Monday, November 29, 2021

ဖယ်ခုံမြို့နယ်အတွင်း ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး ဒေသခံ တစ်သောင်းကျော်စစ်ဘေးရှောင်နေရ

ဓါတ်ပုံ – Loikaw PDF

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ၊ လွယ်ဝှဲကျေးရွာနဲ့ လတူးရွာသစ်ကျေးရွာ အနီးတစ်ဝိုက်မှာ ၇ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး ကျေးရွာ ၁၄ ရွာက ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” အဲ့ဒီမှာတော့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်။ ၇ရကမြှောကရြှိသှားပှီ။ ဒီနေ့ဆိုရင် တိုက်ပွဲဖြစ်တုန်းပဲ ဒီနေ့ကတော့လေ။ ဒါပေမယ့် တိုက်ပွဲအထိအခိုက်အကျအဆုံးတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူး။ ” လို့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တစ်ပတ်တာ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၃၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော် ( KA ) က တစ်ဦးကျဆုံးခဲ့ပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ လူနေအိမ်အများပြား ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDF Pekhon ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး လက်နက်၊ ခဲယမ်းလိုအပ်ချက် အများကြီးရှိနေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

” လိုအပ်ချက်တွေအများကြီးရှိတယ်။ လက်နက်ခဲယမ်းတွေလည်း မမျှတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော။ လက်နက်ကြီးတွေ ကျနော်တို့ အသုံးပြုတဲ့နေရာမှာ စစ်ကောင်စီထက် အများကြီးလျော့နေတာ တွေ့ရတယ်။ အဲ့တာကတော့ လိုအပ်ချက်ရှိတဲ့ဟာ လိုအပ်ချက်အရှိဆုံးဟာလို့ ပြောလို့ရတယ်။ ” လို့ တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်တွေဆက်လက်ပြုလုပ်လာရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဓါတ်ပုံ – Loikaw PDF

More from the blog

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅...

ဒီးမော့ဆို တစ်မြို့နယ်လုံး လျှပ်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံရတာ လနဲ့ချီကြာနေပြီဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းကို သွယ်တန်းလာတဲ့ ဓာတ်အားလိုင်း တမင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

CDM ဆရာဝန် နဲ့ သူနာပြုတွေက ယခင် ၅၀၅(က)ဖြင့် တရားစွဲခံရသူများမဟုတ်ဟုဆို

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းရှိ ဂရုဏာဆေးခန်းမှာ ပရဟိတ ဆေးကုပေးနေတဲ့ CDM ဆရာဝန် ၂ဦးနဲ့ သူနာပြု ၄ဦးက ယခင်က ၅၀၅ (က)ဖြင့် တရားစွဲဆိုခံ ထားရသူများမဟုတ်ကြောင်း ၎င်းဘုရားကျောင်းရှိ တာဝန်ရှိသူ...

ဂရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွှတ်မြောက်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ဦး ယမန်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရပြီး ဒီကနေ့ ည ၆နာရီကျော်မှာ...