spot_img
Homeသတင်းကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံ ဘီယာကို ဖျက်ဆီးခဲ့

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံ ဘီယာကို ဖျက်ဆီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

KNDF B-09မှ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံ ဘီယာကို ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့( မတ်လ၃၀ရက်)နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Adman Goldဘီယာ၊ Red rubyဆေးလိပ်၊ Premium Goldဆေးလိပ်နဲ့ Mytel Simcardတို့ကို ယာဉ်တန်းပေါ်တင်ဆောင်ခြင်း ဖြန့်ချီရောင်းချခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ကုန်တွေကို Boycottလုပ်ကြရန်နဲ့ ထပ်မံတိုက်တွန်းထားပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ ယမန်နေ့ မတ်လ ၂၈ရက်နေ့မှာလည်း စစ်ကောင်စီထုတ်ကုန်တချို့ကို KNDFတပ်ရင်း ၁၀က ဖျက်ဆီးခဲ့တဲ့ ပုံရိပ်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ