spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်သူများရဲ့ စကားသံတချို့

Author

Date

Category

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲဝန်းကျင်အထိ ရှိလာပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းထွက်ပြေးနေကြရတာဖြစ်တဲ့အတွက် နေရာပျံ့ကျဲပြီး နေထိုင်ကြရာတာပါ။

စစ်ဘေးရှောင်စခန်းတွေကလည်း နေရာအတည်တကျ မရှိနိုင်သေးပါဘူး။ လက်ရှိမှာ သူတို့ ဘာတွေ အဓိက လိုအပ်နေသလဲ။ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါသလဲဆိုတာကို ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအချို့မှ စစ်ဘေးရှောင်ပြည်သူတချို့ကို ကန္တာရဝတီတိုင်း(မ်) က မေးမြန်းထားတာတွေနဲ့ ပတ်သက်ပြီး တင်ပြပေးလိုက်ပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်နေရာ တစ်နေရာ ဓာတ်ပုံ – CJ

ဟိုဝမ်အထက် စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်က အဆောက်အဦးပေါ့နော သူတို့ရဲ့ နေရာထိုင်ခင်းလုံခြုံဖို့အတွက်ပေါ့နော အမိုးအကာတွေလိုအပ်တယ် နောက်ပြီးတော့မှ စားဝတ်နေရေးအတွက်လည်း အစားအသောက်တွေ စားနပ်ရိက္ခာတွေ ပြီးတော့မှ အခုကဆောင်းရာသီလည်းရောက်ပြီဆိုတော့ ဟင်းသီးဟင်းရွက်တွေလည်းရှားလာပြီ ကုန်ခြောက်တွေလည်းလိုအပ်တယ်ပေါ့နော။ ဆောင်းတွင်းလည်းဝင်ပြီဆိုတော့ အေးတဲ့ရာသီလည်းရောက်ပြီဖြစ်တဲ့အတွက် အဓိကလိုအပ်တာက အနွေးထည်တွေ အဝတ်အစားတွေ စောင်တွေလိုအပ်တာပေါ့နော။ နောက်ပြီးတော ကျန်းမာရေးအတွက်ကျတော့ အဓိကအားဖြင့် အခြေခံဆေးဝါးတွေပေါ့နော အဓိကလိုအပ်တယ်။ ကျန်းမာရေးက ဝေးဝေးမှတခါပဲ ကျန်းမာရေးဌာနက ဆေးတွေလာပေးတယ်ပေါ့ လုံလောက်မှုမရှိဘူးပေါ့။ ဒီကြားထဲ ဖျားနာတဲ့သူရှိတယ်ဆိုရင် သွားဖို့ဆေးရုံဆေးခန်းကလည်း အဆင်မပြေ အဲ့ဒါကြောင့်မလို့ ဆေးဝါးလည်း ဖြစ်နိုင်လို့ရှိရင် စစ်ရှောင်စခန်းမှာ ဆေးဝါးတွေသုံးဖို့အတွက် အခြေခံဆေးတွေလိုအပ်တယ် အဲ့ဒါပေးပို့နိုင်ရင်တော့ အဆင်ပြေတာပေါ့နော။”

နန်းစံဖူးချောင်း စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“ဒီမှာက အဓိကလိုအပ်တာ အခြေခံစားသုံးကုန်ပေါ့ ဆန်၊ ဆီ၊ ဆားတွေပေါ့ ပြီးတော့ ဆေးဝါးတွေလိုပါတယ်။ ပြီးတော့ အထူးအရေးကြီးတာက ကလေးတွေအတွက် ပညာသင်ဖို့ စာအုပ်၊ ဘောပင်၊ ခဲတံတွေပေါ့ အဲ့ဒါတွေလိုအပ်ပါတယ်။”

ဒေါပေါ်ကူး စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“ အခုလောလောဆယ် စခန်းမှာအရေးကြီးဆုံးလိုအပ်တာကတော့ မိုးကာနဲ့ တစ်ခါတစ်လေ ရွာပြန်လို့မရဘူးဆို ထင်းတွေပေါ့ ဒီမှာက ထင်းတွေဆို အရမ်းလျှောက်မခုတ်ခိုင်းဘူးလေ။ သစ်ပင်တွေဆို အရမ်းလျှောက်မခုတ်ခိုင်းဘူး ထင်းအခက်အခဲ။ မိုးကာလည်းလိုအပ်တယ် အခုဆို ဟိုးမှာ ရေလှောင်ကန်လိုမျိုးပေါ့။ တချို့ဆို သယ်တော့သယ်ထားတယ်ပေါ့ ဒုက္ခသည်စခန်းအတွက်ဆို ဒေါပေါ်ကူးရွာက လူကြုံကနေ တဆင့်တင်ထားပေးတယ်။ ဒါပေမယ့်အခုထက်ထိ လာနေတာ နှစ်လဝန်းကျင်ထဲမှာ မိုးကာက နှစ်ထည်လောက်တော့ရပါတယ်။ နှစ်ထည်ခါကျတော့ ရေကန်က ၃ကန်ဖြစ်နေတော့ မလောက်သေးဘူးပေါ့ မလောက်မငှဖြစ်နေတော့ အခုလောလောဆယ်။ ဒါက ကိုယ်ထူကိုယ်ထပဲလုပ်ထားတယ်။”

ကုန်းသားစစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“ ကျမတို့ဒီမှာရောက်ရောက်ချင်းပြဿနာက မိသားစုကတည်းက ဖူလုံမှုမရှိတော့ ရိက္ခာပြန်ယူဖို့က ကျမတို့မှာအခက်အခဲရှိတယ်။ ပြီးတော့ ဒီမှာနေတဲ့အချိန်လည်း အေးရင်အေးသလို နေရတယ် ပူရင်ပူသလိုနေရတယ်ပေါ့နော ကျမတို့က။ စားဝတ်နေရေးအပိုင်းမှာလည်းအခက်အခဲရှိတယ် ကလေးကျန်းမာရေးကျတော့လည်း ပြေးကုရတာ သွားလာရတာလည်း အခက်အခဲရှိတယ်ပေါ့နော။ ရွာနဲ့အလှမ်းဝေးတဲ့ စစ်ဘေးရှောင်မှာနေရတဲ့အခါကျတော့ စားဝတ်နေရေးပဲ ဖြစ်ဖြစ် နေထိုင်ရာမှာပဲဖြစ်ဖြစ် ကလေးကျန်းမာရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ကလေးရဲ့ပညာရေးမှာလည်း ကျမတို့ အများကြီး အခက်အခဲတွေ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်ပေါ့နော။”

ဆော်ပထန် စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“စစ်ဘေးရှောင်လိုအပ်ချက်ကတော့ အများကြီးပေါ့နော။ အဓိက လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာတော့လိုမယ်။ ပြီးတော့ မိုးကာလေးတွေ တဲနေရေးတွေ လုံခြုံဖို့အတွက်ကတော့ မိုးကာလိုမယ် ဆေးဝါးတွေလိုမယ် အဲ့ဒါလေးတွေတော့ အဓိကပါပဲ။ ကျနော်တို့စစ်ရှောင်အတွက်ဆိုရင် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အခုရာသီတုပ်ကွေးကာလဆိုတော့ ကလေးတွေ ဖျားနာတာရှိတယ် အဲ့ဒါလေးတွေ ဖြေရှင်းဖို့အတွက်ဆိုရင် ဆေးဝါးတွေအရမ်း လိုအပ်နေတယ်ပေါ့နော ကျနော်တို့စစ်ဘေးရှောင်အတွက်ပေါ့။”

spot_img
spot_img

Recent posts