spot_img
16.1 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံး ၂၀ဦးထက်မနည်းဒဏ်ရာရ

ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံး ၂၀ဦးထက်မနည်းဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တို့မှာ ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရကာ ကား ၃စီးမီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးနဲ့ ဖရူဆိုမြို့နယ် ထားလဲကျေးရွာ၊ မားခရာရှေ့ကျေးရွာတို့မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဘောလခဲမြို့နယ်အတွင်းရှိ နန်းဖဲကျေးရွာနေ ပြည်သူများကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများဖျက်စီးခြင်းနဲ့ ငွေသားများ လုယူခြင်း စတာတွေကို ကျူးလွန်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်တွင်းရှိ လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာ ထိုးစစ်ဆင်လျက်ရှိကာ တပ်အင်အားများ ဖြည့်တင်းလျက်ရှိတာကြောင့် KA ၊ KNDF ပူးပေါင်းတပ်မှ စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ လုံခြုံရေးသတိရှိကြပါရန် အသိပေးထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ