တရာယ်ဇုန်ဖြစ်နေတဲ့အတွက် ဒေသခံတွေက မိုးတွင်းကာလမှာဆိုရင်မနေကြပဲ တခြား ဆွေးမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပြီး ပွင့်လင်းရာသီရောက်ရင် အဲဒီမှာပြန်လာနေပြီး ခဲလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

အာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းတာမဟုတ်ပဲ အန္တရာယ်ကျရောက်မှာစိုးလို့ ရှောင်ခိုင်းတာပဲဖြစ်တယ်လို့ သူက ယူဆထားပါတယ်။

ဒီနေရာကိုပြောင်းရွှေ့ခိုင်းပြီး လုပ်ငန်းတွေ တိုးချဲ့ဖို့ အစီအစဉ်မရှိဘူးလို့ မော်ချီးခဲသတ္တုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ရဲထွဋ်ကျော်ကုမ္မဏီက မန်နေဂျင်းဒါရိုက်တာ ရဲထွဋ်တင်က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ