spot_img
21 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကျန်းမာရေးကယားပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးထပ်တိုး၊ စုစုပေါင်း ၉ဦးရှိလာ

ကယားပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးထပ်တိုး၊ စုစုပေါင်း ၉ဦးရှိလာ

-

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ အထက(ခွဲ)ကျောင်ဝန်းရှိ ယာယီကုန်တင်ယာဥ် ရပ်နားစခန်းမှ ယာဥ်နောက်နောက် တစ်ဦးတွင် COVID 19(Positive)တွေ့ရှိခဲ့တယ်လို့ ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အတည်ပြုပြောပါတယ်။

“ကားစပယ်ယာတစ်ယောက်ပါ ဝါရီကောခူကျောင်းထဲမှာ ကားသမားတွေစစ်ဆေးတဲ့နေရာမှာတွေ့တာပါ။ ကားသမားတွေ ၁၅၂ယောက်ရှိတယ် ပိုးတွေ့တစ်ယောက်ပါ”လို့ ဒေါက်တာကပြောပါတယ်။

ပိုးတွေ့တဲ့အမျိုးသားမှာ အသက် ၃၂ နှစ်အရွယ်ရှိပြီး မန္တလေးကုန်တင်ယာဥ်မှ ကယားကိုပြန်ရောက်ကာ ယာယီကုန်တင်ယာဥ်ရပ်နားစခန်းမှာ RDT Test Kit ဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ယာဥ်နောက်နောက်အမျိုးသားမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ကိုဗစ်သီးသန့်ကုသရေးအခန်းမှာ စောင့်ကြည့်ကုသပေးနေပြီလို့ ဒေါက်တာကပြောပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ်၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၉ဦးထိရှိလာပြီး ပထမဆုံးပိုးတွေ့လူနာတစ်ဦးမှာ ရောဂါပျောက်ကင်းပြီဖြစ်တဲ့အတွက် ဆေးရုံဆင်းခွင့်ခဲ့ရပြီး ကျန်တဲ့ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ