spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်နယ်တွင်းက စစ်ဘေးရှောင်တွေအတွက် NUG က ထိုင်းဘတ်ငွေ ၃သိန်းထောက်ပံ့

ကရင်နီပြည်နယ်တွင်းက စစ်ဘေးရှောင်တွေအတွက် NUG က ထိုင်းဘတ်ငွေ ၃သိန်းထောက်ပံ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်တွင်းက စစ်ဘေးရှောင်တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG ) ကနေပြီး ထိုင်းဘတ်ငွေ ၃သိန်း (မြန်မာငွေ ၁၅၀သိန်း ခန့်)ကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ကနေတစ်ဆင့် ထောက်ပံ့ပေးနေတာတွေ ရှိတယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ အထဲဘက်(ကရင်နီပြည်တွင်း) ကတော့ ဘတ်ငွေသုံးသိန်းပေါ့နော။ (သိန်း ၁၅၀ကျပ် ခန့်) ဘတ်ငွေ ၃သိန်းနဲ့ ညီမျှတဲ့ ငွေတွေတော့ ပို့လာတာတော့ ရှိပါတယ်လို့ ဒါက KSCC အနေနဲ့ပေါ့နော။”လို့ အောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင် တစ်သိန်းခုနှစ်သောင်း အထိ ရှိနေပြီး စစ်ရှောင်တွေအတွက် နေ့စဉ်ဆန် အိတ်တစ်ထောင်ကျော်လိုအပ်တယ်လို့ သူကဆက်ပြောပါတယ်။

မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်လာတဲ့လွိုင်ကော်မြို့နယ်မှာတော့ လူဦးရေ ၃ပုံနှစ်ပုံလောက်က မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရပါတယ်။

စစ်ရှောင်တွေအနေနဲ့ ကိုယ်လွှတ်ရုန်းပြေးရပြီး လုံလောက်တဲ့ ရိက္ခာတွေ ပါမသွားတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ခံ တစ်ဦးက ပြောပါတယ်။

“ လူထုတွေအတွက်တော့ အရမ်းခက်ခဲတဲ့အချိန်မှာ ဘာမှမပါလာအဲ့လိုမျိုးပေါ့နော။ ပိုက်ဆံလည်း မပါလာ။ ကိုယ်လွှတ်ရုံပဲ ပြေးပြီးတော့ အဲ့လို စစ်ရှောင်ကနေ ရထားတဲ့ ထောက်ပံ့ကြေး နည်းနည်းပါးပါးနဲ့ အဲ့တာနဲ့ ဘဲ စားရတဲ့ ဘဝအခြေအနေမျိုးရှိတယ်။ “ လို့ PKPF တာဝန်ခံ တစ်ဦးက ပြောပါတယ်။

လက်ရှိကရင်နီပြည်တွင်း စစ်ရှောင်တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကနေ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC )၊ Coordination Team for Emergency Relief (CTER)၊ ကယား(ကရင်နီ)ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီပံ့ပိုးမှုတွေ ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Photo – NUG

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အရေးပေါ် အသုံးအဆောင်ပစ္စည်တွေနဲ့ ငွေသားတွေလှူဒါန်းခဲ့တာရှိပြီး စုစုပေါင်း ငွေကျပ် သိန်း၅၀၀ကျော် ထောက်ပံ့မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ဘေးရှောင်တွေ များပြားလာတဲ့ ကရင်နီပြည်နယ်မှာတော့ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ