spot_img
23.2 C
Loikaw
Wednesday 15, October 2025
spot_img
Homeသတင်းစစ်ပြေးရှောင်ရာမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကလေးငယ်တစ်ဦး ဆုံးပါး

စစ်ပြေးရှောင်ရာမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကလေးငယ်တစ်ဦး ဆုံးပါး

-

ယာဉ်မတော်တဆမှုကြောင့် အသက်သေဆုံးသွားသော (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာ ၇ရက်နေ့ ည(၇)နာရီဝန်းကျင် ဒီးမော့ဆိုမြို့မှာ စစ်ပြေးရှောင်ရင်း ယာဉ်မတော်တဆမှုဖြစ်ပြီး အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ပေါ်ကူးကျေးရွာအဝင် လမ်းခွဲမှာ ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေးငယ်နှစ်ဦးထဲမှ တစ်ဦးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့ သူနှစ်ဦးရှိပြီး ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်အခဲဖြစ်နေတယ်လို့ KNDFပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

” accidentဖြစ်တာ ကားနဲ့ ဆိုင်ကယ်နဲ့ တစ်ယောက်က သေသွားပြီ ဒီမနက်ပဲ သင်္ဂြိုလ်လိုက်ပြီ။ နောက်ထပ် နှစ်ယောက်က အပြင်းအထန်ဒဏ်ရာရနေတယ်။ဆေးရုံကိုသွားဖို့ ဆေးခန်းကိုသွားဖို့ တော်တော့်ကို အဆင်မပြေတဲ့ အနေအထားမျိုး။ “

သေဆုံးသွားတဲ့ ကလေးမှာ ဒေါငံခါး(၂)ရပ်ကွက် တွင် နေထိုင်တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့က ပြည်သူတွေ တဖန် စစ်ရှောင်နေကြရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူ ၈၄ဦးရှိသွားပြီလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ