spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းယနေ့နံနက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲPDF ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ သုံးဦးသေဆုံး

ယနေ့နံနက် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲPDF ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ သုံးဦးသေဆုံး

-

ကန္တာရဝတီတိုင်း( မ် )

ယနေ့ မေလ ၁၄ရက်နေ့ နံနက်အစောပိုင်းမှာ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီကို မိုးဗြဲ PDF ကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

နာရီဝက်ကြာ ပစ်ခတ်မှုရှိခဲ့ပြီး မိုးဗြဲ PDF ဘက်ကလည်း ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးကို MOBYE PDF Rescue Team-MPRT ကနေ စနစ်တကျ ကုသမှုပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ယမန်နေ့ မေလ ၁၃ရက်နေ့ နေ့လည်၁၂နာရီအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းကို ဒီးမော့ဆိုPDF ၊ဖရူဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆိုPDFက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဒီးမော့ဆိုမြို့ ဒေါငံခါးကျေးရွာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းတွေကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ၊ KRU နဲ့ ဒီးမော့ဆို PDF တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့ကြတယ်လို့ မေလ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ