spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ကိုးဗစ်ရောဂါကြိုတင်ကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

Covid ကပ်ဘေးကြိုတင်ကာကွယ်ရေးအတွက် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဟိုဝမ်အထက်ရွာမှာ လူမျိုးစုအလိုက် မိမိရိုးရာနည်းဖြင့် ကြိုတင်ကာကွယ်ကြတယ်လို့ သိရပါတယ်။ ရိုးရာနည်းဖြင့် ကာကွယ်သလို ကျန်းမာရေးဦးစီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီလည်း ဆောင်ရွက်နေပြီး လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကျေးရွာလူထုတွေက ပြောပါတယ်။

” ကျနော်တို့က နှစ်ခုစလုံးအားသာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဓလေ့လည်းလုပ်မယ်။ နောက်ပြီး ထိရောက်တဲ့ကာကွယ်မှုတွေလည်း လိုတယ်ပေါ့။ mask တွေ လက်သန့်ဆေးရည်တွေ၊ ဆပ်ပြာတွေတော့ လိုအပ်နေသေးတယ်ပေါ့နော။”လို့ ကျေးရွာအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဟိုဝမ်အထက်ရွာက ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၇ ရက်နေ့မှာ ရိုးရာဓလေ့နည်းဖြင့် ကပ်ရောဂါ ကာကွယ်နည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆောင်ဒူလာ၊ ဝါဘန်းပလို ကျေးရွာတွေလည်း ပြုလုပ်ခဲ့ကြသလို ကျန်တဲ့ကျေးရွာတွေလည်း ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရိုးရာဓလေ့အရ ရွာအဝင်အထွက်လမ်းတွေမှာ သစ်သား၊ဝါး များဖြင့်ထွင်ထုထားတဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့ လူအရုပ်များကို ထားရှိပါတယ်။ ဒါ့အပြင် ပင့်ကူအိမ် ( ခေါ် ) ဝါးဖြင့် ရက်လုပ်ထားတဲ့ ဝါးထရံတွေကိုလည်း ရွာအဝင်အထွက်နဲ့ အိမ်ခြံရှေ့တွေမှာ ချိတ်ထားကြပါတယ်။

အခုလိုပြုလုပ်ရခြင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်၊ ရွာစောင့်နတ်အမျိုးမျိုးတို့ကို အားကိုးပြီး ကပ်ဘေးအမျိူးမျိုးမှ ကာကွယ်ပေးတယ်လို့ ဘိုးဘွားစဉ်ဆက်ကတည်းက ယုံကြည်စွာ ကျင့်သုံးခဲ့ကြတယ်လို့ ကျေးရွာလူထုတွေက ဆိုပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ covid တတိယလိုင်း လျင်မြန်စွာပျံနှံ့နေပြီး ကရင်နီပြည်တွင်းမှာတော့ ဇူလှိုင်လ ၁၈ ရက်နေ့အထိ covid ကူးစက်ခံရ သူဦးရေ ၁၈၁ ယောက်နဲ့ သေဆုံးသူ ၆ ဦး အထိ ရှိလာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရသူ ၂၉ ဦး ရှိတယ်လို့သိရပါတယ်။

ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
spot_img
spot_img