spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖမ်းဆည်းခံရတဲ့သူများ အားလုံးပြန်မလွှတ်သေး

Author

Date

Category

ကယားပြည်နယ်အတွင်း စစ်ကောင်စီတွေကနေ အမျိုးသမီးနဲ့ ၊ လူငယ်တွေ ဖမ်းဆီးထားတ့ဲသူတွေထဲက ကလေးတချို့ကိုတော့ ပြန်လွှတ်လိုက်ပြီဆိုပေမယ့် အမျိုးသမီးတွေနဲ့ လူငယ် ၈၀ ကျော်ယခုချိန်ထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ စွဲဆိုထားတာဟာ အမျိုးသမီးအခွင့်အရေးတွေကို ချိုးဖောက်နေနေတာတွေရှိတဲ့အတွက် ရှုတ်ချကြောင်း ၊ အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံးဥက္ကဌ မမီးမီးက ပြောပါတယ်။

” အမျိုးသမီးအခွင့်အရေးတွေလုံးဝထိပါးနှောက်ယှက်ခြင်းမရှိပဲ ပြန်လွှတ်ပေးဖို့ ကျနော်တို့အနေနဲ့ လိုလားတယ်ပေါ့နော။ သူတို့တွေကလည်း အဲ့လိုမျိုး စစ်ဆေးမေးမြန်တဲ့အခါမှာပေါ့နော။ ဒါပြန်လာတဲ့သူတွေရဲ့ပြောပြချက်အရပေါ့။ အရမ်းကြောက်သွားအောင် ဒီအကြောက်တရားတွေက စိတ်ဒဏ်ရာရသွားအောင်။ သူတို့တွေက လုပ်တာလေ အဲ့လိုလုပ်တော့ သူတို့ ရှေ့ဆက်ရမယ့် အနာဂတ်မှာ ကြောက်စိတ်တွေနဲ့ ကိုယ့်ကိုကိုမလုံခြုံတော့ပဲနဲ့ ကြောက်စိတ်တွေနဲ့ ကိုယ့်ကိုကို မလုံခြုံတော့ပဲနဲ့ တွေ့နဲ့လူတိုင်းကို ဒါဘယ်လိုမျိုးတွေလုပ်မလားဆိုတဲ့စိတ်တွေ ဝင်သွားပြီးတော့မှ ကလေးတွေက ကလေးတွေပဲဖြစ်စေ အမျိုးသမီးတွေဖြစ်စေ နောက်လာမယ့် အနာဂတ်တွေမှာ ကြောက်စိတ်တွေနဲ့ ရှင်သန်ရမှာပေါ့နော။ အဲ့လောက်အထိ သူတို့တွေက အခွင့်အရေးတွေချိုးဖောက်ပြီးတော့ စစ်ဆေးမေးပြီး နှိပ်စက်တာမျိုးတွေ အကုန်လုံး သတင်းတွေမှာလည်းတွေနေရတယ်ပေါ့နော။ အနာဂတ်မှာတော့ သူတို့စိတ်ဒဏ်ရာရပြီးတော့ ကြောက်စိတ်တွေနဲ့ မလုံမခြုံနဲ့ရှင်သန်ရမှာပေါ့နော။”

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ညနေပိုင်းက လွိုင်ကော်မြို့ နာနတ်တော သပိတ်စစ်ကြောင်းဖြိုခွဲချိန် စစ်ကောင်စီဘက်ကသူတွေက အိမ်တွေထဲထိ ကလေးနဲ့ပမမျိုးသမီး ၁၄ ဦးဖမ်းသွားတာ​​​ဖြစ်ပါတယ်။

​နောက်နေ့မှာ အသက်မပြည့်သေးတဲ့သူတွေနဲ့ အမျိုးသမီးအမျိုးသား စုစုပေါင်း ၈ ဦးကိုပြန်လွှတ်ပေးပြီး ကျန် အမျိုးသမီး ၆ဦးကိုတော့ စစ်ကောင်စီက ပုဒ်မ ၅၀၅ ( က ) နဲ့တရားစွဲထားတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၆ဦးကို အမြန်ဆုံးပြန်လွှတ်မြောက်ဖို့ကိုလည်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ကပြောပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးချိန်းမှာ စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကို မေလ၂၆ရက်နေ့ သတ်မှတ်ပြီး လွိုင်ကော်အကျဉ်းထောင်မှာထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ အသက်၄၈နှစ်အရွယ် ရှိသူ အမျိုးသမီးတစ်ဦးရဲ့ သမီးဖြစ်သူက မိခင်နဲ့တွေ့ခွင့်မရတဲ့အတွက် စိတ်ပူနေကြောင်းပြောပါတယ်။

“ဒီလိုမျိုးအမျိုးသမီးတွေကို တကယ်တမ်းအမျိုးသမီးအခွင့်အရေးနဲ့ဆိုလို့ရှိရင် အမျိုးသမီးတွေကို ရိုက်နက်တာတွေလည်းမဖြစ်စေချင်ဘူး။ အခုကြားတာလေ ဟုတ်လားတော့မသိဘူး။ စစ်မေးတဲ့အခါမှာ နှိပ်စက်တာတွေရှိတယ်လို့ ကြားသလိုဖြစ်နေလို့။ ဒါပေမယ့် လူတော့မတွေ့ရသေးလို့ စိတ်ပူနေတာရှင့်။ အမျိုးသမီးဆိုတော့လေ အတတ်နိုင်ဆုံးတော့ သက်ညာရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးအခွင့်အရေးတွေတော့ရှိနေသေးတယ်လေနော့။ “

စစ်အာဏာရှင်စနစ်ကို အလိုမရှိကြလို့ နေစဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြသတွေကို အင်အားသုံးဖြိုခွဲ ပြီးဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေ ထောင်ချတာတွေရှိသလို ၊ ဧပြီလ ၃၀ရက်နေ့ ဖရူဆိုမြို့အဝင်ဂိတ် မွာ စွမ်းရည်မြှင့်သင်တန်းကပြန်လာတဲ့လူငယ် ၇၄ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

အခုလို စွမ်းရည်မြင့်သင်တန်းကို တက်ရောက်ပြီး ပြန်လာတဲ့လူငယ်တွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့လည်း နယ်မြေတည်ငြိမ်းရေးအရ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း KSCC ပြောခွင့်ရသူက အခုလို ပြောပါတယ်။

“သူတို့က ကျနော်တို့ကိုစွပ်စွဲတာပေါ့။ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင်လုပ်တယ်တို့ဘာတို့ညာတို့ပေါ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်အောင်လုပ်တယ်လို့ ပြောတာပေါ့။ ဒါပေမယ့်ဒါကကျနော်တို့ရှင်းရှင်းလင်းလင်းပဲ ဒါက ကျနော်တို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျနော်တို့ ဒါလူငယ်မှာရှိသိရှိထိုက်တဲ့ စွမ်းရည်ကိုကျနော်တို့ မြင့်တင်ပေးတဲ့သင်တန်းပဲဖြစ်တယ်။ ဆယ်ရက်ကျော်လောက်ပဲရှိတယ်။ ဆယ်ရက်ကျော်လောက်နဲ့တော့ တိုက်ခိုက်ရေးသမားဖြစ်မသွားဘူး။ စစ်ရေးအမြင်အရ သူတို့အားလုံးလည်းဒါကိုသိပြီးသားဖြစ်တယ်။ ဆိုတော့ ဒါကိုကျနော်တို့က နယ်မြေတည်ငြိမ်ရေးကို ရှေးရှုပြီးတော့မှ သူတို့ကိုပြန်လွှတ်ပေးဖို့ ကျနော်တို့ပြောထားတာရှိတယ်။”

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၅ရက်အတွင်းဖမ်းဆီးခံရသူ တနိုင်ငံလုံး ၃၉၈၉ ဦး ရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၉၂ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ မေလ ၁၅ရက်နေ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

spot_img
spot_img

Recent posts