spot_img
14.1 C
Loikaw
Sunday 8, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာမော်ချီးဒေသ အန္တရာယ်ဇုန်မှာနေထိုင်တဲ့သူတွေ အပြီးပြောင်းရွှေ့ဖို့ မလိုလား

မော်ချီးဒေသ အန္တရာယ်ဇုန်မှာနေထိုင်တဲ့သူတွေ အပြီးပြောင်းရွှေ့ဖို့ မလိုလား

-

မော်ချီးဒေသ အန္တရာယ်ဇုန်ထဲမှာရှိနေတဲ့ ၁၃ ကုန်း ခေါ် ယူကော်ခိုကျေးရွာရှိ နေအိမ်တချို့ကို အပြီးရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပေမဲ့လည်း မြေပြင်မှာ နေထိုင်သူတွေက ခေတ္တသာ ရှောင်ရှားနေတာဖြစ်ပြီး အပြီးပြောင်းရွှေ့ဖို့ မဖြစ်နိုင်ဘူး၊ ဆန္ဒမရှိကြပါဘူး။ အိမ်ရွှေ့ပြောင်းဖို့အတွက် တိကျတဲ့နေရာအသစ်ကို အစိုးရက သတ်မှတ်ထားခြင်းမရှိသေးပေမဲ့ ဒေသခံတွေအနေနဲ့ ခဲလုပ်ကွက်နဲ့ဝေးကွာသွားမှာကို စိုးရိမ်နေကြတာပါ။ ဒါ့အပြင် အခုလိုရွေ့ပြောင်းဖြစ်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ ကုမ္ပဏီတွေအနေနဲ့ အဲဒီနေရာကို ခဲသတ္တုလုပ်ငန်းတွေ လုပ်ကိုင်သွားမှာကိုလည်း ဒေသခံတွေ ထင်မြင်စိုးရိမ်နေကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ