Homeသတင်းလွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အနီးတစ်ဝိုက်မှာ ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့ သေနတ်သံ အဆက်မပြတ် ကြားနေရ

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အနီးတစ်ဝိုက်မှာ ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့ သေနတ်သံ အဆက်မပြတ် ကြားနေရ

-

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဒီညပိုင်းမှစ လက်ရှိ ၉နာရီအထိ ပြင်းထန်တဲ့ပေါက်ကွဲသံ အဆက်မပြတ် ဖြစ်ပွားနေသလို အချက်ပေါင်းများစွာ ပစ်ခတ်နေပါတယ်။

” အခု ၈နာရီ ၄၄မိနစ်မှာ တလုံးကျတယ် အိမ်နဲ့နီးတယ် ပစ်သံကလည်း အချက် ၂၀လောက်ရှိမယ် ကားသံတွေကောကြားနေရတယ်။ ဆက်တိုက် ပစ်နေတာ အချက် ၅၀ထက်မနည်းတော့ဘူး။ GTC အနီးတစ်ဝိုက်မှာ ပိုဆိုးတယ်” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်က ကားတွေနဲ့ လှည့်ပတ် ပစ်ခတ်နေတာ နေအိမ်ပါ တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ သိရပါတယ်။

လက်နက်ကြီးအချက်များစွာ ရမ်းသမ်းပစ်ခတ်နေသလို လက်နက်ငယ်တွေနဲ့လည်း ခြောက်လှန့်ပစ်ခတ်နေတာကြောင့် ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။

ဒီကနေ့ မေလ ၂၃ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီတပ်က တင့်ကား အမြောက်ကားတွေသုံးနေပြီး စစ်သုံး ရဟတ်ယာဥ်တွေနဲ့ လှည့်ပတ် သွားလာနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ