ကိုဗစ်ကာလာအတွင်းမှာ ကားဂိတ်တွေမှာ အလုပ်လုပ်နေတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ လုပ်သားတွေရဲ့ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းပေးဖို့အတွက် တတိယအကြိမ် ဆန်၊ ဆီ ထပ်မံ ထောက်ပံ့ပေးပါတယ်။ ၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ လုပ်သားတွေကို ကုန်ကျငွေ စုစုပေါင်း ၁၀၇ သိန်းနဲ့ ဆန်၊ ဆီတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ တစ်ဦးစီကို ဆန် ၁၂ ပြည်နဲ့ ဆီတစ်ပိဿာ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Copyright © 2026 All Rights Reserved by Kantarawaddy Times






