spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို ဆန့်ကျင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီကို ရရှိဖို့ ကြိုးပမ်းကြဖို့ ကယောအမျိုးသားနေ့မှာပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၅၃) ကြိမ်မြောက် ကယောအမျိုးသားနေ့ကို ဖရူဆိုမြို့နယ်အတွင်းက ဆင်ဖြူတောင်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ကယောအမျိုးသား ဗဟိုကော်မတီနဲ့ ကယောလူငယ်အစည်းအရုံးက စစ်ကောင်စီကို ဆန့်ကျင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီကို အတွက် ကြိုးပမ်းကြဖို့ ကို သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းထားပါတယ်။

ကယော လူမျိုးတစ်ဦးကလည်း ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ ပတ်သက်ပြီးတော့ အားတက်သရောပါဝင်သွားမည်ဖြစ်ကြောင်း ပြောပါတယ်။

” အမတစ်ယောက်အနေနဲ့ကတော့ ကယောအမျိုးသားဗဟိုကော်မတီကို ကိုယ်စားပြုပြီးတော့မှ အလုပ်လုပ်ခြင်းတော့ မရှိပေမယ့် ကယောအမျိုးသားတစ်ဦးအနေနဲ့ကတော့ ပေါ့နော ဒါကတော့ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်လည်း ဖြစ်တယ်။ ကယောအမျိုးသား ဗဟိုကော်မတီရဲ့ ထုတ်ပြန်ကြေညာချက် တွေ သဝဏ်လွှာတွေကလည်း ကိုယ့်ရဲ့ ရပ်တည်ချက်နဲ့ ကိုယ် တစ်ထပ်တည်း ကျတဲ့အတွက် ဒီဟာအတွက်ကို ဒီဇိုင်းမတ်မတ် ကဏ္ဍာပေါင်းစုံရှိလိမ့်မယ် အုပ်ချုပ်ရေး၊ စစ်ရေး၊ လူထု စည်းရုံးရေးကစနေပြီးတော့မှ အဲ့ထဲမှာလည်း တတ်နိုင်သလောက် အားထည့်ပြီးတော့မှ ပါဝင်သွားမယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ “

(၅၃) ကြိမ်မြောက် ကယောအမျိုးသားနေ့

သဝဏ်လွှာတွေမှာ မိမိ၏ သမိုင်း၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှု တွေကို ထိန်းသိမ်းမြင့်တင်ဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကယောအမျိုးသားထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကယောအမျိုးသားနေ့ကို ဖရူဆို ဆင်ဖြူတောင်မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကျဉ်းချုံးကျင်းပခဲ့ပါတယ်။

spot_img
spot_img

Recent posts