spot_img
19.4 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား

ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား

-

ကန္တာရဝတီတိုင်း (မ်)

ဇွန်လ ၆ရက်နေ့ နံနက် ၆နာရီဝန်းကျင်က စပြီး ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုကြောင့် ရပ်ကွက်ရှိနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းမှာ ဒီးမော့ဆိုမြို့အပါအဝင်၊ မိုးဗြဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ