spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွှေ့

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝှါရီကောခူကျေးရွာအတွင်းရှိ အထကခွဲ ကျောင်းဝန်းထဲက ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆို တာကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းလိုက်တယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။

“အဓိကကတော့ဗျား။ ကျနော်တို့ အဲ့ဘက်ကရွာ ပီကင်းကောခူနဲ့ ဝှါရီကောခူက ရွာသားတွေကလည်း ဒါကို အမြန်ရွှေ့ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ရွှေ့ပေးပါ့မယ်လို့ ကျနော်တို့လည်း ကတိပေးခဲ့တယ်။ ပေးခဲ့တဲ့အခါကျတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒါကို အမြန်ဆုံးရွှေ့ပါဆိုတာမျိုး ညွှန်ကြားတာဖြစ်တဲ့အတွက်၊ ရွာကလည်းပြောလာတာဖြစ်တဲ့အတွက် ကျနော်တို့ မြန်မြန်ရွှေ့ပေးတဲ့ သဘောပါ” လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ဝါှရီကောခူကျေးရွာအတွင်းက ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တချို့မှာ ကိုဗစ် အတည်ပြုလူနာတွေတွေ့ရှိခဲ့တာကြောင့် ဒေသခံတွေက အောက်တိုဘာလ ၂၈ ရက်နေ့မျာ စာထုတ်ပြန်ပြီး ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကျေးရွာအတွင်း နှစ်လခန့်ကြာထားရှိထားတဲ့ အဆိုပါယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ရွှေ့ပြောင်းပေးလိုက်တာဖြစ်ပါတယ်။

လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းလိုက်တဲ့ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ နှစ်ယောက်ခန်း ၂၄ ခန်းပြင်ဆင်ထားပြီး အိမ်သာ၊ ရေချိုးခန်းနဲ့ မီးအားသွင်းဖို့ အတွက်လည်း အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အခုလို နေရာအသစ်မှာ ရွှေ့ပြောင်းလိုက်တာကြောင့် အစားအသောက်အတွက် အဆင်မပြေဖြစ်မှာကို ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တချို့က စိုးရိမ်နေပါတယ်။

“ဒီမှာကျတော့ သိပ်အဆင်မပြေလောက်ဘူးထင်တာပဲ။ ဘာကြောင့်လဲဆိုတော့က စားရေးသောက်ရေးလည်း နည်းနည်းအခက်အခဲရောက်နေတယ်။ အခက်အခဲဖြစ်တာပေါ့။ ဟိုမှာကျတော့ ဈေးဝယ်တာတို့၊ ဘာတို့ ထွက်လို့ရတယ်။ မနက်ခင်း လက်ဖက်ရည်သောက်ချင်ရင်လည်း လက်ဖက်ရည်၊ ကော်ဖီသောက်ချင်ရင်လည်း ထွက်ဝယ်လို့ရတယ်”လို့ ယာဉ်နောက်လိုက် ဦးနိုင်မင်းထွေးက ပြောပါတယ်။

ဝှါရီကောခူကျေးရွာ အထကခွဲ ကျောင်းဝန်းကို ယာယီကုန်တင်ယာဉ်ရပ်နားစခန်းအဖြစ်အသုံးပြုခဲ့တာကြောင့် ပျက်စီးမှုတချို့ရှိခဲ့တဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့ ပြည်နယ်အစိုးရကို တင်ပြတောင်းဆိုထားတယ်လို့ ဝှါရီကောခူကျေးရွာ အုပ်ချုပ်ရေးမှူး စခွန်းလှငူက ပြောပါတယ်။

စာသင်ကျောင်းထဲက အားကစားကွင်းနှစ်ကွင်းကို ယာဉ်ရပ်နားဖို့အသုံးခဲ့တဲ့အတွက် ပျက်စီးသွားပြီး ကျောင်း ပတ်ဝန်းကျင်မှာလည်း အမှိုက်စွန့်ပစ်မှုတွေကြောင့် ညစ်ညှမ်းမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

၎င်းက “ဒီရွာသားတစ်ယောက်မှ ဘာမှမဖြစ်သေးဘူး။ ခုလိုမျိုးပဲကောင်းနေသေးတဲ့ အခြေအနေ အတိုင်းအတာမှာ ရှိနေသေးတဲ့အချိန်မှာ ပြောင်းပေးမယ်ဆိုတဲ့အခါကျတော့လည်း ကျနော်တို့က ဝမ်းသာတာ ပေါ့နော်။ ကျနော် ကျောင်းအုပ်ဆရာမကြီးကိုလည်း အကြောင်းကြားခဲ့ပြီးသားပါ။ ကျောင်းအုပ် ဆရာမကြီးလည်း လာမယ်။ ကျနော်တို့ လိုအပ်တဲ့ဟာကို ပြန်ပြီးတော့၊ ပြုပြင်စရာရှိတဲ့ဟာကို ကျနော်တို့ ပြန်တောင်းမယ်။ ပြန်ပြုပြင်ခိုင်းပါ့မယ်ဆိုတဲ့ဟာကို ပြောလိုက်တာပေါ့။” လို့ စခွန်းလှငူက ပြောပါတယ်။

ကယားပြည်တစ်ပြည်နယ်လုံးမှာ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ အထိ တွေ့ရှိထားပြီး ဆေးရုံဆင်းသူ ၁၇ ဦးနဲ့ လက်ရှိကူသမှု ခံယူနေသူ ၉ ဦး ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts