spot_img
16.1 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်နဲ့ဆိုင်များကို ဖျက်ဆီးပြီး ပစ္စည်းနဲ့ငွေများ ယူဆောင်သွား

-

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားရှိ နန်းဖဲကျေးရွာအတွင်း ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လူနေအိမ်တွေနဲ့ ဆိုင်တွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဆိုင်အတွင်းရှိ ပစ္စည်းနဲ့ ငွေတွေကို သိမ်းယူသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းမကြီးဘေးမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ လုံခြုံရာကို ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုအချို့ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃ရက်နေ့မှာ ကရင်နီတပ်မတော် (KA)၊ KNDFပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နန်းဖဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ကား ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ ၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုများအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ