spot_img
20.5 C
Loikaw
Friday 14, November 2025
spot_img
Homeသတင်းClick for freedom က ရတဲ့ အလှူငွေတွေကို ကရင်နီပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမည်

Click for freedom က ရတဲ့ အလှူငွေတွေကို ကရင်နီပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမည်

-

ကန္တာရဝတီတိုင်း(မ်)

Freelance Volunteer Myanmar Teamကနေ စတင်တည်ထောင်တဲ့ Click for freedom အစီအစဉ်မှာ ရတဲ့ အလှူငွေတွေကို ကရင်နီပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ Freelance Volunteer Myanmar Team ရဲ့ တည်ထောင်သူ ကိုအောင်ဇေယျ က ပြောပါတယ်။

“ အဓိက ကျနော်က ရတဲ့ အလှူငွေ ၈၀ရာခိုင်နှုန်းကို ကရင်နီပြည်နယ်တွင်းက ကာကွယ်ရေးအဖွဲ့ဆီကို သွားမယ် ကျန်တဲ့ ၂၀ရာခိုင်နှုန်းကို ကျနော်တို့ ဒီဘက်စစ်ရှောင်ပေါ့နော။ စစ်ရှောင်တောင်မှ အရမ်းဝေးလမ်းခေါင်ဖျားတဲ့ နေရာပေါ့။ အဲ့လို အလှူရှင်တွေ အရမ်း အရောက်အပေါက်နည်းတဲ့ နေရာတွေကို ကျနော်တို့ အဓိက သွားလှူမယ်ပေါ့နော။” လို့ပြောပါတယ်။

Click for freedom ဒီဇင်ဘာလ ၂၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ telegram link ကနေ Click ရတာရှိသလို Youtube ကနေ viewer ကနေ အလှူငွေရတာလည်း ရှိတယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာ Application ကနေ Click ရတဲ့အခြေအနေအထိ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ကိုအောင်ဇေယျက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ စစ်ဘေးရှောင်တွေ များပြားလာတဲ့ ကရင်နီပြည်နယ်မှာ အထောက်အပံ့တွေ များစွာ လိုအပ်နေတဲ့အတွက် တည်ထောင်လိုက်တာဖြစ်တယ်လို့ Freelance Volunteer Myanmar Team ရဲ့ Founder ကိုအောင်ဇေယျ က ပြောပါတယ်။

“ အရှေ့မှာလည်း Click to Donate တို့လို သတင်းတို့လို ကျနော်တို့ Click ခြင်းကနေရတဲ့ အလှူငွေအဖွဲ့တွေရှိပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်ပံ့နေရတဲ့အချိန်မှာ ဒီကရင်နီကို ပြန်ထောက်ပံ့ဖို့ အချိန်ကာလ ပြန်ယူရတဲ့အချိန်မှာ ကရင်နီတကယ်လိုအပ်တဲ့အချိန်မှာ သူတို့မပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရမှာစိုးလို့ ကျနော်တို့ ကရင်နီအတွက်ကို ရည်ရွယ်ပြီးတော့ Cilck forfreedom အမည်နဲ့ ကျနော်တို့ တည်ထောင်လိုက်တာပေါ့။”

Click နည်းတွေနဲ့ ပတ်သက်ပြီး KNDF တပ်ရင်းတစ်ချို့တွေမှာ ပညာပေးတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ အခေါက်တစ်ထောင် Click ရင် အလှူငွေ ၃ဒေါ်လာရရှိပြီး အသုံးပြုတဲ့ VPN တွေပေါ် မူတည်ပြီး လူတစ်ယောက်ကနေ ၅မိနစ်တစ်ခါ Click နိုင်သလို ၁၅မိနစ်တစ်ခါလည်း ဖြစ်နိုင်ပါတယ်။

https://www.facebook.com/100612369163818/posts/100655609159494/?d=n

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ