spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

NCA မထိုးနိုင်သေးပေမဲ့ ပြည်နယ်တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဟု KNPP ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးထားတာမရှိပေမယ့် ကယား(ကရင်နီ)ပြည်နယ်ရဲ့ တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ပြည်နယ်တည်ငြိမ်ရေးကတော့ KNPP အနေနဲ့ကတော့ တတ်နိုင်သလောက် ဒီနေ့အချိန်ထိ ထိန်းသိမ်းထား ပြီးသားဖြစ်တယ်။ ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့အစီအစဉ်လည်းရှိတယ်။ အရင်တုန်းကဆို ကျနော်တို့က အစိုးရနဲ့ လစဉ်အစည်းအဝေးရှိတယ်။ အခုကတော့ ကိုဗစ်ကာလဖြစ်လို့ မလုပ်နိုင်ဘူး။ ဒါမယ့် အရင်တုန်းကဆို လို့ရှိရင်လည်းပဲ တပ်နဲ့လည်း ကျနော်တို့ အလျဉ်းသင့်သလို တပ်, တပ်ချင်း၊ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ချင်း တွေ့ကြတာတွေ၊ ကျနော်တို့ ဆွေးနွေးပြီးတော့ ဒီပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခပြန်မဖြစ်အောင် ဝိုင်းပြီးတော့ ထိန်းကြတာတော့ရှိတယ်” လို့ ဦးရွှေမျိုးသန့်ကပြောပါတယ်။

KNPP ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးအသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ လက်ရှိ ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ မြေယာပြဿနာစတဲ့ တွေဟာ NCA မှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ မိမိတို့အဖို့ အဟန့်အတားဖြစ်တာကြောင့် ဒီအခြေအနေတွေကို ဖြေရှင်းလုပ်ဆောင်ဖို့လိုတယ်လို့ ဦးရွှေမျိုးသန့်က ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ အားလုံးပါဝင်နိုင်ဖို့ အတွက် အစိုးရနဲ့ တပ်မတော်ဘက်က အများကြီးလုပ်ဆောင်ဖို့လိုသေးတယ်လို့ ၎င်းက ဆိုပါတယ်။

ကယားပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က
“တကယ်တမ်းဒီရွေး ကောက်ပွဲအပြီးမှာကတော့ တပ်မတော်ဘက်ကနေပြီးတော့မှ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကို တရားဝင် တာဝန်ပေးမှုတွေရှိလာပြီးတော့ အဲ့ဒီအဖွဲ့ကနေပြီးတော့မှ KNPP ကို ဖိတ်ကြားတွေ့ဆုံမှုတွေရှိလာတဲ့အတွက် ကြောင့်မို့လို့ကို ဒီလက်ရှိ NCA လက်မှတ်မထိုးထားသော်ငြားလည်း ၂၀၁၂ ကနေစပြီးတော့မှ ၂၀၁၃ အထိ ရေး ထိုးထားခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုစာချုပ် ပြည်နယ်အဆင့် တစ်ကြိမ်၊ ပြည်ထောင်စုအဆင့် ၃ ကြိမ်အပေါ် မှာကို နှစ်ဖက်ရဲ့ လေးစားလိုက်နာမူကြောင့်မို့လို့ ကျနော်တို့ ပြည်နယ်မှာကတော့ ထိတွေ့မှုကြီးကြီးမားမား တွေမရှိပဲနဲ့ တည်ငြိမ်မှုတစ်ခုကိုတော့ ဆက်ပြီးမှ ထိန်းထားနိုင်တဲ့ အခြေအနေဖြစ်တယ်”လို့ သုံးသပ်ပြောဆိုပါ တယ်။

၂၀၂၁ မှာ တက်လာမယ့် အစိုးရသစ်လက်ထက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်အပေါ် အာမခံနိုင်တဲ့ နိုင်ငံရေး ပြေလည်မှုတွေအပြင်၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ညှိနှိုင်းပြေလည်မှု နဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်း ဖြစ်လာရင် KNPP အနေနဲ့ NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ အလားအလာရှိတယ်လို့ဆို ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဟာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်တွေမှာ နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

spot_img
spot_img

Recent posts