spot_img
15.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ဈာပနာကို ကရင်နီပြည်မှ NUG ကိုယ်စားလှယ်များ တက်ရောက်

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ဈာပနာကို ကရင်နီပြည်မှ NUG ကိုယ်စားလှယ်များ တက်ရောက်

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တည်ထောင်သူ ဥက္ကဌဟောင်း၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ကရင်နီပြည်နယ်မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီကနေ့ မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ တက်ရောက်ကြပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်မဟာမိတ်တပ်မတော် (MNDAA)ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့က မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် ရှိပြီလို့ သိရပါတယ်။

ဈာပနာအခမ်းအနားကို မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်မှာ မတ်လ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မိုင်းလာမြို့မှာ ဂူသွင်းသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

အဆိုပါဈာပနာအခမ်းအနားကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အခြားသော မဟာမိတ်အဖွဲ့အစည်းတို့မှ ခေါင်းဆောင်ကြီးတွေ၊ ကိုးကန့် ပြည်သူများနဲ့အတူ လွမ်းသူပန်းခွေချပြီး တက်ရောက်ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ